လမ်းဘေးနေလမ်းဘေးစား ခွေးဘဝကနေ ကားပြခန်းတာဝန်ခံဖြစ်လာခဲ့တဲ့ ခွေးလေး

Instagram by tucson-prime

သူလေးရဲ့ပုံတွေကိုတော့ Facebook မှာ အားလုံးမြင်ပြီးခဲ့ပြီလို့ထင်ပါတယ်။ ဒါဆိုရင် ဘယ်လိုဘယ်ပုံနဲ့ ကားပြခန်းတာဝန်ခံဖြစ်သွားခဲ့လဲဆိုတာ ကြည့်လိုက်ရအောင်လား။

NDTV ရဲ့ ဖော်ပြချက်အရ ဒီအဖြစ်အပျက်လေးဟာ Brasil မှာရှိတဲ့ Hyundai showroom မှာ ဖြစ်သွားခဲ့တာပါတဲ့။ အဲဒီခွေးလေးဟာ အဲဒီ ကားပြခန်းရှေ့မှာ အမြဲတမ်းလိုလို နေနေကျဖြစ်နေပါပြီ။ ပိုင်ရှင်မဲ့ လမ်းဘေးခွေးလေးရှိတာကြောင့် ဝန်ထမ်းတွေက ကြုံရင်ကြုံသလို အစာကျွေးလိုက်နဲ့မလို့ လူတွေနဲ့ လည်း တော်တော်လေး ရင်းနှီးတဲ့ကောင်လေးလို့ ဆိုရမှာပါပဲ။

လူနဲ့ဘယ်လောက်ရင်းနှီးသလဲဆိုရင် အရောင်းပြခန်းကိုလာတဲ့ ဧည့်သည်တွေကိုတောင် သူက အမြှီးနှံ့ပြီး ကြိုတာတွေဘာတွေတောင် လုပ်နေတတ်ပြီတဲ့လေ။

https://www.instagram.com/p/CCgMczcgXF-/

ဒါနဲ့ပဲ ပြခန်းကမန်နေဂျာကနေပြီး ခွေးလေးရဲ့ ဖော်ရွေမှုကို အသိအမှတ်ပြုတဲ့အနေနဲ့ ဆွဲပြီးအလုပ်ခန့်လိုက်ခဲ့ပါတော့တယ်။ နောက် နာမည်လည်းပေးခဲ့သေးတယ်။ Tucson Prime တဲ့။ အခုတော့ အရောင်းဝန်ထမ်းလေး Tucson Prime ပေါ့။ အလုပ်ခန့်လိုက်ပြီဆိုတော့ တခြားဝန်ထမ်းတွေနဲ့ တန်းတူပဲ ဝန်ထမ်းကတ်လေးပါ ပေးခဲ့ပါသေးတယ်။ သူ့ဓာတ်ပုံလေးနဲ့ပေါ့။

READ
မိကျောင်းတွေထဲမှာတော့ အကြီးဆုံးသတ္တ၀ါကြီးလို့ သတ်မှတ်ခံခဲ့ရတဲ့ မိကျောင်းကြီး

https://www.instagram.com/p/CDcvJIsnXAg/

https://www.instagram.com/p/CDdxXoJnuOo/

ကားလာဝယ်တဲ့ customer ခွေးလေးတွေဆိုရင်လည်း သူကအဖော်လုပ်ပေးပါသတဲ့လေ။ ဒါလေးကတော့ သူ့ရဲ့ ကိုယ်ပိုင် Instagram account ပါ။ Follower ပေါင်း ၄၁,၀၀၀ ကျော်တောင်ရှိနေပါပြီ။

https://www.instagram.com/p/CC_N59bAhLT/?utm_source=ig_embed

https://www.instagram.com/p/CC4AmxfgdWH/

ဆရာကြီးရဲ့ အလုပ်ရသွားတဲ့ရုပ်ကိုလည်း ကြည့်ပါဦး ချေမိုးနေတာပဲ။

penny

SHARE