လူ့မျက်လုံးအိမ်ထဲဝင်ပြီး မျက်ရည်တွေကို သောက်သုံးနေတဲ့ အံ့သြဖွယ် ပျားများ

ထိုင်ဝမ်က ဆရာဝန်တွေဟာ အမျိုးသမီးတစ်ယောက်ရဲ့ မျက်လုံးအိမ်ထဲဝင်ပြီး မျက်ရည်တွေကို သောက်သုံးနေတဲ့ ပျားတွေကို ထိတ်လန့်ဖွယ် တွေ့ရှိခဲ့ကြပါတယ်။ လူနာအမျိုးသမီးဟာ အသက်(၂၀) ၀န်းကျင်အရွယ်ဖြစ်ပြီး အမည်မှာတော့ ဟီလို့ သိရပါတယ်။ သူမဟာ အမျိုးတစ်ယောက်နဲ့အတူ ပေါင်းပင်တွေနှုတ်နေတုန်း မမျှော်လင့်ပဲ ပျားတွေက သူမမျက်လုံးအိမ်ထဲကို ၀င်လာခဲ့တာ ဖြစ်ပါတယ်။ မကြာခင်မှာတော့ ဟီရဲ့ မျက်ခွံကြီးဟာ ရောင်ကိုင်းလာတာကြောင့် ဆေးရုံသွားပြတဲ့အခါ သူမရဲ့ ဖူးယောင်နေတဲ့ မျက်ခွံကြီးအောက်မှာ ပျားတွေကို တွေ့ခဲ့ရတာပါ။

AsiaWire

ဆေးရုံက ဆရာဝန်တစ်ဦးကတော့ ဟီရဲ့ အဖြစ်မျိုးဟာ ကမ္ဘာ့ပထမဆုံးဖြစ်ရပ်ဖြစ်တယ်လို့ ဆိုပါတယ်။ ဟီရဲ့ မျက်လုံးထဲဝင်တဲ့ ပျားမျိုးတွေဟာ အုတ်ဂူတွေနဲ့ လဲကျနေတဲ့ သစ်ပင်တွေနားမှာ အုံဖွဲ့ပြီး နေတတ်ပါတယ်။ ဒီလိုပျားတွေကို တောင်တက်တဲ့အခါ အလွယ်တကူ တွေ့နိုင်ကြောင်း သိရပါတယ်။

AsiaWire
AsiaWire

ဟီက သူမတို့ဟာ ဆွေမျိုးတစ်ယောက်ရဲ့ အုတ်ဂူနားမှာ ဆောင့်ကြောင့်ထိုင်ပြီး ပေါင်းပင်တွေနှုတ်နေတုန်း တစ်စုံတစ်ခုက သူမမျက်လုံးထဲ ၀င်လာတယ်လို့ ဆိုပါတယ်။ ပထမတော့ သဲတွေ ဖုန်တွေဝင်တယ်ပဲ သူမက ထင်ခဲ့ပါတယ်။ ဒါကြောင့် မျက်လုံးကိုတောင် ရေနဲ့ သွားဆေးလိုက်ပါသေးတယ်။ ညဘက်ရောက်တဲ့အခါမှာတော့ မျက်လုံးက စူးပြီး နာလာတာကြောင့် ငိုတောင် ငိုခဲ့ရကြောင်း ဟီက ပြောပြခဲ့ပါတယ်။

READ
သေဆုံးချိန်မှာ လှပစွာ ပြင်ဆင်ပေးဖို့တောင်းဆိုခဲ့တဲ့ ကင်ဆာဝေဒနာရှင်လေး
AsiaWire

ပျားတွေဟာ နာရီပေါင်းများစွာကြာအောင် မျက်ရည်တွေကို သောက်သုံးနေခဲ့တာကြောင့် မျက်လုံးထဲ ပိုးဝင်ပြီး မျက်ကြည်လွှာပါ ရောင်လာခဲ့ပါတယ်။ ဟီကို ကုသပေးခဲ့တဲ့ ဒေါက်တာဟန်းဂ်ကတော့ အခုလို ဆိုပါတယ်။ “လူနာရဲ့ မျက်လုံးထဲ ကြည့်လိုက်တော့ အင်းဆက်ခြေထောက်တွေလိုမျိုးကို မြင်တာနဲ့ မိုက်ကရိုစကုပ်နဲ့ ကြည့်လိုက်တယ်။ လက်စသတ်တော့ ပျားတွေ ဖြစ်နေတာကိုး။ သူတို့ကို သေမသွားအောင် တစ်ကောင်ချင်းစီ ဆွဲထုတ်ခဲ့ရတယ်။ စုစုပေါင်း ပျား(၄) ကောင်ပါ..”

AsiaWire

ဆရာဝန်အဆိုအရတော့ ၄င်းတို့ဟာ sweat bees လို့ ခေါ်ကြတဲ့ ပျားမျိုးတွေ ဖြစ်ကြောင်း သိရပါတယ်။ သူတို့ဟာ ပင်လယ်ရေမျက်နှာပြင်အထက် ပေပေါင်း(၃၂၈၀) ကျေ်မှာ နေကြတဲ့အပြင် လူတွေရဲ့ ချွေးနဲ့ မျက်ရည်လို အငန်ဓာတ်ပါတဲ့ အရသာတွေကို နှစ်ခြိုက်ကြောင်း သိရပါတယ်။ အခုဆိုရင်တော့ ဟီဟာ ဆေးရုံကနေ ဆင်းခွင့်ရတဲ့အထိ အခြေအနေကောင်းမွန်နေပြီး မကြာခင်မှာတော့ သူမက လုံးဝပြန်ကောင်းသွားလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

AsiaWire

လင်းလင်း (ShweMom)

READ
တရုတ်မှာလက်တလောရေပန်းစားနေတဲ့ ဖောက်ပြန်တာကိုသွားဖမ်းတဲ့ဗီဒီယိုအကြောင်း

Ref: dailymail

SHARE