ဒူးရင်းသီးစားသုံးခြင်းဟာ ကျန်းမာရေးနဲ့ ညီညွတ်တယ်လို့ သင်တွေးဖူးပါသလား

Jonny Clow/Unsplash

အစားအစာကိုဝေဖန်တဲ့သူတစ်ယောက်ဖြစ်တဲ့ Anthony Bourdain က ဒူးရင်းသီးနဲ့ပတ်သက်ပြီး မကြာသေးခင်ကအခုလိုပဲပြောကြားခဲ့ပါတယ်။ဒူးရင်းသီးရဲ့အနံ့ဟာ အနံ့ပြင်းတဲ့ ဒိန်ခဲအနံ့နဲ့ တူပါတယ်။

ဒူးရင်းသီးဟာ အနံ့စူးတဲ့အသီးတစ်မျိုးဖြစ်ပြီး အသီးတွေရဲ့ဘုရင်လို့လည်း သတ်မှတ်လို့ရတဲ့အသီးတစ်မျိုးပါ။

ဆူးချွန်ပါပေမယ့် အရသာရှိတဲ့ဒူးရင်းသီးကို တရုတ်နိုင်ငံသားတွေက စားချင်စိတ်တွေများလာတဲ့အတွက် မလေးရှားကနေတောင်မှာယူပြီး အကြီးစားတင်သွင်းမှုတွေပြုလုပ်ဖို့ တရုတ်နိုင်ငံက မကြာသေးမီကခွင့်ြ ပုလိုက်ပြီဖြစ်ပါတယ်။

ဒူးရင်းသီးဟာ ကမ္ဘာ့လူဦးရေများတဲ့နိုင်ငံတွေရဲ့စားသောက်မှုတွေမှာ အဓိကအစိတ်အပိုင်းတစ်ခုဖြစ်လာခဲ့ပါတယ်။ ဒီအသီးဟာ ချစ်ဖို့ကောင်းတဲ့အသီးလား စက်ဆုပ်ရွံရှာစရာကောင်းတဲ့အသီးလားဆိုတဲ့ ဒီအသီးနဲ့ပတ်သ က်တဲ့ ကျန်းမာရေးဆိုင်ရာအချက်အလက်တွေကိုတော့ သိထားသင့်ပါတယ်။ဒါ့ကြောင့် ဒူရင်းသီးစားမယ်ဆိုရင် သိထားရမှာလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

Jim Teo/Unsplash

အတန်အသင့်ပဲ စားသင့်ပါတယ်။

ကျွန်တော်တို့ကြိုက်နှစ်သက်တဲ့ ဒူးရင်းသီးရဲ့အနံ့ဟာ အမှန်တစ်ကယ်ဆိုရင် တော်တော်ဆိုးတဲ့အနံ့ပါလို့ နိုင်ငံတကာဆေးဘက်ဆိုင်ရာတက္ကသိုလ်မှ ကျန်းမာရေးစောင့်ရှောက်မှု အာဟာရဗေဒပညာရှင် ဒေါက်တာ Lee Ching Li ကပြောပါတယ်။

(၁၀၀)ဂရမ်ရှိတဲ့ဒူးရင်းသီးတစ်လုံးမှာ ကယ်လိုရီ(၁၄၇)ရှိပါတယ်။ မင်းကွတ်သီး၊ ပိန္နဲသီး၊လိုင်ချီးသီးနဲ့မာလကာ သီးတို့ထက်သာလွန်ထူးကဲတဲ့အသီးတွေရဲ့ဘုရင်ဒူးရင်းသီးဟာ တကယ်တော့ ကယ်လိုရီတွေရဲ့ဘုရင်ပဲဖြစ်ပါတယ်။

ဒူးရင်းသီးဟာ အဆီဓာတ်များရုံသာမကပဲ antioxidants တွေအတော်များများပါဝင်တာကြောင့် ကျန်းမာရေးကိုကောင်းမွန်စေပါတယ်။ဒါကြောင့် ချင့်ချိန်ပြီးအသင့်အတင့်သာစားသုံးမယ်ဆိုရင်တော့ ကျန်းမာတဲ့အစားအစာတွေရဲ့တစ်စိတ်တစ်ပိုင်းအဖြစ်ရှိနိုင်ပါတယ်။

အလွန်အကြူးစားမယ်ဆိုရင်တော့ ကောင်းကျိုးထက် ဆိုးကျိုးတွေဖြစ်ဖို့ပိုများနိုင်ပါတယ်။

သူငယ်ချင်းတွေ၊ မိသားစုတွေနဲ့အတူ ဒူးရင်းသီးကိုစားမယ်ဆိုရင် (၂)မြွှာ သို့မဟုတ် (၃)မြွှာလောက်သာစား သင့်ပါတယ်။

ဒူးရင်းသီး (၂)မြွှာဟာ ငှက်ပျောသီးအကြီးတစ်လုံးရဲ့ကယ်လိုရီနဲ့ညီမျှပါတယ်။ ဒူးရင်းသီး(၅)မြွှာစားမယ်ဆိုရင် ထမင်းတစ်ပန်းကန်စားတဲ့ကယ်လိုရီနဲ့ညီမျှပါတယ်။

