ငရဲရဲ့ ဂိတ်တံခါးပေါက်များလို့ကမ္ဘာတစ်ဝှမ်းမှ ယုံကြည်လက်ခံထားကြတဲ့နေရာများ

ကောင်းကင်နဲ့ ငရဲဆိုတာ ကျွန်တော်တို့ သေပြီးရင် သွားရမဲ့ နေရာ ၂ ခုဖြစ်တယ် လို့ လူအများက ယုံကြည်လက်ခံကြပါတယ်။ကျွန်တော်တို့သေပြီးရင် ကောင်းကင်ဘုံ၊ငရဲလား၊ဒါမှ မဟုတ်တခြားသော ဘုံဘ၀တွေထဲကမှ ဘယ်ကိုရောက်မလဲဆိုတာ ကျွန်တော်တို့ရဲ့ ဘာသာတရားတွေအရ ယုံကြည်ကြပြီး အချိန်က ပြောပြသွားမှာ ဖြစ်ပါတယ်။သမိုင်းတစ်လျှောက်မှ လူများကတော့ ကောင်းကင်နဲ့ ငရဲဆိုတာဟာ မြေကြီးမှာပဲ ဂိတ်တံခါးဝတွေရှိတယ် လို့ယုံကြည်ကြပြီး အခုဒီမှာတော့ Shwemom ပရိတ်သတ်ကြီးအတွက် ငရဲ ရဲ့ ဂိတ်ပေါက်များလို့ သမိုင်းအဆက်ဆက် ယုံကြည်ခဲ့ကြတဲ့ နေရာများကို ဖော်ပြပေးလိုက်ပါတယ်။

၁။ မာယန် မြေအောက်ရေကန် (The Mayan Cenotes)

မြေအောက်ရေကန် ဆိုတဲ့ စကားလုံးဟာ မာယန် ဘာသာစကားအရ အလေးအမြတ်ထားသင့်တဲ့ ရေတွင်းလို့ အဓိပ္ပါယ်ရပြီး မာယန် မြေအောက်ရေကန်ဟာ အမေရိက တိုက်အလယ်ပိုင်းနဲ့ မက္ကဆီကို နိုင်ငံ အောက်ဘက်ပိုင်းမှာ စီးဆင်းနေတဲ့ မြေအောက် ရေလမ်းကြောင်းတစ်ခုဖြစ်ပါတယ်။မာယာ လူမျိုးတွေဟာ ဒီမြေအောက်ရေကန်က ငရဲရဲ့ ဂိတ်ဝဖြစ်တယ် လို့ယုံကြည်ကြပြီး ထိုမြေအောက်ရေကန်မှာ လူများကို စတေးခြင်းဖြင့် ငရဲမင်းကို ပူဇော်လေ့ရှိကြပါတယ်။

၂။ မာဆာယာ မီးတောင် (Masaya Volcano)

မာဆာယာ မီးတောင်ဟာ အမေရိကတိုက် အလယ်ပိုင်း နီကာရာဂွာ နိုင်ငံ (Nicaragua) ရှိတဲ့ မီးတောင်တစ်ခုဖြစ်ပြီးစပိန်ဒေသခံတွေကတော့ ဒီမီးတောင်ကို Siren နတ်ဘုရား (ဂရိပုံပြင်လာမိန်းမကိုယ်လုံး၊ငှက်ဦးခေါင်းရှိရေသတ္တဝါ)ရဲ့ ဘုံဗိမ္မာန်လို့ ယုံကြည်ကြပြီး ငရဲ ရဲ့ ဂိတ်ပေါက်တစ်ခုလည်း ဖြစ်တယ် လို့ယုံကြည်ကြပါတယ်။

READ
ကမ္ဘာတစ်ဝှမ်းမှထူးထူးခြားခြား ရိုးရာပွဲတော်များ

၃။ စိန့် ပက်ထရစ် သန့်စင်ရာ အဆောက်အဦး ( St Patrick’s Purgatory)

