အမေရိကရဲ့ကိုဗစ်သူရဲကောင်းကြီးကို မွေးနေ့ဂုဏ်ပြုပေးခဲ့ကြတဲ့ ဆေးဝန်ထမ်းများ

Twitter- @fanfauci

Dr. Anthony Fauci ကို သိတဲ့လူတွေကတော့ သိပြီးလောက်ပြီးပါပြီ။ ဒီဆရာဝန်ကြီးဟာ အမေရိကအတွက် ကိုဗစ်စစဖြစ်ချင်းကတည်းက မားမားမတ်မတ်ရပ်တည်ပေးလာခဲ့တာဖြစ်ပါတယ်။ 

 

အမေရကန်သမ္မတ Donald Trump တစ်ယောက် သူ့အတွေးတွေနဲ့သူ ကိုဗစ်ကိုကြောက်စရာရောဂါမဟုတ်ဘူး၊ ဘာညာဆိုပြီး ပြည်သူတွေကို ပြောနေတဲ့စကားတေကို အံတုပေးနေခဲ့တာ Dr. Fauci ပါပဲ။ သူကနေပြီး တောက်လျှောက် ပညာတွေပေး၊ တကယ့်မြေပြင်မှာလည်း ကိုဗစ်နဲ့ပတ်သက်တဲ့ လုပ်ပုံကိုင်နည်းတွေကို ကိုယ်တိုင် နည်းလမ်းတွေပို့ချ၊ ကူးစက်ရောဂါဌာနတွေနဲ့ ပူးပေါင်းပြီး ရောဂါသည်တွေကို ဘယ်လိုကုသကယ်တင်မယ်ဆိုတာတွေကိုလည်း နေ့မအားညမနားကို လုပ်ဆောင်ပေးနေခဲ့တာပါ။ အမေရိကရဲ့ ကိုဗစ်သူရဲကောင်းကြီးပေါ့။

ပြီးခဲ့တဲ့ ခရစ်စမတ်နေ့မှာပဲ Dr, Fauci ဟာ အသက် (၈၀) ပြည့်သွားခဲ့ပါပြီ။ အမှန်တိုင်းဆိုရရင် သူ့အသက်အရွယ်နဲ့ ရှေ့တန်းထွက်တိုက်ပေးနေတယ်ဆိုတာ တော်တော်လေးကို အကြောက်အလန့်မရှိဘူးလို့ဆိုရမှာပါပဲ။ သူ့အကြောင်းကိုတော့ အမေရိကန်မှာနေတဲ့လူတိုင်း နားစွန်နားဖျားတော့ အနည်းဆုံးကြားဖူးကြမှာပါ။ Brad Pitt တောင် Saturday Night Live အစီအစဉ်မှာ Dr. Fauci ကို ကျေးဇူးတင်ခဲ့ဖူးသေးတယ်မဟုတ်လား။

Dr, Fauci ရဲ့အသက် ၈၀ ပြည့်မွေးနေ့ပွဲကိုတော့ မထင်မှတ်ထားတဲ့အရာတစ်ခုနဲ့ လုပ်ဖော်ကိုင်ဖက်တွေက ချီးမြှင့်ပေးခဲ့ကြပါတယ်။ Reddit မှာ တင်ထားတဲ့ဗီဒီယိုအရ အဲဒီနေ့ညနေခင်းလောက်က Dr. Fauci တစ်ယောက် အလုပ်ကနေ အိမ်ကို ပြန်ဖို့အပြင်ဖက်ကိုထွက်လာခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ အလုပ်အပြင်ဖက်မှာ လူအုပ်ကြီးတစ်ခုကိုတွေ့လိုက်ရတယ်၊ ဆိုင်းဘုတ်တွေ ကိုယ်စီကိုင်ထားတဲ့ လူအုပ်ကြီးပေါ့။

ဘာလဲဆိုတော့ Dr, Fauci ကို Happy Birthday လုပ်ပေးတဲ့အပြင်ကိုမှ ဒီတစ်နှစ်ကြာတဲ့ကာလကြီးအတွင်း ဦးဆောင်လမ်းပြပေးခဲ့တာကို ကျေးဇူးတင်ကြောင်း ရေးထားတဲ့စာလေးတွေပါ။ နောက်ပြီး အော်ဟစ်ကာ နှုတ်ဆက်ကြပါသေးတယ်။

တကယ်တော့ Dr. Anthony Fauci ဆိုတာ HIV/AIDS ဆေးကိုလည်း ဦးဆောင်ပြီး တွထွင်ခဲ့တဲ့ ပုဂ္ဂိုလ်တစ်ဦးလည်းဖြစ်ပါတယ်။

penny

SHARE