Doctor Strange ဇာတ်ကားသစ် ရိုက်ကူးရေး စတင်တော့မှာ အတည်ပြုခဲ့တဲ့ Chiwetel Ejiofor

MCU

Doctor Strange ဇာတ်ကားကတော့ လူငယ်တော်တော်များများ သိကြပြီး ဖြစ်မှာပါ။ ဒီဇာတ်ကားဟာ Marvel ရဲ့ အကောင်းဆုံးဇာတ်ကားတွေထဲက ဇာတ်ကားတစ်ကားဖြစ်သလို စူပါဟီးရိုးပရိသတ်တွေရဲ့ အသည်းစွဲဇာတ်ကားတစ်ကားဆိုလည်း မမှားပါဘူး။  နောက်ဆက်တွဲဖြစ်တဲ့ Doctor Strange in the Multiverse of Madness ဇာတ်ကား ရိုက်ကူးမယ့်အကြောင်းကို ကြေညာခဲ့ပေမယ့် COVID 19 ကပ်ရောဂါအခြေအနေကြောင့် ဇာတ်ကားကို ရိုက်ကူးနိုင်ခြင်း မရှိခဲ့ပါဘူး။ ဒါပေမယ့် မကြာခင်အချိန်အတွင်းမှာ Doctor Strange ဇာတ်ကားသစ်ကို ရိုက်ကူးတော့မှာဖြစ်ကြောင်း Screenrant သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

 

 

View this post on Instagram

 

The Sorcerer Supreme. 🔮

A post shared by Dr. Stephen Strange (@doctor.strange) on

ဒီသတင်းဟာ Doctor Strange ပရိသတ်တွေအတွက် တော်တော် ဝမ်းသာစရာကောင်းတဲ့ သတင်းတစ်ခုဖြစ်သလို စူပါဟီးရိုးပရိသတ်တွေအတွက် ကြည့်စရာ ဇာတ်ကားကောင်းတစ်ကား တိုးလာတာလည်း ဖြစ်ပါတယ်။ ဒီသတင်းကို အတည်ပြုပြောကြားခဲ့တဲ့သူကတော့ Baron Mordo အဖြစ် သရုပ်ဆောင်တဲ့ Chiwetel Ejiofor ပဲ ဖြစ်ပါတယ်။ Baron Mordo ကလည်း တစ်ခြားသူတော့ မဟုတ်ပါဘူး။ Doctor Strange ဇာတ်ကားထဲက Ancient One ရဲ့ တပည့် အရင်းခေါက်ခေါက်ပဲ ဖြစ်ပါတယ်။

View this post on Instagram

Practice makes perfect. 👀

A post shared by Dr. Stephen Strange (@doctor.strange) on

မကြာသေးခင်အချိန်က Ejiofor ရဲ့ Netflix က ထုတ်လွှင့်မယ့် “The Old Guard” လို့ အမည်ရတဲ့ ဇာတ်ကား ရဲ့ ပရိုမိုးရှင်းပွဲမှာ Screen Rant သတင်းဌာနကနေပြီးတော့ Ejiofor နဲ့ အင်တာဗျူးတစ်ခု ပြုလုပ်ခဲ့ပါတယ်။ အဲဒီအချိန်မှာ Screen Rant သတင်းဌာနဘက်ကနေပြီးတော့ MCU(Marvel Cinematic Universe) မှာ ဇာတ်ကားတွေ ဆက်ရိုက်ဖို့ အစီအစဉ်ရှိမရှိ မေးမြန်းခဲ့ရာမှ မကြာခင်အချိန်မှာ Doctor Strange 2 ဇာတ်ကားကို ပြန်ရိုက်ဖို့ စီစဉ်နေပြီဖြစ်ကြောင်း သိခဲ့ရတာပဲ ဖြစ်ပါတယ်။

READ
ကင်ဆာမဖြစ်စေမယ့် ဝက်ပေါင်ခြောက်ကို ဗြိတိန်နိုင်ငံမှာ တီထွင်ထုတ်လုပ်

“အခုအချိန်မှာ ကျွန်ပြောပြနိုင်တဲ့ သတင်းကောင်းကတော့ မကြာခင်အချိန်မှာ Doctor Strange in the Multiverse of Madness  ပြန်ရိုက်ဖို့စီစဉ်နေကျပြီ ဆိုတာပါပဲ။ ကျွန်တော်ကတော့ အဲဒီဇာတ်ကားမှာ Baron Mordo ဇာတ်ရုပ်ကနေပြီးတော့ပဲ သရုပ်ပြန်ဆောင်ရမှာပါ။ ကျွန်တော်ကိုယ်တိုင်လဲ ဒီဇာတ်ကားကိုရိုက်ဖို့အတွက် တော်တော်စိတ်လှုပ်ရှားနေပါပြီ” လို့ Ejiofor က ပြောကြားခဲ့ပါတယ်။

Pyi Hein Kyaw

SHARE