အိုင်ယာလန်နိုင်ငံ လောင်ဒန် ရေ ကန် (Lough Derg) မှာ တည်ရှိတဲ့ စိန့် ပက်ထရစ် သန့်စင်ရာ အဆောက် အဦးဟာ ၁၅ ရာစုနှစ်ကတည်းက တည်ထောင်ခဲ့တဲ့ အဆောက်အဦးတစ်ခုဖြစ်ပါတယ်။စိန့် ပက်ထရစ်ဟာ ခရစ်ယာန်ဘာသာကို ဟောပြောခဲ့တဲ့အတွက် အနှိပ်စက်ခံခဲ့ရပြီးနောက်ပိုင်းမှာ စိန့် ပက်ထရစ် အမြင်အာရုံရလာခဲ့ပြီး ဒီအဆောက်အဦးတည်နေရာမှာ သေဆုံးသူတွေ ငရဲကို သွားနေကြတာကို မြင်ခဲ့တယ် လို့ ဆိုပါတယ်။ဒါကြောင့် ဒီကျောင်းတော်ကို ကတ်သလစ်ဘုရားဖူးတွေ လာရောက်ပြီး ဖူးမျှော်လေ့ရှိကြတယ် လို့သိရပါတယ်။

၎။ သေဆုံးသူများ ငရဲသို့ ကူးတို့ဖြင့် ကူးသွားရသည့် ချောင်း (The Acheron)

Acheron မြစ်ဟာ ဂရိနိုင်ငံ မြောက်ပိုင်းမှာ စီးဆင်းနေတဲ့ မြစ်တစ်ခုဖြစ်ပြီး ဒေသခံတွေကတော့ ပူဆွေးခြင်းရဲ့ မြစ်လို့ ခေါ်ဆိုကြပါတယ်။ဂရိယုံကြည်ချက်ထဲမှာ ငရဲ ရဲ့ ဂိတ်ဝတွေ အများအပြားရှိပြီး Acheron မြစ်ဟာ ငရဲရဲ့ ဂိတ်ဝတွေထဲက တစ်ခုဖြစ်တယ် လို့လက်ခံထားကြတာဖြစ်ပါတယ်။ဟိုးမာရဲ့ အိုဒက်ဆီ အလင်္ကာ ကြီးနဲ့ ဒန်တီရဲ့ Inferno စတဲ့ စာပေတွေမှာ လည်း Acheron မြစ်ကို ငရဲ ဂိတ်ဝ တစ်ခုအဖြစ် ဖော်ပြခဲ့ကြပါတယ်။

READ
ကလေးတွေကို အိမ်မှုကိစ္စများကူလုပ်ခိုင်းသင့်တဲ့အကြောင်းအရင်းများ

၅။ ဟီခါ တောင် ( Mount Hekla)

အိုက်စလန် နိုင်ငံရဲ့ တောင်ဘက်ခြမ်းမှာ ရှိတဲ့ ဟီခါတောင် ဟာ ငရဲရဲ့ ဂိတ်တံခါး တစ်ခုအဖြစ် ကာလရှည် လက်ခံခဲ့ကြတာ ဖြစ်ပါတယ်။၁၂ ရာစုခန့်မှာ သားစားငှက်များစွာ ဟီခါတောင်ထိပ်မှာ ပျံဝဲနေကတည်းက ဟီခါကို ငရဲ ဂိတ်တံခါး တစ်ခု အဖြစ် ယူဆခဲ့တာ ဖြစ်ပြီး ဒီသားစားငှက်တွေ ဟာ ငရဲသားများရဲ့ ၀ိညာဉ်များသာ ဖြစ်တယ် လို့လက်ခံခဲ့ကြတာဖြစ်ပါတယ်။တခြားသော အယူအဆတွေအရ ဟီခါတောင်ဟာ ယေရှုကို သစ္စာဖောက်ခဲ့တဲ့ ယုဒရှကာရုတ်ရဲ့ ထာဝရ ငရဲ ဖြစ်တယ် လို့ ဆိုကြပါတယ်။

Slash (Shwemom)

Ref : India Times

SHARE