ခွေးကလေးတွေဟာ လူတွေရဲ့ အချစ်ဆုံး အိမ်မွေးတိရစ္ဆာန်ဖြစ်တာ မဆန်းပါဘူး။ ဘာကြောင့်လဲဆိုတော့ တိရစ္ဆာန်တွေထဲမှာ လူတွေအပေါ် အနားလည်ဆုံးနဲ့ လူတွေအပေါ် သံယောဇဉ်အရှိတတ်ဆုံးက ဒီခွေးလေးတွေပဲ ဖြစ်ပါတယ်။ သခင်ဖြစ်သူတွေရဲ့ မျက်နှာအရိပ်အကဲကို အချိန်မရွေးကြည့်နေတတ်ပြီး အမြဲတမ်း အလိုက်တသ်နေထိုင်တတ်တာလည်း ဒီခွေးလေးတွေပါပဲ။ အခုလည်း ခွေးကလေးတစ်ကောင်ဟာ သခင်ဖြစ်သူရဲ့ သမီး စာမလုပ်ပဲ တီဗ္ဗီကြည့်နေတုန်း သူ့သခင်ဖြစ်သူပြန်လာတာနဲ့ အဆိုပါကောင်မလေးကို တီဗ္ဗီချက်ချင်း ပိတ်ဖို့နဲ့ စာလုပ်ဖို့ အချက်ပေးခဲ့ကြောင်း Next Shark သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

အဆိုပါခွေးကလေးကတော့ တရုတ်နိုင်ငံရှိ Nuomi လို့ အမည်ရတဲ့ German Shepherd ပဲ ဖြစ်ပါတယ်။ Nuomi ဟာ သခင်ဖြစ်သူ ရုံးက ပြန်လာခါနီး အိမ်ရှေ့ဧည့်ခန်းမှာ ယောက်ယက်ခတ်နေခဲ့ပါတယ်။ အကြောင်းကတော့ သခင်ဖြစ်သူရဲ့ သမီးလေး Guanlin ဟာ အိမ်စာမလုပ်ပဲ တီဗ္ဗီခိုးကြည့်နေလို့ပဲ ဖြစ်ပါတယ်။ ဒီလိုနဲ့ သခင်ဖြစ်သူရဲ့ ခြေသံကို ကြားလိုက်တာနဲ့ Nuomi ဟာ Guanlin ကို စာလုပ်ဖို့ အချက်ပေးခဲ့သလို Nuomi လေးဟာလည်း Guanlin အချက်ပေးတာကို သဘောပေါက်ခဲ့ပါတယ်။ အဲဒီနောက် ချက်ချင်းဆိုသလို တီဗ္ဗီကိုပိတ်ကာ စာလုပ်ချင်ယောက်ဆောင်ခဲ့ပါတယ်။
အဆိုပါဗီဒီယိုဟာ ဆိုရှယ်မီဒီယာမှာ အချိန်တခဏအတွင်း ပျံ့နှံ့ခဲ့ပြီး ကြည့်ရှု့သူ ၅ သန်းအထိ ရှိခဲ့ပါတယ်။ “Nuomi ဟာ တစ်ကယ့် ကို လိမ္မာတဲ့ ခွေးလေးပါ။ သမီးကို အချက်ပေးတာ ကျွန်တော်တောင် မသိရပါဘူး။ အဲဒီနေ့တုန်းက ကျွန်တော်အိမ်ပြန်လာတဲ့အချိန် သမီးကို စာလုပ်နေတယ်ပဲ ထင်ခဲ့တာ။ နောက်မှ CCTV ပြန်ကြည့်မှ သိခဲ့ရတာပါ။ ကျွန်တော့်ကလေးနှစ်ယောက်နဲ့ Nuomi က တော်တော်လေးကို အပေါင်းအသင်း ဖြစ်ကြပါတယ်။ ကျွန်တော့်ကလေးနှစ်ယောက် မမွေးခင်ကတည်းက Nuomi ဟာ ကျွန်တော်တို့ မိသားစုနဲ့ အတူတူ ရှိနေခဲ့တာပါ။ Nuomi ဟာ တော်တော်လေးကို လိမ္မာရေးခြားရှိပြီး ဘာမှ သင်ပေးစရာမလိုအောင် လူစကားနားလည်တတ်တဲ့ ခွေးလိမ္မာလေးတစ်ကောင်ပဲ ဖြစ်ပါတယ်”လို့ Nuomi ရဲ့ သခင်ဖြစ်သူမှ ပြောကြားခဲ့ပါတယ်။

Pyi Hein Kyaw