ဘဝမှာ နောင်တမရဖို့အတွက် ဘယ်လိုအချိန်မှာမဆို သင်လျှို့ဝှက်ထား သင့်တဲ့အရာများ

Image by sreza24595 from Pixabay

လူတွေက အမှန်တရားကို နှစ်ခြိုက်ကြပါတယ်။ ဒါပေမယ့် အချို့သောအမှန်တရားတွေဟာ ထုတ်ဖော် မပြပဲနဲ့ရေငုံနှုတ်ပိတ်နေတာက ပိုကောင်းတဲ့အတွက်ကြောင့် ဥာဏ်ပညာနဲ့ပြည့်စုံတဲ့သူတွေက မိမိရဲ့တချို့ အချက်အလက်တွေနဲ့ ပတ်သတ်ပြီး ပါးစပ်ပိတ်နေဖို့သတိပေးခဲ့ကြပါတယ်။ တစ်ခါတစ်ရံတော့ အောင်မြင်မှု လိုချင်တဲ့ အခါမှာ ထိန်းသိမ်းသင့်တာကို လျို့ဝှက်ထားတာဟာ အကောင်းဆုံးပါ။ ကိုယ့်အကျိုးစီးပွားအောင်မြင်ဖို့အတွက် ထိန်းသိမ်းထားသင့်တဲ့ အကြောင်းအရာအချို့ကို BornRealist ကနေတဆင့် မျှဝေပေးလိုက်ပါရစေ။

ရေရှည်အစီအစဉ်တွေ

ကိုယ့်ရဲ့  ပင်ပန်းခက်ခဲတဲ့ကြိုးပမ်းအားထုတ်မှုတွေကို လူတွေသိအောင် ပြောမပြသင့်ပါဘူး။ သူတို့ဘာသာသူတို့ ရှာဖွေတွေ့ရှိပါစေ။ အကယ်လို့များ ကိုယ့်ရဲ့အတွေးတွေကို တခြားလူတွေသိသွားကြရင် ယုံကြည်ချက်တွေအရောင်ဆိုးခံရနိုင်ပါတယ်။ ကိုယ့်စိတ်ကူးထဲမှာရှိနေတာကို တခြားသူတွေက ကိုယ်မြင်သလိုမမြင်နိုင်ပါဘူး။

Image by rawpixel from Pixabay

မိသားစုပြဿနာတွေ

ကိုယ့်ရဲ့ကြင်ဖက်နဲ့ ဆက်ဆံရေးတွေ၊  ကိုယ်ပိုင်တဲ့ဘ၀ ၊ မိသားစုအခြေအနေ စတဲ့ကိုယ်ရေးကိုယ်တာကိစ္စတွေကို သီးသန့်ထားပါ။ ကိုယ်နဲ့ချစ်ခင်ရင်းနှီးတဲ့ သူတွေဖြစ်တဲ့ ဆွေမျိုးမိတ်ဆွေတွေ၊ သူငယ်ချင်းတွေရဲ့ အတွေးတွေကိုနားလည်ပေးပါ။ သူတို့က သူတစ်ပါးမသိစေချင်တဲ့ကိစ္စတွေကို မပြောဆိုမိအောင် ဂရုပြုစောင့်ထိန်းပေးပါ။ ဒါက ဘာနဲ့တူသလဲဆိုတော့ သင့်ကိုလူတစ်ယောက်က ယုံကြည်စိတ်ချလို့ အရုပ်တစ်ရုပ်ပေးထားတာကို သင်က တခြားလူတစ်ယောက်ကို ဆော့ဖို့ပေးလိုက်ပါတယ်။ ဒီလိုပေးလိုက်ဖို့ဆိုတာ တကယ်တော့သင့်အရုပ်မှ မဟုတ်တာပဲ။ ဒါကြောင့် မိသားစုအတွင်းရေးတွေကို အပြင်ထုတ်မပြသင့်ပါဘူး။

