၂၀၁၈ အတွင်း တရှိန်ထိုးအောင်မြင်လာတဲ့ တောင်ကိုရီးယားဒီဂျေမလေး DJ Siena

Electronic Dance Music (EDM) ကတော့ ယနေ့ခေတ်လူငယ်တွေကြားမှာ ရေပန်းစားလာတဲ့ ဂီတအမျိုးအစားတစ်ခုပါ။ ကမ္ဘာအရပ်ရပ်က EDM တီးတဲ့ DJ တွေထဲမှာလည်း အမျိုးသားရော အမျိုးသမီးတွေပါ ကျော်ကြားသူတွေ ရှိကြပါတယ်။ ဒီတစ်ခါမှာတော့ တက်ကြွတဲ့ သံစဉ်တွေကို ပုံဖော်သူတွေထဲကမှ တောင်ကိုရီးယားက ဒီဂျေ Siena အကြောင်းကို ဖော်ပြပေးချင်ပါတယ်။

Instagram

DJ Siena ကတော့ လက်ရှိ တောင်ကိုရီးယားမှာ နာမည်ကျော်နေတဲ့ အမျိုးသမီး ဒီဂျေတစ်ဦးပါ။ သူမရဲ့ နာမည်အရင်းကတော့ Park Si Hyun ဖြစ်ပါတယ်။ သူမ အဓိကတီးတဲ့ edm အမျိုးအစားတွေကတော့ Electro House, House နဲ့ Progressive House တို့ ဖြစ်ပါတယ်။ DJ Siena ကတော့ သူမရဲ့ အရည်အချင်းကြောင့်သာမက လှပတဲ့ ရုပ်ရည်သွင်ပြင်လေးကြောင့်ပါ အောင်မြင်မှုအရှိန် မြင့်တက်လျက်ရှိပါတယ်။

READ
ခြေလေးချောင်းအသား မစားဘူးဆိုတဲ့ ကျော်ထက်အောင်
Instagram

DJ Siena ဟာ DJ အလုပ်စမလုပ်ခင်တုန်းက လက်ဝှေ့ပွဲ မော်ဒယ်တစ်ဦးဖြစ်ခဲ့ပါတယ်။ Road FC နဲ့ One Championship တို့ရဲ့ brand ambassador တစ်ဦးအဖြစ် ကမ္ဘာတဝှမ်းလှည့်လည်ခဲ့ရာမှ ပိုမိုလူသိများလာခဲ့တာပါ။Asia Model Festival Awards (2013) နဲ့ Korean Racing Model Awards (2015) ပြိုင်ပွဲတွေမှာလည်း modelling နဲ့ ပတ်သက်တဲ့ ဆုတွေ ရရှိခဲ့ပါသေးတယ်။

Instagram

DJ Siena ဟာ သူမ တီးခတ်ဖန်တီးထားတဲ့ တစ်နာရီစာ mixtape ကိုလည်း ထွက်ရှိထားပြီး ၂၀၁၈ ရဲ့ အာရှဒီဂျေ top ten စာရင်းထဲမှာပါ ပါဝင်လာခဲ့ပါတယ်။ သူမရဲ့ Instagram အကောင့်ကတော့ @dj_siena ပါ။ Follower သုံးသိန်းကျော် ရှိပါတယ်။ အားပေးချင်သူတွေ သွား follow လိုက်ကြဦးနော်။

READ
ကြွေလွင့်သွားပြီဖြစ်တဲ့ ကြယ်ပွင့်လေး
Instagram
Instagram
Instagram

Ref: Djanemag, Edmdroid, Famousbirthdays, Instagram

SHARE