မျက်မှန်သမားတွေ mask တပ်တဲ့အခါ အခိုးမရိုက်စေမယ့်နည်းလမ်းကို ပြောပြခဲ့တဲ့ ဆရာဝန်

[email protected]

မျက်မှန်သမားတွေရဲ့ဒုက္ခက ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် အမြဲတမ်းဒုက္ခရောက်ရတာချည်းပဲ။ အထူးသဖြင့် ရေငွေ့ရိုက်တဲ့ အခြေအနေမျိုးမှာပေါ့။ ပူလို့ချွေးထွက်လည်းရေငွေ့ရိုက်၊ အေးတော့လည်း မှုံတုန်တုန်နဲ့ မမြင်ရ၊ ဟော.. အအေးထဲက အပူသွားပြန်တော့လည်း မျက်မှန်က သုတ်လို့မပြီးတော့ဘူး။

အခုလို ကိုဗစ်ကြောင့် အချိန်ပြည့် mask တပ်ထားရတဲ့ ကာလမျိုးမှာဆို မှန်ကြောင်လေးတွေအတွက် ပိုလို့တောင်ဆိုးသေး။ မျက်မှန်ကို ဆပ်ပြာရည်နဲ့ သုတ်ရင် ရေငွေ့မရိုက်ဘူးဆိုလို့ သုတ်တော့လည်း မထူး၊ ရေနွေးစိမ်ဆိုတော့လည်း မထူး။ ရေငွေ့ကတော့ ဆက်ရိုက်နေတုန်းပဲမလား။

[email protected]

ဒီအတွက် လွယ်ကူသက်သာမြန်ဆန်ပြီး လုံးဝထိရောက်တဲ့ ရေငွေ့မပြန်ဖို့ tip တစ်ခုကို ဖော်ပြပေးချင်ပါတယ်။ အဲဒါကတော့ ဆရာဝန်တစ်ယောက် ရှာတွေ့ခဲ့တဲ့ နည်းလမ်းလေးပါ။

Twitter- Daniel M. Heiferman

ဒေါက်တာ Daniel M. Heiferman ဟာ သူ့ရဲ့ Twitter ပေါ်မှာ မျက်မှန်သမားလေးတွေအတွက် mask တပ်တဲ့အခါ အသုံးဝင်နိုင်မယ့် နည်းလမ်းတစ်ခုကို ပြောပြပေးထားပါတယ်။ အဲဒါကတော့ ဒီလိုပါ။ လိုအပ်တဲ့ပစ္စည်းကတော့ ပလာစတာတစ်ခုသာလိုပါတယ်။

READ
ခေါင်းနှစ်လုံးပါတဲ့ ၀က်ပေါက်လေးကို သားသတ်သမားတွေထံမှ လယ်သမား ကယ်တင်
Twitter- Daniel M. Heiferman

Mask ကို ပုံမှန်အတိုင်း အရင်ဆုံး တပ်လိုက်ပါ။ ပြီးနောက် ပလာစတာကို ယူလိုက်ပြီးတော့ mask နဲ့ မျက်နှာနဲ့ကို ဟာကွက်မရှိ ကပ်သွားအောင်လို့ ပုံပါအတိုင်း ဖိကပ်လိုက်ပါတဲ့။


တကယ်တော့ mask တပ်ထားတုန်း မျက်မှန်မှာ အခိုးလာရိုက်တယ်ဆိုတာ mask အုပ်ထားတဲ့အတွက် အသက်ရှူသွင်း၊ ရှူထုတ်ပြုလုပ်လိုက်တဲ့လေတွေဟာ စိုးထိုင်းစနဲ့ အပူချိန်မြင့်မားလျက်ရှိနေပါတယ်။ အုဒီအခါ စိုစွတ်တဲ့လေပူတွေဟာ mask ရဲ့အပေါ်ဖက်ကနေ ထွက်သွားတဲ့အခါ ပိုအေးတဲ့လေထုနဲ့တွေ့ပြီးတော့ အနီးစပ်ဆုံး mask ပေါ်မှာရှိနေတဲ့ မျက်မှန်ရဲ့ မှန်မှာ သွားပြီး ရေငွေ့ရိုက်ုတာပဲဖြစ်ပါတယ်။ ဒါကြောင့် mask ကို မျက်နှာနဲ့ဟာတဲ့နေရာမရှိအောင် လုပ်လိုက်ခြင်းဖြင့် ရေငွေ့ရိုက်တာကိုလည်း ဖြေရှင်းပြီးသားဖြစ်သွားမှာပါ။ ဒီနည်းလမ်းကို သူကိုယ်တိုင် လက်ရှိ ဆေးရုံမှာ ချသုံးနေတာပါတဲ့။

READ
5G ကွန်ရက်ကိစ္စနဲ့ ပတ်သက်ပြီး ဗြိတိန်ကို သတိပေးလိုက်တဲ့ တရုတ်သံတမန်

ကဲ.. မှန်ကြောင်လေးတွေ အဆင်ပြေနိုင်ကြပါစေနော်။

penny

SHARE