သခင်ဖြစ်သူခင်ဗျာအထိတ်တလန့်ဖြစ်သွားခဲ့ရတဲ့ ခွေးလေးရဲ့ရယ်စရာဇာတ်လမ်းလေး

[email protected]ittwit, Pixabay- varintorn

ခွေးကလေးတွေဟာ လူတွေရဲ့ အကောင်းဆုံးအဖော်မွန်ဖြစ်သလို အကောင်းဆုံးအိမ်မွေးတိရစ္ဆာန်လေးတွေလဲ ဖြစ်ပါတယ်။ ခွေးကလေးတော်တော်များများကတော့ ချစ်ဖို့ကောင်းပြီး တစ်ချို့ကောင်လေးတွေကျတော့လည်း လူလည်ကောင်လေးတွေပါ။ ဒါပေမယ့် အခုပြောပြမယ့် Corgi ခွေးလေးကတော့ တကယ့်တလွဲခွေးကလေးတစ်ကောင်ပါ။

ဘာကြောင့်လဲဆိုတော့ သူ့သခင်ဖြစ်သူ အပြင်ကပြန်ပြန်လာချင်း ရုတ်တရက် ကြမ်းပြင်ကိုကြည်လိုက်တဲ့အချိန်မှာတော့ Corgi တစ်ကောင် သွေးအလိမ်းလိမ်းနဲ့ ကြမ်းပြင်ပေါ်မှာ လဲကျနေတာတွေ့ရကြောင်း World Of Buzz သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

justcallmechrissy လို့ အမည်ရတဲ့ twitter အကောင့်ပိုင်ရှင်ဟာ တခြားတစ်ယောက်ရဲ့အဖြစ်ကို သူ့ Twitter ပေါ်မှာ ပြန်တင်ထားခဲ့တာပါ။ Corgi ပိုင်ရှင် Evangelina Wong ဟာ သူမအပြင်က ပြန်ပြန်လာချင့်း ခွေးကလေးဟာ ကြမ်းပြင်ပေါ်မှာ သွေးအလိမ်းလိမ်းနဲ့ မလှုပ်မယှက်လဲကျနေတာကြောင့် တော်တော်လေးကိုထူပူသွားပြီး Corgi အနားကိုသွားပြီး ပွေ့ချီလိုက်ခဲ့ပါတယ်။ ဒါပေမဲ့ သိလိုက်ရတာက အထင်နဲ့ အမြင် တက်တက်စင်အောင် လွဲသွားပြီဆိုတာပါပဲ။

READ
လည်တံအားကိုးနဲ့ စစ်ထိုးနေကြတဲ့ သစ်ကုလားအုတ်(၂) ကောင်ရဲ့ ရယ်စရာတိုက်ပွဲ
[email protected]

တကယ်တမ်းတော့ Corgi လေးဟာ မီးဖိုချောင်ထဲက နဂါးမောက်သီးတွေ အားရပါးရစားပြီး တစ်ကိုယ်လုံးပေပွနေတာပါတဲ့။ နဂါးမောက်သီးအရောင်ကလည်း ရုတ်တရက်ကြည့်လိုက်ရင် သွေးရောင်ပဲ ထင်ရတာကြောင့် သခင်မလန့်မယ်ဆိုလည်း လန့်လောက်စရာပါပဲ။

“ကျွန်မလည်း ရုတ်တရက်ဆိုတော့ ထူပူသွားတာပေါ့။ တစ်ခြားခွေးတွေများ ဝိုင်းကိုက်လို့ သေတာလား ဒါမှမဟုတ် ကားများတိုက်မိသလားပေါ့။ ဒီကောင် နဂါးမောက်သီးကို ဘယ်တုန်းကများ အဲဒီလောက်ကြိုက်သွားသလဲ မသိပါဘူးရှင်” လို့ Corgi ရဲ့ သခင်မက ပြောခဲ့ပါတယ်တဲ့။ Corgi လေးက သူ့သခင်မ ပွေ့လိုက်တဲ့အချိန်မှာတောင် မျက်လုံးက ရုတ်တရက် မပွင့်လာသေးပါဘူး။ အကြောင်းကတော့ နဂါးမောက်သီးတွေ အစားများပြီးတော့ ဗိုက်ပြည့်လို့ ဒင်းက နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတာတဲ့လေ။

READ
ကမ္ဘာကော်ျကာတွန်းဇာတ်ကားတွေမှာ မြင်ရတဲ့ ဟာသအလွဲလေးများ
[email protected]

Pyi Hein Kyaw

SHARE