သင့်ခန္ဓာကိုယ်မှာပရိုတင်းဓာတ်ပိုမိုစားသုံးဖို့သတိပေးနေတဲ့ကျန်းမာရေးလက္ခဏာများ

ကျန်းမာကြံ့ခိုင်တဲ့ခနာကိုယ်ကိုပိုင်ဆိုင်ဖို့လိုအပ်တဲ့အာဟာရဓာတ်တွေကိုလုံလောက်မျှတစွာစားသုံးပေးဖို့လိုအပ်ပါတယ်။တခါတလေခနာကိုယ်မှာဘယ်လိုအာဟာရဓာတ်တွေချို့ယွင်းနေလဲဆိုတာခနာကိုယ်အစိတ်အပိုင်းတွေရဲ့ဇီဝပြောင်းလဲမှုလက္ခဏာတွေကနေတစ်ဆင့်သိနိုင်ပါတယ်။အခုတော့ ကျန်းမာကြံ့ခိုင်တဲ့ ခနာကိုယ်အတွက်အရေးကြီးဓာတ်တစ်မျိုးဖြစ်တဲ့ ပရိုတင်းဓာတ်ချို့ယွင်းနေပြီဆိုတာသတိပေးနေတဲ့လက္ခဏာတွေကိုဖော်ပြပေးချင်ပါတယ်။သင့်အနေနဲ့ဒီလက္ခဏာတွေခံစားနေရပြီဆိုရင် ပရိုတင်းဓာတ်ပိုမိုစားသုံးပေးဖို့လိုအပ်နေပါပြီ။

(၁)ဆံပင်ကျွတ်ခြင်း

ဆံပင်ဟာနေ့စဉ်ပုံမှန်အပင်ရေ၅၀ကနေ၁၀၀၀န်းကျင်ထိကျွတ်တဲ့သဘာဝရှိပါတယ်။ဒါပေမယ့်အဲဒီလိုသာမန်ထက်ပိုပြီးကျွတ်တယ်ဆိုတာသိသာတဲ့အနေနဲ့သင့်ဆံပင်တွေတဖြည်းဖြည်းပါးလာတယ်ဆိုတာခံစားမိနေတယ်ဆိုရင်သင့်ခနာကိုယ်မှာပရိုတင်းဓာတ်ချို့ယွင်းနေပြီဆိုတာသတိပြုဖို့လိုပါတယ်။ခနာကိုယ်မှာပရိုတင်းဓာတ်လုံလောက်ဖို့အကြောင်းအရင်းကတော့ လေဖြတ်ခြင်းနဲ့ နှလုံးသွေးကြောပိတ်ခြင်းတို့ကိုကာကွယ်ဖို့ပါပဲ။အဲဒီအတွက်အစိမ်းရောင်ရှိတဲ့အသီးအရွက်များပိုမိုစားသုံးပေးခြင်းနဲ့သင့်ရဲ့ကိုယ်လက်လှုပ်ရှားချိန်မြှင့်တင်ဖို့လိုအပ်နေပါပြီ။

(၂)ဒူးနာခြင်း

ပရိုတင်းဓာတ်ဟာခနာကိုယ်အစိတ်အပိုင်းတွေရဲ့လုပ်ငန်းစွမ်းရည်တွေအတွက်အဓိကအရေးကြီးအာဟာရဓာတ်ဖြစ်ပါတယ်။အထူးသဖြင့်ခနာကိုယ်မှာပရိုတင်းဓာတ်ချို့ယွင်းနေပြီဆိုတာသိသာတဲ့အချက်ကတော့ဒူးနာခြင်းပဲဖြစ်ပါတယ်။ဒါကြောင့် သင့်ခနာကိုယ်ရဲ့လုပ်ငန်းစွမ်းရည်တွေအားကောင်းစွာလည်ပတ်နိုင်ဖို့ ဒူးနာတာကိုလည်း လျစ်လျူရှုမထားသင့်ပါဘူး။

