နိုင်ငံနဲ့လူမျိုး မတူပေမယ့် နှလုံးသားချင်း ထပ်တူညီခဲ့တဲ့ ကျန်းမာရေးဝန်ထမ်းနှစ်ဦးရဲ့အချစ်

[email protected]

လက်ရှိ COVID 19 ဖြစ်ပွားနေတဲ့အချိန်မှာ ဒုက္ခအရောက်ဆုံးကတော့ ဆေးရုံက ဝန်ထမ်းတွေပါပဲ။ နေ့မအိပ်ညမနား၊ ကိုယ်ရေးကိုယ်တာ ကိစ္စတွေအကုန်မေ့၊ လူနာတွေနဲ့ အနီးကပ်နေပြီး ပြုစုစောင့်ရှောက်ရတာကလည်း ဆရာဝန်တွေ၊ နာ့စ်မတွေပါပဲ။ အခုပြောပြချင်တဲ့ အကြောင်းလေးကတော့ နိုင်ငံခြင်းမတူ၊ လူမျိုးခြင်းမတူပဲ တစ်နေရာတည်းမှာ ဖူးစာပါလို့ လာဆုံပြီး လက်ထပ်ခဲ့တဲ့ ဆရာဝန်နဲ့ နာ့စ်မလေးတို့ရဲ့ အချစ်ဇာတ်လမ်းပဲ ဖြစ်ပါတယ်။

[email protected]

အသက် ၃၄ နှစ်ရှိပြီဖြစ်တဲ့ နာ့စ်မလေး Jann Tipping နဲ့ အသက် ၃၀ အရွယ်ရှိပြီဖြစ်တဲ့ ဆရာဝန်လေး Annalan Navaratnam တို့ဟာ UK နိုင်ငံ၊ London မြို့မှာရှိတဲ့ St Thomas’ ဆေးရုံမှာ တွေ့ဆုံခဲ့ပြီး တစ်ယောက်နဲ့တစ်ယောက် ချစ်သူဖြစ်ခဲ့ကြပါတယ်။ Jann ကတော့ North Ireland ကဖြစ်ပြီး Annalan ကတော့ Sri Lanka နိုင်ငံက ဖြစ်ပါတယ်။ နိုင်ငံချင်းမတူပေမယ့် နှလုံးသားချင်း ထပ်တူညီခဲ့ပါတယ်။

အစပိုင်းမှာတော့ သူတို့နှစ်ဦးဟာ လက်ထပ်မယ့်လကို သြဂုတ်လလို့ အကြမ်းဖျင်းသတ်မှတ်ခဲ့ပေမယ့် ဘယ်အရာမှ မကျိန်းသေတဲ့ အခြေအနေဖြစ်တာကြောင့် အလျင်အမြန်ပဲ လက်ထပ်ခဲ့ကြပါတယ်။ လက်ထပ်ပွဲကိုတော့ ဆေးရုံမှာပဲ ကျင်းပခဲ့ပြီး နှစ်ဖက်မိဘတွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ သူငယ်ချင်းတွေသာ တက်ရောက်ခဲ့ပါတယ်။

READ
Rolls-Royce ကားတွေနဲ့ သတို့သမီးကိုသွားကြိုလို့နာမည်ကြီးနေတဲ့ မင်္ဂလာပွဲ
[email protected]

“အစကတော့ လက်ထပ်ပွဲကို နှစ်နိုင်ငံခွဲပြီး ကျင်းပမလို့ပါပဲ။ ဒါပေမယ့် ဒီလိုအခြေအနေမှာ နှစ်ဖက်အသိုင်းအဝိုင်းကို ဟိုသွားဒီသွားနဲ့ မဖြစ်စေချင်ပါဘူး။ ဒါ့အပြင် လက်တလောအခြေအနေက ဘယ်သူဘာဖြစ်မလဲဆိုတာ ကြိုမသိနိုင်ပါဘူး။ ဒါ့ကြောင့် အကုန်လုံး ကျန်းကျန်းမာမာရှိနေတဲ့ ဒီအချိန်မှာပဲ လက်ထပ်ဖြစ်ခဲ့တာပါ” လို့ Jann က ပြောကြားခဲ့ပါတယ်။

Pyi Hein Kyaw

SHARE