လူကြည့်များနေတဲ့ ဝူဟန်မြို့တွင်းက ကိုယ်တွေ့ဖြစ်ရပ်တွေအကြောင်း မှတ်တမ်းတင်ဗီဒီယို

YouTube-和之梦 - 官方频道

ဝူဟန်ဟာ အရင်တုန်းကတည်းက တရုတ်နိုင်ငံမှာရှိနေတဲ့ မြို့ငယ်လေးတစ်မြို့ပါ။ ၂၀၁၉ ခုနှစ်ရဲ့ နှစ်ကုန်လောက်ကစပြီး ဒီမြို့လေကနေပြီး တစ်ကမ္ဘာလုံးကိုခြောက်လှန့်စေမယ့် ကပ်ရောဂါကြီးတစ်ခု စတင်ပြန့်နှံ့လာခဲ့ပါတော့တယ်။ ဝူဟန်မြို့ကတော့ စတင်ဖြစ်ပွားခဲ့တဲ့ နေရာအဖြစ်သတ်မှတ်ခြင်းခံထားရပြီး ဒေသတစ်ခုလုံးကို lockdown ချပြီးတော့ကို ထိန်းချုပ်ခဲ့ကြတာပါ။

ဒါပေမဲ့ အခုဆိုရင်တော့ ကပ်ရောဂါဖြစ်ပွားမှုနှုန်းဟာ စစချင်းကထက်စာရင်တော့ ဝူဟန်အပါအဝင် တချို့နိုင်ငံနဲ့မြို့တွေမှာတော့ ပြန်လည်ပျောက်ကင်းသူတွေနဲ့ ကူးစက်မှုနှုန်းထားကလည်း အနည်းငယ်လျော့နည်းစပြုလာခဲ့ပါပြီ။

YouTube-和之梦 – 官方频道

ဒီလိုစိတ်ဝင်စားမှုတွေနဲ့ ပြည့်နှက်နေခဲ့တဲ့ ဝူဟန်မြို့ကို ဂျပန်ဒါရိုက်တာတစ်ဦးဖြစ်တဲ့ Takeuchi Ryo ဟာ ဝူဟန်မြို့ထဲဝင်ပြီး မှတ်တမ်းတင်ဗီဒီယိုတွေရိုက်ကူးခဲ့ပါတယ်။ ဝူဟန်မြို့တွင်း ကပ်ရောဂါဘေးရင်ဆိုင်ခဲ့ရတဲ့ မိသားစု ၁၀ စုတို့ရဲ့ တကယ့်အတွေ့အကြုံတွကို မေးမြန်းရိုက်ကူးခဲ့တာပါ။ ဒီအစီအစဉ်ကိုရိုက်ကူးဖို့ Weibo မှတစ်ဆင့် မေလ ၁၅ ရက်နေ့တုန်းက Takeuchi Ryo ကို ဝူဟန်သို့ဖိတ်ခေါ်ရင်း စတင်ခဲ့တာပါ။

မဖိတ်ခေါ်လည်းဘဲ Takeuchi Ryo အနေနဲ့ ၂၀၂၀ ဇန်နဝါရီနဲ့ဖေဖော်ဝါရီတို့မှာ သွားဖို့စီစဉ်ထားခဲ့ပေမယ့် စောင့်ကြည့်ဖို့အတွက် အကြံပေးတာတွေရှိတာကြောင့် လေးလလောက် စောင့်ကြည့်ခဲ့တာပါတဲ့။ ဒီလိုနဲ့ ဇွန်လ ၁ ရက်နေ့မှာတော့ Takeuchi Ryo ဟာ သူ့အဖွဲကသားတွေနဲ့ ဝူဟန်မြို့ထဲရောက်သွားပါတော့တယ်။ စစရောက်ချင်းကတည်းက တစ်ရက်မပြတ် အင်တာဗျူးတွေလိုက်မေးနေခဲ့ရင်း တဖြေးဖြေးသိလာတာက ဝူဟန်ဟာ သူများတွေပြောနေကြသလို တိတ်ဆိတ်ပြီး ကြောက်ဖို့ကောင်းတဲ့မြို့တစ်မြို့မဟုတ်ဘဲ ဒီလိုကာကတွေအတွင်းမှာတောင် အိမ်မှာ မိသားစုတွေချစ်ချစ်ခင်ခင်နဲ့နေကာ ညဖက်တွေမှာ ထမင်းလက်ဆုံအတူတူစားရင်း ပျော်ရွှင်နေကြတာပါတဲ့။

READ
အိန္ဒိယနိုင်ငံမှာ လူခြောက်ယောက်ကိုသတ်ဖြတ်ခဲ့တဲ့ ကျားကို ဖမ်းဆီးရမိ
YouTube-和之梦 – 官方频道
YouTube-和之梦 – 官方频道

ဝူဟန်အကြောင်း ဖြစ်ရပ်မှန်ဗီဒီယိုလာရိုက်တယ်လည်းပြောရော မြို့ခံတွေဟာ တစ်နေရာနဲ့တစ်နေရာသွားတာကို အလကားလိုက်ပို့ပေးတာတွေ၊ အဖွဲ့သားတွေတည်းဖို့ကို သက်သာပြီးကောင်းတဲ့ဟိုတယ်တွေအပြင် မြို့ရဲ့ အထင်ကရနေရာတွေကိုလည်း ပိုက်ဆံမယူဘဲ လိုက်ပို့ပေးခဲ့ကြတာပါ။ ဒါကတော့ Takeuchi Ryo တို့ ရိုက်ကူးထားခဲ့တဲ့ အင်တာဗျူးဗီဒီယိုပဲဖြစ်ပါတယ်။ Aisa One မှ ကိုးကားဖော်ပြပေးလိုက်ပါတယ်။

Penny

SHARE