အရေးပေါ်ခွဲစိတ်နေတုန်း မီးပျက်သွားလို့ ဖုန်းမီးတွေနဲ့ ခွဲစိတ်ခဲ့ရတဲ့ဆရာဝန်အဖွဲ့

Twitter / Portal O Estado

ယခင်က ဆေးရုံတော်တော်များများမှာ ခွဲစိတ်နေစဉ် မီးပျက်ပြီဆိုရင် လူနာရှင်တွေ မျက်ခုံးလှုပ်ရပါတယ်။ ဖွံ့ဖြိုးမှုနည်းပါးတဲ့ နိုင်ငံတွေမှာ မီးပြတ်တောက်မှုဟာ အမြဲလိုလို ကြုံရတတ်တဲ့ တရားသဘောလို့တောင် တွေးမြင်နေတာတွေ ရှိပါတယ်။ တစ်ချို့သော ဆေးရုံတွေမှာ မီးပြတ်တောက်ရင် အခြားစီစဉ်ထားတဲ့ ခွဲစိတ်မှုတွေကို ဆိုင်းငံ့ထားတာမျိုး ရှိတယ်လို့ ဆိုပါတယ်။

ပြည်တွင်းအဓိကရုဏ်းတွေ ဖြစ်နေတဲ့ ဗင်နီဇွဲလားမှာတော့ လရှည် မီးပြတ်တောက်မှုတွေရှိနေလို့ ဆေးရုံမှာဆေးကုသဖို့ အခက်အခဲ များစွာနဲ့ ကြုံတွေ့နေရတယ်လို့ သတင်းတွေက ဆိုပါတယ်။ အဲဒီနိုင်ငံမှာ ဆေးရုံတွေဟာ အမြဲတမ်း အမှောင်ထုအောက်မှာ လည်ပတ်နေရပြီး၊ ယနေ့ထက်ထိ မကျေလည်နိုင်သေးတဲ့ ပြည်တွင်းမတည်ငြိမ်မှုက ပြည်သူကို အများကြီး ဒုက္ခပေးနေတာ မြင်သာစေမှာပါ။

 

အခု ဘရာဇီးနိုင်ငံ၊ Teresina မြို့မှာ တည်ရှိတဲ့ Dona Evangelina Rosa အမည်ရ ဆေးရုံမှာ ဒေါက်တာတွေဟာ အရေးပေါ်ခွဲစိတ်မှုတစ်ခု ပြုလုပ်နေစဉ်မှာ မီးပြတ်တောက်သွားတဲ့အတွက် ဖုန်းတစ်လုံးရဲ့ Flash မီးကို အသုံးပြုပြီး လုပ်ငန်းပြီးမြောက်အောင် ဆက်လက်ဆောင်ရွက်ခဲ့ရတယ်လို့ ဆိုပါတယ်။

ဒီအဖြစ်အပျက်ဟာ ပြီးခဲ့တဲ့ သောကြာနေ့ ဖြစ်ခဲ့တာလို့ သိရပါတယ်။ အဆိုပါနေ့က လေပြင်းမုန်တိုင်းတွေဒဏ်ကြောင့် မြို့တော်တော်များများလည်း မီးပြတ်တောက်ခဲ့ပြီး၊ အဲဒီဆေးရုံမှာ ညနေ(၁.၃၀)နာရီကနေ ညနေ (၆)နာရီအထိ မီးပြတ်တောက်မှုကို ကြုံတွေ့ခဲ့ရတယ်လို့ သိရပါတယ်။

Twitter / Portal O Estado

ဆေးရုံတာဝန်ရှိသူတွေရဲ့ ထုတ်ပြန်ချက်အရ သူတို့ဟာ မီးပြတ်တောက်သွားတဲ့အတွက် အရံမီးစက်ကို မိနစ်ပိုင်းအတွင်း မောင်းပေးနိုင်ခဲ့ကြောင်း သိရပါတယ်။ အဲဒီဆေးရုံမှာ မီးပြန်မလာခင်အချိန်ထိ မီးစက်တွေနဲ့ ဆက်လက်လည်ပတ်ခဲ့ရတယ်လို့ သိရပါတယ်။

လင်းသူရိန်

SHARE