သူမရဲ့ နာမည်နဲ့ အမျိုးသားဝတ်တီရှပ်တွေ ထုတ်လိုက်တဲ့ DJ SODA

IG/deejaysoda

DJ SODA ဆိုတာ ကမ္ဘာတစ်လွှားက အမျိုးသား ပရိသတ်တော်တော်များများကို ပိုင်ဆိုင်ထားတဲ့သူ တစ်ယောက် ဖြစ်ပါတယ်။ သူမရဲ့ Instagram မှာဆိုရင် Follower ပေါင်း ၄ သန်းအထိ ရှိနေပါတယ်။ သူမကတော့ EDM လောကမှာ နာမည်ကျော်နေတဲ့ နေရာ တစ်နေရာ ရှိနေတဲ့သူဆိုလည်း မမှားပါဘူး။ သူမရဲ့ ချိုတဲ့အပြုံး၊ သွက်လက်တဲ့ဟန်တို့အပြင် သူမရဲ့ Sexy ကျတဲ့ လှပမှုတွေကလည်း သူမကို ပိုပြီး အောင်မြင်မှုတွေ ရစေတာ ဖြစ်ပါတယ်။

View this post on Instagram

GOOD NIGHT~🐤💛 #seanwotherspoon

A post shared by DJ SODA OFFICIAL 🇰🇷 (@deejaysoda) on

၁၉၈၈ ခုနှစ်မှာ မွေးခဲ့သူ ဖြစ်လို့ အခုဆို ၃၂ နှစ် ရှိနေပါပြီ။ ဒါပေမယ့်လည်း ၂၀ ကျော်အလား လှပနေတာတော့ သူမရဲ့ဆွဲဆောင်မှု တစ်ခုပါပဲ။ သူမက ကိုရီးယားနိုင်ငံသူ တစ်ယောက်ဖြစ်ပြီး ကိုရီးယားနာမည်ကတော့ ဟွမ်ဆိုဟီး ဖြစ်ပါတယ်။

READ
MANDALAY SHOW မှာ တွဲဖက်ဖျော်ဖြေဖို့ လူခေါ်နေတဲ့ စိုင်းစိုင်း

သူမကတော့ လက်ရှိမှာ သူမရဲ့ နာမည်ဖြစ်တဲ့ DJ SODA ဆိုတဲ့ စာသားပါ တီရှပ်တွေကို ထုတ်ခဲ့ပါတယ်။ တီရှပ် တစ်ထည် တန်ဖိုးကတော့ အမေရိကန် ဒေါ်လာ ၃၀ ဖြစ်ပြီး allkpop the shop ကနေ ရောင်းချတာ ဖြစ်ပါတယ်။ အမျိုးသားဝတ် တီရှပ်တွေပဲ ထုတ်ထားတာ ဖြစ်ပြီး အရောင်ကတော အမဲ၊ အပြာ၊ အဝါနဲ့ အဖြူရောင်တွေဆိုပြီး ရွေးစရာ ရှိပါတယ်။

သူမကတော့ မကြာခင်မှာ MV Songs အသစ် ထွက်ရှိတော့မှာ ဖြစ်ပါတယ်။ လန်းဆန်းနေတဲ့ အငွေ့အသက်တွေကို ရသွားစေမယ့် MV တစ်ပုဒ်လည်း ဖြစ်ပါတယ်။ နာမည်ကတော့ Shooting Star အမည်ပေးထားပါတယ်။

READ
ကစ်ကစ်ရဲ့ ကျန်းမာရေးအခြေအနေကို ပရိသတ်တွေကို အသိပေးလိုက်တဲ့ တိုင်ရွန်

Kham

SHARE