Spider-Man 3 မှာ ပါဝင်ဖို့ သေချာသွားပြီဖြစ်တဲ့ Doctor Strange

[email protected] doctor.strange

မကြာသေးခင်အချိန်တုန်းကပဲ Doctor Strange အဖြစ် သရုပ်ဆောင်တဲ့ မင်သားကြီး Benedict Cumberbatch တစ်ယောက်ကတော့ မကြာခင် ရိုက်ကူးတော့မယ့် Spider-Man 3 ဇာတ်ကားမှာ ပါဝင်ဖို့ သေချာသွားခဲ့ပြီဖြစ်ကြောင်း Digitalspy သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။ ဒါပေမယ့် အခုအချိန်အထိ Spider-Man 3 ရဲ့ ဇာတ်အိမ်အကြောင်းကို သေသေချာချာ မသိရသေးသလို Doctor Strange တစ်ယောက်ဟာလည်း ဇာတ်လမ်းတစ်ခုလုံးမှာ တောက်လျှောက်သရုပ်သွားမလား ဒါမှမဟုတ် ခဏတာပဲ ထွက်ပေါ်လာမလားဆိုတာကိုတော့ စောင့်ကြည့်ရအုံးမှာပဲ ဖြစ်ပါတယ်။

 

Spider-Man 3 ဇာတ်ကားဟာ လက်ရှိအချိန်မှာတော့ Spider-Man ပရိသတ်တွေ မျှော်လင့်စောင့်စားနေတဲ့ ဇာတ်ကားတစ်ကားဆိုလည်း မမှားပါဘူး။ ဘာကြောင့်လဲဆိုတာကတော့ မကြာသေးခင်အချိန်ကပဲ The Amazing Spider-Man 2 ဇာတ်ကားထဲမှ ဗီလိန် Electro အဖြစ် သရုပ်ဆောင်ခဲ့တဲ့ Jamie Foxx တစ်ယောက်ဟာလည်း Spider-Man 3 ဇာတ်ကားထဲမှာ ပြန်လည်ပါဝင်လာမယ်လို့ အတည်ပြုခဲ့တဲ့ သတင်းကြောင့်လည်း ဖြစ်ပါတယ်။ ပြီးတော့ Spider-Man: Far From Home ဇာတ်ကားရဲ့ နောက်ဆုံးအခန်းမှာ ပေါ်လာတဲ့ J Jonah Jameson ကြီးတစ်ယောက်ဟာလည်း Spider-Man 3 ဇာတ်ကားထဲမျာ ပါဝင်လာမယ်လို့ အတည်ပြုခဲ့ပါတယ်။

READ
သူမရဲ့ ပရိသတ်ကို မကောင်းပြောတာမခံနိုင်လို့ ပြန်လည်တုံ့ပြန်လိုက်တဲ့ သံသာမိုးသိမ့်

 

ဒါ့ကြောင့် Doctor Strange လည်း ဒီဇာတ်ကားထဲမှာ ပါဝင်လာမယ်ဆိုတဲ့ သတင်းကြားရတဲ့ အချိန်မှာတော့ ပရိသတ်တော်တော်များများဟာ Electro နဲ့ J Jonah Jameson တို့နှစ်ယောက် ဘယ်လိုပုံစံနဲ့ ပြန်ပေါ်မလဲဆိုတာကို တော်တော်လေး စိတ်ဝင်စားခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ Electro ဟာ The Amazing Spider-Man 2 ဇာတ်ကားထဲကဖြစ်ပြီး J Jonah Jameson က (၂၀၀၀)ပြည့်နှစ် ၀န်းကျင်တွေက ထွက်ရှိခဲ့တဲ့ Spide-Man Trilogy ဇာတ်ကားတွေထဲက ဖြစ်နေတာကြောင့်ပါ။ မတူညီတဲ့ Universe ထဲက ဇာတ်ကောင်နှစ်ယောက်ကို Doctor Strange တစ်ယောက် Spider-Man 3 ဇာတ်ကားထဲမှာ ဘယ်လိုပုံစံနဲ့ ပြန်ခေါ်ပြမလဲဆိုတာကတော့ တော်တော်လေးကို စိတ်ဝင်စားဖို့ကောင်းနေပါပြီ။

READ
စိတ်ကူးယဉ်ဆန်တဲ့ မင်္ဂလာဆောင် ဓါတ်ပုံလေးတွေရိုက်ကူးခဲ့တဲ့ ပိုင်တံခွန်နဲ့အဲလစ်အုန်း

 

 

View this post on Instagram

 

Just summoning a portal through. Don’t mind me! 🌟

A post shared by Dr. Stephen Strange (@doctor.strange) on

Pyi Hein Kyaw

SHARE