ပြတင်းပေါက်ကနေ အတူငှက်ကြည့်နေကြတဲ့ သူငယ်ချင်းလေးနှစ်ဦးရဲ့ ချစ်စဖွယ်မြင်ကွင်း

ViralHog.com

အွန်လိုင်းပေါ်မှာ ချစ်စရာကောင်းတဲ့ ဗီဒီယိုလေးတစ်ခုကို dailymail သတင်းကနေတဆင့် တွေ့လိုက်ရပါတယ်။ ဗီဒီယိုထဲမှာ ခွေးလေးတစ်ကောင်ဟာ သူ့ရဲ့သူငယ်ချင်းကြောင်လေးတစ်ကောင်နဲ့အတူ ပြတင်းပေါက်တံခါးကနေ ဥယျာဉ်ထဲကိုကြည့်နေတာပါ။

YouTube/DailyMail

ခွေးလေးဟာ (၅) လသားအရွယ် ဘိုလို့အမည်ရပါတယ်။ ဘိုဟာ ဆိုဖာပေါ်ကိုခုန်တက်ပြီး ကြောင်နက်လေး ဂျက်စပါရဲ့ဘေးမှာ လာပြီးကပ်ထိုင်နေတာဖြစ်ပါတယ်။ ဗီဒီယိုလေးကို ပြီးခဲ့တဲ့ကြာသပတေးနေ့တုန်းက အမေရိကန်နိုင်ငံ အင်ဒီယားနားပြည်နယ် နော့သ်လစ်ဘာတီမြို့မှာ ရိုက်ကူးခဲ့တာပါ။

YouTube/DailyMail

ချစ်စရာကောင်းတဲ့ ဗီဒီယိုလေးထဲမှာတော့ ဘိုဟာ ဂျက်စပါဆီကို သွားကာ ဂျက်စပါကိုဖက်လိုက်ပါတယ်။ ပြီးတော့ သူ့လက်တစ်ဖက်ကို ဂျက်စပါအပေါ်မှာ ဖက်ထားသလိုမျိုး တင်ထားခဲ့တာပါ။ ဂျက်စပါကလည်း သူ့နားကပ်လာတဲ့ ဘိုကို ဘာမှပြန်မလုပ်ပဲ သူငယ်ချင်းနှစ်ယောက်ဟာ ပြတင်းပေါက်ကနေ ငှက်တွေကိုအတူကြည့်နေခဲ့တာပါ။

YouTube/ViralHog

ဘိုနဲ့ ဂျက်စပါတို့ရဲ့သခင် မစ္စစ်ပလမ်မာက ဒီဗီဒီယိုကိုဖေ့စ်ဘုတ်ပေါ်တင်ထားခဲ့တာပါ။ “..ဘိုက ကြောင်လေးကို အရမ်းချစ်တာ။ ဒါပေမဲ့နှစ်ကောင်က အမြဲတမ်းအိမ်ကို ရုန့်ရင်းဆန်ခတ်ဖြစ်အောင် လုပ်တတ်တော့ သူတို့ကိုစိတ်ဆိုးရတာတွေလည်း ရှိတယ်။ အခုဒီမြင်ကွင်းလေးကတော့ တော်တော်ချစ်ဖို့ကောင်းတယ်။ အရင်က သူတို့ကို ဆူဆဲခဲ့တာတွေကို ပြန်နောင်တရမိတယ်..” လို့ ပြောခဲ့ပါသေးတယ်။

READ
သားနှစ်ယောက်ကို နာမည်ကြီးသရဲကားထဲကအတိုင်းအဝတ်ဆင်ပေးခဲ့လို့ နာမည်ကြီးနေသူ

လင်းလင်း (ShweMom)

SHARE