ဒူးရင်းသီးကိုစားမယ်ဆိုရင် ကယ်လိုရီကိုရေတွက်ပြီးမှစားတာအကောင်းဆုံးပါပဲ။ မဟုတ်ရင် အ၀လွန်ရောဂါ၊ ဆီးချိုရောဂါတွေဖြစ်ပွားနိုင်ပါတယ်။

ဒူးရင်းသီးစားသုံးခြင်းဟာ လူတွေရဲ့နှလုံးခုန်နှုန်းကိုတိုးမြှင့်နိုင်တဲ့အတွက် အများကြီးစားသုံးလို့မသင့်တဲ့အသီး ပဲဖြစ်ပါတယ်။ဒူးရင်းသီးကိုစားပြီးတဲ့လူတိုင်း သွေးဖိအားနဲ့ကြွက်သားတွေကိုမြင့်တက်စေတဲ့အတွက် စားသုံးသူတွေကိုများစွာ အန္တရာယ်ရှိစေနိုင်ပါတယ်။

ဒူးရင်းသီးနဲ့အရက်ကိုရောပြီး စားသုံးမယ်ဆိုရင်သေနိုင်တယ်ဆိုတဲ့ ပြောစကားတွေရှိပါတယ်။ဒါကို Dr Lee ကအခုလိုပဲရှင်းပြခဲ့ပါတယ်။ဒူးရင်းသီးမှာ ဆာ(လ)ဖာ ဒြပ်ပေါင်းတွေ ပါဝင်နေပြီး၊ ဒီဒြပ်ပေါင်းတွေက အရက်ကိုချေဖျက်ရာမှာ အသည်းကို အထောက်အပံ့ဖြစ်စေတဲ့ အင်ဇိုင်းဓာတ်တွေကို တကယ်လျော့ကျသွား စေပါတယ်။ ပိုဆိုးတာက အရှေ့အာရှသားအတော်များများဟာ အင်ဇိုင်းချို့တဲ့တာကြောင့်ပဲဖြစ်ပါတယ်။ဒါ့ကြောင့် ဒူးရင်းစားပြီး အရက်သောက်တာဟာ မသင့်လျော်တဲ့ပေါင်းစပ်စားသုံးခြင်းပဲဖြစ်ပါတယ်။

Gliezl Bancal/Unsplash

အပူ၊ အအေး မျှတဖို့အတွက်ဆိုရင်တော့ ………….  

READ
အဆီမကျသေးခြင်း အကြောင်းအရင်း

ဒူးရင်းသီးစားသုံးခြင်းဟာ လူ့ခန္ဓာကိုယ်ထဲက အပူတွေ၊ စိတ်ခံစားမှုတွေကိုထွက်စေတဲ့အတွက် ခန္ဓာကိုယ်အတွက် အကျိုးဖြစ်ထွန်းစေတဲ့အသီးဖြစ်တယ်လို့ IMU Centre ရဲ့ဆေးပညာကထိက ဒေါက်တာ Wong Zhi Hang ကပြောပါတယ်။ ဒါပေမယ့် ဒူးရင်းသီးကို လိုတာထပ်ပိုစားမယ်ဆိုရင် သင့်ရဲ့ခန္ဓာကိုယ်ကနေ အပူတွေကန်ထွက်ပြီး အနာစိမ်းတွေပေါက်နိုင်ပါတယ်။

ဒူးရင်းသီးစားပြီးရင် မင်းကွတ်သီးစားတာက အရမ်းကောင်းတဲ့ အိုင်ဒီယာတစ်ခုဖြစ်တယ်လို့ မလေးရှားနိုင်ငံရဲ့ ရှေးရိုးစွဲအယူအဆကို ဒေါက်တာ Wong ကအတည်ပြုခဲ့ပါတယ်။

အသီး(၂)မျိုးလုံးဟာ အမျှင်ဓာတ်ကြွယ်ဝစွာ ပါဝင်တာကြောင့် အလေးစွန့်ရာမှာ အဆင်ပြေမှုရှိနိုင်တယ်လို့လည်း ဒေါက်တာ Wong ကထပ်လောင်း ပြောကြားခဲ့ပါတယ်။

မင်းကွတ်သီးက အေးတဲ့အသီးတစ်မျိုး ဖြစ်တာကြောင့် ဒူးရင်းသီးစားပြီး မင်းကွတ်သီးစားမယ်ဆိုရင် ဒူးရင်းသီး ကြောင့်ဖြစ်တဲ့ အပူဓာတ်ကို လျော့နည်းစေတဲ့ဓာတ် ရှိတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ ဒါ့ကြောင့် ဒူးရင်းသီးစားပြီးတိုင်း မင်းကွတ်သီးလေးတော့ ဓာတ်သဘောအနေနဲ့ စားသုံးဖို့ သင့်လျော်ကြောင်း သတိပေး ဖော်ပြလိုက်ပါတယ်။

Thae Su

SHARE