အချစ်ဆုံးသူငယ်ချင်းတွေ ဖြစ်နေတဲ့ ခြေမသန်နွားကလေးနဲ့ ငပျင်းခွေးကလေး

[email protected]

တိရစ္ဆာန်တွေဆိုတာ များသောအားဖြင့် မျိုးတူမှတစ်ကောင်နဲ့ တစ်ကောင် ဘောဒါတွေဖြစ်ကြတာပါ။ ဥပမာ ခွေးကလေးတွေနဲ့ ကြောင်ကလေးတွေဆို မျိုးမတူပါဘူး။ တစ်ကောင်နဲ့တစ်ကောင် အမြဲတမ်း ရန်မူနေလေ့ ရှိတတ်ကြပါတယ်။ ဒါပေမယ့် အခုပြောပြမယ့် ခွေးကလေးနဲ့ နွားကလေးတို့ကတော့ သူငယ်ချင်းတွေဖြစ်နေတာ ကြာပြီး တစ်ကောင်နဲ့တစ်ကောင် အရမ်းချစ်လွန်းလို့ မျက်စိအောက်ကတောင် အပျောက်မခံနိုင်ကြောင်း People သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

ပထမဦးဆုံးအနေနဲ့ Cupcake လို့ အမည်ရတဲ့ နွားကလေးရဲ့အကြောင်းပြောပြရမယ်ဆိုရင်တော့ Cupcake လေးဟာ ဘဝပေးကုသိုလ်ကံမကောင်းလှရှာပါဘူး။ Cupcake ဟာ မွေးရာပါ ရှေ့ခြေထောက်နှစ်ချောင်း မသန်ပါဘူး။ Cupcake လေးကို စမွေးကတည်းက ဘာမှခိုင်းမစားပဲ သခင်မဖြစ်သူ Genia Kay Meyer နဲ့ သူမရဲ့ ယောကျာ်းဖြစ်သူ Tim တို့ဟာ နွားတင်းကုပ်ထဲမှာပဲထားပြီး အစာအစာကအစ လင်မယားနှဏ်ယောက်စလုံး ကျွေးမွေးကြတာပဲ ဖြစ်ပါတယ်။

Posted by Cupcake & Bo on Friday, July 3, 2020

Cupcake ရဲ့ သူငယ်ချင်း ခွေးကလေး Bo ကတော့ Meyer တို့အိမ်မှာ မွေးထားတဲ့ နွားတွေကို ကျောင်းဖို့အတွက် အိမ်မွေးတိရစ္ဆာန်ဆိုင်က ဝယ်လာခဲ့တာပဲ ဖြစ်ပါတယ်။ Bo ရဲ့ မျိုးရိုးကတော့ ဒီလိုနွားအုပ်တွေကို ထိန်းကျောင်းရာမှာ အင်မတန်တော်လှပါတယ်။ ဒါပေမယ့် နွားစားကျက်က Meyer တို့ အိမ်နဲ့ အင်မတန်ဝေးတာကြောင့် စားကျက်ကို သွားမယ်ဆိုရင် ကားနဲ့သွားရပါတယ်။ ဒါပေမယ့် ပထမဦးဆုံး နွားစားကျက်ကို သွားတဲ့နေ့မှာတင် ခွေးကလေး Bo ဟာ ကားမူးပြီး အန်ပါတော့တယ်။ ဒါနဲ့ပဲ နောက်ရက်တွေ Bo ကို မခေါ်သွားတော့ပဲ Meyer တို့အိမ်မှာ ဒီအတိုင်း မွေးထားခဲ့ရာမှ Cupcake နဲ့ နေတာကြာပြီး ဘော်ဒါအရင်းအချာတွေ ဖြစ်လာပါတော့တယ်။

Cupcake stares him down. She was a hoot tonight.

Posted by Cupcake & Bo on Saturday, June 27, 2020

“နှစ်ကောင်က ခွဲထားလို့မရဘူး။ Bo ဆိုရင် အိမ်ထဲမှာ ခေါ်သိပ်ရင်တောင် မရဘူး။ နောက်ဆုံး Cupcake ရှိတဲ့ နွားတင်းကုပ်ထဲမှာ သူ့အတွက် အိမ်သေးသေးလေးထပ်ဆောက်ပေးလိုက်ရတယ်။ တစ်ကောင်နဲ့ တစ်ကောင်မတွေ့ရရင်လဲ အော်နေတော့တာပဲ။ အဆော့ကလဲသန်သလားမမေးနဲ့။ နှစ်ကောင်လုံးက တစ်ယောက်ကိုတစ်ယောက် တော်တော်သံယောဇဉ်ရှိကြပါတယ်” လို့ Meyer က ပြောကြားခဲ့ပါတယ်။

READ
ဇနီးထမ်းပြေးမာရသွန်ပွဲမှာ ကမ္ဘာ့ချန်ပီယံဆုကို ဆက်ပြီးထိန်းနိုင်ခဲ့တဲ့ လစ်သူယေးနီးယားစုံတွဲ

Pyi Hein Kyaw

SHARE