(၃)စိတ်ခံစားလွယ်ခြင်း၊စိတ်ဓာတ်ကျခြင်း

ပရိုတင်းဓာတ်ချို့ယွင်းနေတဲ့ခနာကိုယ်မှာဦးနှောက်၊အာရုံကြောနဲ့ခနာကိုယ်ရဲ့တခြားအစိတ်အပိုင်းတွေမှာစွမ်းဆောင်ရည်တွေကျဆင်းလာတဲ့အတွက်ဘယ်အလုပ်ကိုမဆိုအလွယ်တကူအရှုံးပေးလိုစိတ်တွေဖြစ်ပေါ်ခံစားနေရပါလိမ့်မယ်။အလုပ်လုပ်ရတာရွှင်လန်းတက်ကြွမှုမရှိဖြစ်နေပြီး ခေတ်စကားအရဆိုရင် မုဒ်သွင်းလို့မရဘူးဆိုတဲ့အဓိပ္ပာယ်ပါပဲ။ဒီလက္ခဏာဟာ သင့်ခနာကိုယ်အတွက် ပရိုတင်းဓာတ်ပိုမိုလုံလောက်စွာရရှိဖို့ သတိပေးနေခြင်းဖြစ်ပါတယ်။

(၄)ခြေကျင်းဝတ်များဖောရောင်ခြင်း

ခြေထောက်နဲ့ ခြေဖ၀ါးစပ်ထားတဲ့ အရိုးအဆစ်တွေမှာ တစ်ရှူးတွေရဲ့လုပ်ဆောင်ချက်တွေအားနည်းလာတဲ့အတွက် အရိုးအဆစ်တွေနာကျင်ခြင်း၊အထူးသဖြင့် ခြေကျင်းဝတ်တွေနာကျင်ပြီးဖောရောင်လာခြင်းတို့ကသင့်ခနာကိုယ်မှာပရိုတင်းဓာတ်ချို့ယွင်းနေပြီဆိုတာသတိပြုသင့်ပါတယ်။

(၅)ခုခံအားစနစ်အားနည်းလာခြင်း

ပရိုတင်းဓာတ်အားနည်းနေတဲ့ခနာကိုယ်ဟာခုခံအားလည်းကျဆင်းနေမှာဖြစ်ပါတယ်။ဒီလိုခုခံအားကျဆင်းနေတဲ့ခနာကိုယ်အနေနဲ့ ပြင်ပရောဂါပိုးတွေကိုတွန်းလှန်ကာကွယ်ပေးဖို့အခက်အခဲရှိနေပြီးဘယ်လို ဝေဒနာမျိုးကိုမဆိုအလွယ်တကူထိခိုက်ခံစားရလေ့ရှိပါတယ်။

ခနာကိုယ်အတွက်တဖန် ပြန်ပြီးပရိုတင်းဓာတ်လုံလောက်စွာဖြည့်တင်းဖို့ဆိုရင်တော့အစိမ်းရောင်အသီးအရွက်၊အစေ့အဆံနဲ့အနှံတို့ကိုစားသုံးပေးဖို့လိုပါတယ်။ဒါ့အပြင် လေ့ကျင့်ခန်းကိုလည်းစနစ်တကျနည်းလမ်းမှန်ကန်စွာ ပြုလုပ်ပေးဖို့လိုအပ်ပါတယ်။အခုဖော်ပြခဲ့တဲ့အချက်တွေကတော့ခနာကိုယ်အတွက်အရေးကြီးအာဟာရဖြစ်တဲ့ပရိုတင်းဓာတ်အားနည်းလာရင်ဘယ်လိုလက္ခဏာတွေဖြစ်ပေါ်ခံစားရတတ်တယ်ဆိုတာဖော်ပြပေးခဲ့ခြင်းဖြစ်ပါတယ်။

ခြူးသစ်နွယ်@ChoChoThan(Shwemom)

Ref:thesun.co.uk

SHARE