Filler ထိုးခြင်းကြောင့် အမြင်အာရုံကွယ်နိုင်တယ်ဆိုပြီး ဆရာဝန်တွေသတိပေးထား

Evgenyrychko/Shutterstock

Filler ထိုးခြင်းအလေ့အထဟာ အနောက်နိုင်ငံတွေမှာတင်မကဘဲနဲ့ ကိုရီးယား၊ ဂျပန်၊ စင်္ကာပူစတဲ့ အာရှနိုင်ငံတွေအပြင် မြန်မာနိုင်ငံမှာလည်း ခေတ်စားလို့နေခဲ့ပါပြီ။ နှာခေါင်းချွန်သွားအောင်၊ နှုတ်ခမ်းကြီးလာအောင်၊ အရေးအကြောင်းတွေပျောက်သွားအောင်၊ အသားအရေတင်းရင်းသွားအောင်၊ မေးနှစ်ထပ်ဖြစ်ခြင်းမှ ပပျောက်အောင် စသည်ဖြင့် အမျိုးမျိုးသော filler တွေ ဟာ အလှအပရေးရာဆေးခန်းတွေမှာ လွယ်လင့်တကူပဲ ထိုးလို့ရနေကြပါပြီ။

ဒီကိစ္စနဲ့ပတ်သက်ပြီး Lad Bible မှာ ဖတ်ခဲ့ရတဲ့ အကြောင်းအရာလေးတစ်ခုကို ပြန်လည်မျှဝေပေးခြင်းပါတယ်။ Filler ဆိုတဲ့ ခေါင်းစဉ်အောက်မှာ မျက်နှာတွေကို လိုသလလိုဆေးထိုးကာပုံဖော်နိုင်နေပြီဖြစ်တာကြောင့် အရင်ကလိုမျိုး ခွဲစိတ်ခန်းတွေထဲဝင်ပြီး ပလတ်စတစ်ဆာဂျရီအကြီးစားကြီးတွေ လုပ်ဖို့ မလိုအပ်တော့တာဟာ နည်းပညာရဲ့ကောင်းကျိုးတစ်ခုဆိုတာ လက်ခံရမှာပါပဲ။ အရာရာတိုင်းမှာ ကောင်းကျိုးဆိုတာလည်း ရှိုနိုင်သလို ဆိုးကျိုးဆိုတာလည်း ဒွန့်တွဲနေစမြဲပါပဲ။

dimid_86/Shutterstock

အနောက်နိုင်ငံတွေဖြစ်တဲ့ အမေရိန်၊ ယူကေ၊ ကနေဒါနဲ့ သြဇီတို့ကတော့ filler ထိုးရာမှာ အလုပ်အများဆုံးအနောက်နိုင်ငံတွေလို့တောင် ပြောရမှပါပဲ။ အဲဒီအထဲကမှ သြစတေးလျမှာတော့ တစ်နှစ်တည်းကို တရားဝင်ပလတ်စတစ်ဆာဂျရီအသေးစားလေးတွေ ပြုလုပ်တဲ့အကြိမ်အရေအတွက်ဟာ မနှစ်တုန်းကဆိုရင် အကြိမ်ပေါင်း ၅ သိန်းကျော်တောင် ရှိလို့နေခဲ့ပါတယ်။

READ
ပေါင်မုန့်စားတဲ့အကျင့်ကိုစွန့်လွှတ်ဖို့ ဆုံးဖြတ်လိုက်ရင် ခန္ဓာကိုယ်ထဲ ဘာတွေပြောင်းလဲလာနိုင်မလဲ

Plastic and Reconstructive Surgery ဆိုတဲ့ ဂျာနယ်တစ်ခုမှာ ဖော်ပြထားချက်အရတော့ ပလတ်စတစ်ဆာဂျူရီအသေးစားတွေ၊ အထူးသဖြင့် filler ထိုးခြင်းရဲ့နောက်ကွယ်မှာ အမြင်အာရုံကွယ်စေတဲ့ ဖြစ်ရပ်မျိုးတွေဟာ အရင်ကထက်ကိုပိုပြီး များလာခဲ့တယ်လို့သိရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး Cosmetic Surgery သြစတေးလျတက္ကသိုလ်မှ ကျောင်းအုပ် Dr Urene Kyshelew ကလည်း သတိပေးထားပါသေးတယ်။ Filler ထိုးခြင်း ခေတ်စားလာတာနဲ့အညီ ဆေးခန်းတွေဟာလည်း မှိုလိုပေါက်လာခဲ့ကြကာ အရင်တုန်းက ဈေးကြီးပေးဝယ်ရတဲ့ ဆေးဝါးအစစ်တွေနေရာမှာ လူတွေရဲ့လောဘစိတ်ကြောင့် ဆေးဝါးအတုတွေ၊ တရားမဝင်ဆေးတွေ ပေါ်ပေါက်လာခဲ့တာကြောင့် သြစတေးလျမှာဆိုရင် filler ထိုးထိုးပြီးချင်း အမြင်အာရုံကွယ်ကွယ်သွားခဲ့တာဟာ ဒီနှစ်အတွင်း ၉၄% အထိ မြင့်တက်လာခဲ့ပါတယ်တဲ့။

Evgenyrychko/Shutterstock

ဒီအပြင် ထိုးပေးတဲ့ဆရာဝန်ဟာလည်း မျက်နှာပေါ်မှာရှိတဲ့ အထိမခံတဲ့သွေးကြောတွေတည်နေရာကိုလည်း ကျွမ်းကျင်စွာသိပြီး ရှောင်ထိုးတတ်ဖို့ကလည်း အရေးကြီးပါသေးတယ်။ မကျွမ်းကျင်ဘဲ စမ်းတဝါးဝါးနဲ့ထိုးလိုက်လို့ သွေးကြောတွေထဲ filler ထဲက ဓာတုအရည်တွေ ရောက်သွားတဲ့အခါမှာ သွေးကြောပိတ်တာတွေ၊ ပေါက်တာတွေ၊ သွေးကြောစီးတဲ့နေရာတစ်လျှောက် အဲဒီအရည်တွေပါသွားတတ်ပြီး တစ်နေရာရာမှာ သွားပိတ်တာမျိုးတွေ စသည်ဖြင့် ဖြစ်ပွားတတ်ပါသေးတယ်။

Penny

SHARE