READ
သခင်ပြန်ခေါ်လာနိုးနဲ့ နှင်းတောထဲမှာစောင့်နေတဲ့ သနားစဖွယ်ခွေးမလေးရဲ့အဖြစ်

ပြုလုပ်ထားတဲ့ ကုသိုလ်ကောင်းမှုတွေ

ကုသိုလ်ကောင်းမှု ပြုလုပ်တယ်ဆိုတာက ကိုယ့်အတွက်ရော သူတစ်ပါးအတွက်ပါ အကျိုးရှိစေတာပါ။  စေတနာသန့်သန့်နဲ့  ပြုထားတဲ့ ကောင်းမှုတစ်ခုကို ၀ါကြွားတဲ့ အနေနဲ့ သူတစ်ပါးကို ထုတ်မပြသင့်ပါဘူး။

အတိတ်နဲ့ပတ်သတ်ပြီး စိတ်ဓာတ်ကျရတဲ့အချက်တွေ

အတိတ်ဆိုတာအတိတ်ပါပဲ။ ရလဒ်မကောင်းခဲ့တဲ့ အတိတ်အကြောင်းတွေ သင့်ကိုဝန်ထုပ်ဝန်ပိုးဖြစ်စေမှာပါ။ အကယ်လို့များ အတိတ်မှာ အခွင့်ကောင်းတွေနဲ့ လွဲတာရှိခဲ့ရင်တောင်မှ ကိုယ်ကလက်ခံပြီး ရှေ့ဆက်ဖို့ပါ။ အတိတ်က ဖြစ်ရပ်တွေကို့ပြန်ပြောပြနေမယ့်အစား သင်ခန်းစာယူပြီး အကျိုးမရှိတဲ့တခြားသူတွေရဲ့ ဝေဖန်တာတွေကိုကာကွယ်နိုင်ပါတယ်။

ကိုယ်ပိုင်ဘဝ

ကိုယ်ရဲ့ ကိုယ်ပိုင်ဘ၀ဆိုတာက တခြားလူတွေနဲ့ လုံးဝမသက်ဆိုင်တာပါ။ ပြီးတော့ဘ၀မှာချမှတ်တဲ့ ကိုယ့်ရဲ့ဆုံးဖြတ်ချက်တွေကလည်း ကိုယ့်ရဲ့သောကကို ဖြေဖျောက်ဖို့အတွက်ပဲ ဖြစ်သင့်ပါတယ်။ဒီလိုနည်းအားဖြင့် တစိမ်းတွေရဲ့မလိုလားအပ်တဲ့မှတ်ချက်ပေးတာတွေ၊ စိတ်အားလျော့အောင် ပြုလုပ်တာတွေကို သည်းခံနိုင်မှာပါ။ မိမိရဲ့ ဘ၀၊ ရင်းနှီးတဲ့သူတွေနဲ့ အသေးစိတ်ဆက်ဆံရေးအခြေအနေတွေကို လျို့ဝှက်ထားတာ ကောင်းပါတယ်။

Image by Steve Buissinne from Pixabay

ပိုင်ဆိုင်တဲ့ ပစ္စည်းဥစ္စာတွေ

လူတွေက ကောင်းမွန်တဲ့ပစ္စည်း အသုံးအဆောင်တွေကို အသုံးပြုရတာ နှစ်ခြိုက်သလို ကြွားဝါရတာလည်း နှစ်ခြိုက်ပါတယ်။ ဒါပေမယ့် ကိုယ့်ရဲ့ ရုပ်ဝတ္ထုပစ္စည်းပိုင်ဆိုင်မှုအကြောင်းတွေကို သူတပါးကိုမကြာခဏပြောတဲ့အခါ အလိုလိုနေရင်း ကိုယ့်ပစ္စည်းနဲ့ ကိုယ်မျက်မုန်းကျိုးခံရမှာပါ။ ဒါကြောင့် ဒီအချက်ကိုလည်း သတိပြုသင့်ပါတယ်။

READ
ကိုယ့်မှာရှိတဲ့ အလှတရားကို အပြည့်အဝ လက်ခံဂုဏ်ယူခဲ့သည့် ကောင်မလေး

စာဖတ်သူတွေအနေနဲ့ ဘ၀အတွက်လျို့ဝှက်ထားသင့်တဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီးအသိပညာတိုးပွားနိုင်ပါစေ။

လင်းလင်း(Shwemom)

SHARE