ဆိတ်တွေဟာလည်း လူတွေရဲ့မျက်နှာအမူအရာအတိုင်း လိုက်လုပ်တတ်တာ သင်သိပါသလား။

Unsplash/Hannah Markley

ကျွန်တော်တို့တွေအနေနဲ့ ဆိတ်အကြောင်းကိုသိဖို့ဆိုတာတာ မှတ်မှတ်ရရအနေနဲ့ဆိုရင်တောင်မရှိသလောက်ကို ရှားပါတယ်။ဒါပေမယ့် နောက်ဆုံးတစ်ကြိမ် တိရစ္ဆာန်ရုံကိုသွားခဲ့တုန်းကတော့ ဆိတ်တစ်ကောင်နဲ့တွေ့ခဲ့ပြီး မှတ်မှတ်ရရအဖြစ်အပျက်တစ်ခုဖြစ်ပွားခဲ့ပါတယ်။ အဲတာကတော့ ကျွန်တော်က သူ့ကို ပွတ်သပ်ပေးလိုက်တဲ့အချိန်မှာ သူဟာ ကျွန်တော့ရဲ့လည်ပင်းက ပုဝါကို စားဖို့ကြိုးစားခဲ့တာကြောင့်ပဲဖြစ်ပါတယ်။

ကျွန်တော်တို့အနေနဲ့ ဆိတ်တွေနဲ့ထိတွေ့မှုဟာ အရမ်းကိုနည်းပါတယ်။ဒါပေမယ့် ကျွန်တော်သူတို့ရဲ့အကြောင်း တွေကိုသိပြီးတဲ့နောက်မှာတော့ သူတို့နဲ့ပိုပြီးထိတွေ့မှုများပြားလာခဲ့ပါတယ်။အဲတာကတော့ ဆိတ်တွေဟာ လူတွေရဲ့မျက်နှာအမူအရာတွေကို မှတ်သားနိုင်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်။

Reddit/KSterSan

ဆိတ်တွေဟာ လူတွေရဲ့ပြုံးနေတဲ့မျက်နှာ ပျော်ရွှင်တဲ့မျက်နှာတွေကို အင်မတန်မှကို နှစ်သက်ကြပါတယ်။ ကျွန်တော်တို့လူတွေဆိုလည်း ပြုံးနေတာကိုနှစ်သက်ပြီး မဲ့နေတဲ့မျက်နှာမျိုးကို နှစ်သက်မှုမရှိဘူး မဟုတ်ပါလား။ ဆိတ်လေးတွေကလည်းအဲ့လိုပါပဲ။ သူတို့ကလည်း လူတွေရဲ့ပြုံးနေတဲ့မျက်နှာကို နှစ်သက်သဘောကျကြ ပါတယ်။

လန်ဒန်မြို့ရဲ့ Queen Mary တက္ကသိုလ်ရဲ့ လေ့လာချက် အသစ်တစ်ခုအရ ဆိတ်တွေဟာ လူတွေရဲ့မျက်နှာအမူအရာတွေကို မှတ်သားနိုင်ပြီး လူတွေရဲ့အပြုံးတွေကို ကြိုက်နှစ်သက်တယ် ဆိုတာကို တွေ့ရှိခဲ့ရပါတယ်။

Twitter/@esraca

ဆိတ်တွေလိုပဲ ခွေးတွေဟာလည်း လူတွေရဲ့အဖော်အဖြစ် နေထိုင်ကြပြီး လူတွေရဲ့မျက်နှာအမူအရာအနေအထား ကိုသိနိုင်ကြတယ်လို့ Royal Society Open Science ဂျာနယ်ကဖော်ပြချက်အရသိရပါတယ်။

ခွေးလေးတွေဟာလည်း သူတို့ပိုင်ရှင်ရဲ့ မျက်နှာအမူအရာပေါ်မှာမူတည်ပြီး သူတို့ရဲ့လှုပ်ရှားမှုတွေကလည်း လိုက်လုပ်လေ့ရှိကြပါတယ်။ သခင်က ပျော်ရွှင်နေရင် လိုက်ပြီးပြုံးပျော်နေကြသလို သခင်စိတ် မကောင်းဖြစ်နေရင်လည်း ဘေးကနေ ကူညီဖေးမမှုတွေ လုပ်ပေးကြတယ်လို့ Helsinki တက္ကသိုလ်ရဲ့ သုတေသနစီမံကိန်းတစ်ခုမှာ ဖော်ပြထားတာကို တွေ့ရပါတယ်။

Unsplash/Arjan Stalpers

ခွေးတွေလိုပဲ ဆိတ်တွေဟာလည်း လူတွေရဲ့မျက်နှာအမူအရာတွေကို သိရှိတဲ့အတွက် လူတွေပြုံးပျော်နေတဲ့ မျက်နှာ အနေအထားဖြစ်နေရင် သူတို့တွေဟာလည်း လိုက်ပြီး ပြုံးနေတတ်ကြတာကို လေ့လာတွေ့ရှိချက်တွေအရ သိရပါတယ်။

Thae Su

SHARE