ခွေးကြီးအနား သွားအိပ်လေ့ရှိတဲ့ အသည်းယားလောက်အောင် ချစ်စဖွယ် ကလေးလေး

YouTube- Dogtooth Media

Dog Tooth ဆိုတဲ့ YouTube channel မှာ ဗီဒီယိုလေးတစ်ခုကြည်လိုက်ရပါတယ်။ ကလေးလေးနဲ့ ခွေးလေးတို့ရဲ့ မနက် ၃ နာရီအချိန်ကြီးမှာ ရိုက်ထားမိတဲ့ဗီဒီယိုလေးပါ။

ကလေးလေးနာမည်ကတော့ Fin Knudston ပါတဲ့။ ၂၃ လပဲရှိပါသေးတယ်။ Fin လေးတို့အိမ်မှာ Fin အရမ်းချစ်ရတဲ့ ခွေးကြီးတစ်ကောင်လည်းရှိနေပါသေးတယ်။ Brutus ပါ။

အဲဒီညတုန်းက Fin လေးဟာ အိပ်နေရာမှာ ရုတ်တရက်နိုးလာခဲ့ပါတယ်။ နောက် သူ့ရဲ့အရုပ်လေးကိုပိုက်၊ စောင်လေးကိုယူပြီး ယိမ်းတိမ်းယိုင်တိုင်နဲ့ ခုတင်ပေါ်ကနေဆင်းလာခဲ့ပါတယ်။ နောက် ကြမ်းပြင်မှာအိပ်နေတဲ့  Brutus အနားကို သွားတိုးပါတော့တယ်။

YouTube- Dogtooth Media

Brutus ကလည်း ဘာလဲဟဆိုတဲ့ သဘောနဲ့ လန့်နိုးလာခဲ့ပေမယ့် Fin မှန်းလည်းသိရော စိတ်ချလက်ချနဲ့ပြန်အိပ်ဖို့ ကြိုးစားခဲ့ပါတော့တယ်။ Fin က ဒီမှာတင် ငြိမ်ငြိမ်လေးအိပ်သွားတာမဟုတ်ပါဘူး။ အိပ်ရတာ သက်တောင့်သက်သာမရှိလို့နေမယ် ဟိုလှိမ့်ဒီလှိမ့်နဲ့ Brutus ကိုလည်း အိပ်မရအောင်လုပ်နေသလိုပါပဲ။

READ
သင့်အနေနဲ့ နှစ်ခါပြန်ကြည့်မှ သဘောပေါက်မယ့် ဓာတ်ပုံများ
YouTube- Dogtooth Media
YouTube- Dogtooth Media
YouTube- Dogtooth Media

Brutus ရဲ့ တင်ပါးပေါ်မှာသွားအိပ်လိုက်၊ ရင်ခွင်ထဲတိုးအိပ်လိုက်၊ ဗိုက်ထဲအိပ်လိုက်နဲ့ အိပ်ဖို့နေရာ ကောင်းကောင်းကိုမရရှာပါဘူးတဲ့လေ။ နောက်ဆုံး တော်တော်လေး ကြာကာမှ Fin လည်း Brutus ရဲ့ရင်ခွင်ထဲ အိပ်ပျော်သွားပါတော့တယ်။

ဒါတွေအကုန်လုံးကို Fin အခန်းထဲမှာတပ်ထားတဲ့ လုံခြုံရေးကင်မရာကနေတစ်ဆင့် ဖမ်းယူရမိခဲ့တာပါ။ Fin တစ်ယောက်အခုလို Brutus အနားမှာ သွားသွားအိပ်နေခဲ့တာ အခုမှမဟုတ်တော့ပါဘူးတဲ့။ Fin လာမအိပ်လည်း Brutus က Fin ခုတင်ပေါ်သွားအိပ်လေ့ရှိပါတယ်။ ခွဲမရတဲ့ မိသားစုဝင်တွေပါလို့ မိခင်ဖြစ်သူ Paige က Bored Panda ကိုေ ပြာလာခဲ့ပါတယ်။

YouTube- Dogtooth Media
YouTube- Dogtooth Media

penny

SHARE