ကျွန်တော်တို့အနေနဲ့ ကျန်းမာရေးအာမခံ ထားရှိဖို့ လိုအပ်ပါသလား

Shutterstock/G-Stock Studio

ပျော်ရွှင်သာယာတဲ့ လူ့အဖွဲ့အစည်းတစ်ခုဖြစ်ဖို့ အခြေခံကျဆုံးအချက်တွေမှာ စားဝတ်နေရေး ဖူလှုံဖို့အပြင် လုံလောက်တဲ့ ကျန်းမာရေး စောင့်ရှောက်မှုစရိတ် ရရှိခြင်းတို့ ဖြစ်ပါတယ်။ ယနေ့ခေတ်မှောတော့ ပြည်သူတွေအနေနဲ့ ရောဂါဘယကုသဖို့နဲ့ မတော်တဆဖြစ်ပေါ်လာတဲ့ ထိခိုက်ဒဏ်ရာ ကုသဖို့တွေမှာ သေချာပြင်ဆင်ထားခြင်း မရှိတဲ့အခါ စရိတ်စကကြောင့် ဝန်ထုပ်တစ်ခုလို ဖြစ်လာတတ်ပါတယ်။ ဒါဆို ဒီပြဿနာတွေအတွက် အဖြေရှိနေရဲ့လား..။

အာမခံထားရှိခြင်းဆိုတာ ကြားဖူးကြမယ်ထင်ပါတယ်။ ခရီးသွားအာမခံ၊ အသက်အာမခံ၊ မီးအာမခံ၊ ယာဉ်အာမခံ အစရှိသဖြင့် လူသိများတဲ့ အာမခံတွေအပြင် အခြားအာမခံအမျိုးအစား များစွာရှိသေးပါတယ်။ ၎င်းတို့အထဲကမှ အခြေခံကျပြီး အရေးပါတာကတော့ ကျန်းမာရေး အာမခံ ဖြစ်ပါတယ်။

Shutterstock/NicoElNino
ကျန်းမာရေးအာမခံက ဘယ်လိုအသုံးဝင်လဲ။

အာမခံကုမ္ပဏီတွေ တစ်ခုနဲ့ တစ်ခုကတော့ ပေးတဲ့ ဝန်ဆောင်မှုတွေ ကွာခြားမှုရှိနိုင်ပါတယ်။ ဒါပေမယ့် ယေဘုယျအားဖြင့် ပြောရမယ်ဆိုရင်တော့ လူတစ်ယောက်က ကျန်းမာရေးအာမခံ (ဥပမာ – တစ်နှစ်စာ) ဝယ်ယူထားလိုက်ပြီဆိုရင် အာမခံ ဝယ်ယူပြီးနောက် ဖြစ်ပေါ်လာတဲ့ ထိခိုက်ဒဏ်ရာရမှုတွေ၊ ရောဂါဘယတွေအတွက် ဆေးကုသစရိတ်၊ ဆေးရုံတက်စရိတ်၊ ခွဲစိတ်ကုသခြင်းနဲ့ ယုတ်စွအဆုံး သေဆုံးမှုအတွက်ပါ ထောက်ပံ့ကြေး ပြန်လည်လျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။

READ
အကြားအမြင်ဆရာကြီး နော့စထရာဒါးမတ်စ်ရဲ့ ကမ္ဘာ့အထင်ရှားဆုံး ဟောကိန်းကြီးများ
Shutterstock/Business/Finance, Education

ကျန်းမာရေးအာမခံကို ဝယ်ယူဖို့ရာမှာ အသက်အရွယ်အလိုက်တော့ နှုန်းထားကွာသွားတတ်ပါတယ်။ လူကြီးပိုင်းက လူငယ်ပိုင်းထက် ကျန်းမာရေး ပြဿနာပိုများတတ်တာကြောင့် လူငယ်ပိုင်းတွေ ကျန်းမာရေးအာမခံထားတဲ့အခါ သွင်းရတဲ့ အာမခံကြေးက ပိုသက်သာနိုင်ပါတယ်။ ဒါပေမယ့် အသက် ၂၀၊ ၃၀ ဝန်းကျင် အလုပ်လုပ်နေတဲ့ အရွယ်တွေဟာ သူတို့က ကျန်းမာပြီးသား ဆေးခန်းတောင် သိပ်သွားစရာမလိုဘူး၊ ကျန်းမာရေးအာမခံ ထားရှိဖို့ မလိုဘူးလို့ တွေးနိုင်ပါတယ်။ အသေးအဖွဲတွေမှာ မသိသာပေမယ့် တကယ်တမ်း ကြီးမားတဲ့ ကျန်းမာရေးပြဿနာတွေ ရှိလာတဲ့အခါ အာမခံ ဝယ်ထားတဲ့ အကျိုးက ပိုသိသာလာတတ်တာပါ။

 စရိတ်ထောင်းလွန်းတဲ့ အရေးပေါ် ဆေးကုသစရိတ်တွေနဲ့ ၎င်းတို့ကို ဖြေရှင်းမှု

ကိုယ့်ကျန်းမာရေးကိုယ် ဂရုစိုက်ပြီးသားမို့ ဘာမှစိတ်ပူစရာမရှိဘူးလေလို့တော့ ပြောလို့ရနိုင်ပါတယ်။ ဒါဟာ ဝမ်းသာစရာပါ။ ဒါပေမယ့် တစ်ဘက်မှာလည်း ကြိုမမြင်နိုင်တဲ့ မတော်တဆမှုတွေဆိုတာ ရှိလာနိုင်ပါတယ်။ အဲဒီ့အခါကျ ရုတ်တရက် ပေါ်ပေါက်လာမယ့် ဆေးခန်းဆေးရုံစရိတ်တွေက သင် ထမ်းနိုင်တဲ့ ဝန်ထက် ပိုနေရင် သင့်ငွေကြေးအခြေအနေ ဒုက္ခရောက်သွားနိုင်ပါတယ်။ ဒဏ်ရာအနာတရ၊ ရောဂါဝေဒနာ ခံစားနေရလို့ ပုံမှန်ဝင်ငွေ ရတဲ့ အလုပ်ကိုတောင် နားရတဲ့ အခြေအနေမျိုးတွေမှာဆို ပိုလို့တောင် ဆိုးသွားနိုင်ပါတယ်။

READ
ရာဇဝတ်မှုရှားလွန်လို့ အကျဉ်းထောင်တွေ အကုန်ပိတ်ပစ်လိုက်ရတဲ့ ကမ္ဘာ့အလုံခြုံဆုံးနိုင်ငံ
Shutterstock/Rob Marmion

မြန်မာနိုင်ငံမှာဆိုရင်တော့ အာမခံလုပ်ငန်းတွေ အများအပြား ပေါ်ပေါက်နေပါပြီ။ မိမိတို့ လိုအပ်ချက်အလိုက် ကျန်းမာရေး အာမခံဝန်ဆောင်မှုတွေကို စုံစမ်းရယူလိုက်မယ်ဆိုရင်တော့ မိမိအတွက်ရော မိသားစုဝင်တွေအတွက်ပါ စိတ်ချရတဲ့ ကျန်းမာရေး စောင့်ရှောက်မှုစရိတ်ဆိုတာ ရှိလာမှာ ဖြစ်ပြီး အတိုင်းအတာတစ်ခုအထိ မိမိတို့ရဲ့ ဘဝလုံခြုံရေးအတွက် အကျိုးကျေးဇူးတွေ ရရှိလာနိုင်ကြမှာ ဖြစ်ပါတယ်။

Shwemom

SHARE