ခွေးသားစားပွဲတော်ကနေ ကယ်တင်ခံရပြီး Service Dog ဖြစ်လာတဲ့ ခွေးလေး

Image:Facebook /Harbin SHS

တရုတ်မှာ ကျင်းပတဲ့ ခွေးသားစားပွဲတော် ကို တော့ အခုနောက်ပိုင်းမှာ ကန့်ကွက် ဝေဖန် သူတွေ တဖြည်းဖြည်း ပိုများ လာပါတယ်။ခွေးသားစားပွဲတော်ကျင်းပခါ နီးလာရင် သတ်ဖြတ်ခံရတော့မယ့် ခွေးလေးတွေ ကို တက်နိုင်သမျှ ကယ် တင် ပေးနေတဲ့ သူတွေလည်း အများကြီးရှိပါတယ်။ရက်စက်လွန်းတဲ့ ခွေးသားစားပွဲတော် က နေ လွတ် မြောက်လာပြီး ဘ၀ သစ်မှာ  ပျော်နေတဲ့ ခွေး လေးတစ်ကောင်ရဲ့ အကြောင်းကိုတော့ ladbible မှာ ဖော်ပြထားပါတယ်။ Freya လို့ ခေါ် တဲ့ ခွေး မ လေး ကတော့ အခုဆိုရင် အ မေရိကန် ကယ်လီဖိုးနီးယားမှာ ၀န်ဆောင်မှု ပေးတဲ့ ခွေး လေး အဖြစ် နဲ့ သူမရဲ့ ဘ၀ကို ပျော်ပျော်ကြီး ဖြတ်သန်းနေပါပြီ။

Image:Facebook /Harbin SHS

Freya လေးကိုတော့  2018 ခုနှစ်တုန်းက ကယ်တင်ထားတာပါ။ခွေး အကောင် ရေ (၃၀၀) ကျော် လောက်ကို တင် ဆောင်လာ တဲ့ ကားတစ်စီးကို ChangZhi မြို့ မှာရပ်ထားပါတယ်။သူတို့ တွေ ကိုတော့ ဇွန်လ ကျရင် Yulin မှာ ကျင်းပမယ့် ခွေးသားစားပွဲ တော်အတွက် ပို့ ဖို့ စီစဉ်ထားခဲ့တာပါ။သ နားစရာ ကောင်းတဲ့ ခွေး တွေကို တော့ ခွေးသား စားပွဲတော်ကို မကြိုက်တဲ့ ဒေသခံ တက်ကြွ လှုပ်ရှားသူတွေ ကနေ ကယ်ဆယ် ပေးခဲ့တာပါ။အဲ့ဒီ ခွေး အုပ်ထဲမှာ Freya လေး ပါပါတယ်။ကံ ကောင်းတဲ့ သူတို့ အဖွဲ့ ကိုတော့ Harbin မှာရှိတဲ့ Slaughterhouse Survivors လူမှု ရေး အဖွဲ့ က နေ  ခေါ် ဆောင်သွားခဲ့ပြီး စောင့်ရှောက်ပေးခဲ့ပါတယ်။

Image:Facebook /Harbin SHS

Emily ကတော့ Harbin SHS ရဲ့ Co-Founder တစ်ယောက်ပါ။သူတို့က Freya ကို စ တွေ့ တဲ့ အချိန် မှာတော့  သူမရဲ့ ခေါင်းမှာလည်း ဒဏ်ရာ အကြီးကြီး ရ ထားပါတယ်။ကယ်လိုက်တဲ့  ခွေး အကောင် (၃၀၀) ကျော်မှာ အများစု က  သေ လောက်တဲ့ ဒဏ်ရာတွေ ကို ရထားသလို၊ ဖျားနာ နေကြတဲ့ ခွေးတွေ လည်း ပါပါတယ်။အတိတ်က ရထားတဲ့ ထိခိုက်ဒဏ်ရာတွေ ကြောင့် ခွေး အများစုက လူနဲ့သိပ်မယဉ်ပါး ပေမယ့်လည်း Freya  ကတော့ ဒဏ်ရာ တွေ ရ ထားတဲ့ ကြားကပဲ သူမရဲ့ ကယ်တင်ရှင်တွေ ကို အမြှီးနှံ့ နှုတ် ဆက်ခဲ့ပါတယ်။Freya ရဲ့ ဒဏ်ရာတွေ ကို နေ့တိုင်း သေချာ ဆေးကု စောင့်ရှောက်ပေးခဲ့ပါတယ်။နောက်ဆုံးမှာတော့ ဒဏ်ရာတွေ ကို ကြံ့ ကြံ့ ခံ တွန်း လှန် ပြီး ပြန် ကောင်းလာခဲ့ ပါတယ်။

Image:Facebook /Harbin SHS

ကံ ကောင်းချင် တော့ အမေရိကန်ကယ်လီဖိုးနီးယားမှာရှိတဲ့ Slaughterhouse Survivors နဲ့ မိတ်ဖက် အဖွဲ့ အ စည်း Jelly’s Palace နဲ့ ချိတ်ဆက်မိပြီး Freya  တစ်ယောက် အမေရိကန်ကို ရောက်ခဲ့တာပါ။သူမရဲ့ သခင် သစ် ဆီမှာတော့ ကျန်းမာ ပျော်ရွှင် နေပြီး အခုဆိုရင်တော့ လေ့ကျင့်မှုတွေ ခံယူ ပြီး နောက် ၀န်ဆောင်မှု ပေးတဲ့ Service Dog ဖြစ်လာခဲ့ပါတယ်။လိမ္မာပြီး သိတတ်လွန်းတဲ့ Freya  လေး ကတော့ သခင်ရဲ့ အသက်ကို နှစ် ကြိမ် တိုင် တိုင် ကယ်ခဲ့ပါတယ်။Freya  ကတော့ အခုဆိုရင် Cardiac Alert နဲ့ PTSD Alert လေ့ကျင့်မှု ခံယူ ထားတဲ့ ခွေး တစ်ေ ကာင် အဖြစ်ပါ စာရင်းဝင်ခဲ့ပါပြီ။နှလုံးရောဂါ နဲ့ စိတ်ဖိစီးမှု လွန်ကဲ နေတဲ့ ရောဂါ တွေကို စူးစမ်းသိရှိနိုင်တဲ့ အရည် အချင်းရှိတဲ့ ခွေး တစ်ကောင် ဖြစ်လာခဲ့ပါတယ်။

SHARE