သစ်ရွက်ကိုအသုံးပြုပြီး ကိုယ်ပိုင်ပိုက်ဆံ ဖန်တီးခဲ့တဲ့ ဥာဏ်ကောင်းလှတဲ့ ခွေးလေး

ပိုက်ဆံက အပင်ပေါ်က ပေါက်လာတာမဟုတ်ဘူးဆိုတဲ့စကားကို တကယ်မဖြစ်နိုင်တဲ့ကိစ္စအဖြစ် ပြောတတ်ကြပါတယ်။ ဒီခွေးလေးအတွက်တော့မဟုတ်ပါဘူး။ နီဂရိုဆိုတဲ့ ခွေးလိမ္မာလေးဟာ သူ့အတွက်စားစရာတွေရဖို့ သစ်ရွက်တွေကို ပိုက်ဆံအဖြစ် သုံးပါတယ်။

A Peña J David

နီဂရိုဟာ ကိုလံဘီယာနိုင်ငံရှိ Monterrey Casanare စက်မှုတက္ကသိုလ်မှာ နေထိုင်ပြီး ဝန်ထမ်းတစ်ယောက်က သူ့ကို မွေးစားထားပါတယ်။ ကျောင်းဝင်းထဲမှာ လျှောက်သွားတတ်တဲ့ နီဂရိုဟာ ကျောင်းသားလေးတွေ စတိုးဆိုင်က ဝယ်ကျွေးတဲ့ ကွတ်ကီးကို စားရလေ့ရှိပါတယ်။ ဒါပေမယ့် တစ်နေ့မှာတော့ နီဂရိုဟာ သူများဆီက အလကားမစားချင်တော့တာကြောင့် အကြံတစ်ခုရခဲ့ဟန်တူပါတယ်။

A Peña J David

နီဂရိုဟာ သူကွတ်ကီးစားချင်တာပြဖို့ အမြီးလေးနံ့ပြီး သစ်ရွက်လေးတွေ သယ်လာပါတော့တယ်။ သူ့အတွက် ပိုက်ဆံအဖြစ် အလဲအလှယ်ပေါ့လေ။ စတိုးဆိုင်ဆီကို သစ်ရွက်လေးတွေပေးပြီး သူလိုချင်တဲ့ ကွတ်ကီးကို တောင်းတတ်တဲ့ နီဂရိုကို ဆိုင်ဝန်ထမ်းက အံ့သြချီးကျူးခဲ့ရကာ ကွတ်ကီးလည်း ရောင်းပေးခဲ့ပါတယ်။ ဆိုင်ဝန်ထမ်းက နီဂရိုနေ့တိုင်း သစ်ရွက်လေးတွေနဲ့ ကွတ်ကီးလာဝယ်ကြောင်းနဲ့ သူကလည်း တစ်နေ့ကို (၂)ခါလောက်အထိ ကွတ်ကီးလေးတွေ ပြန်ပေးကြောင်းဆိုပါတယ်။

READ
သဝန်တိုတတ်တဲ့ချစ်သူဆီက အထူးမွေးနေ့လက်ဆောင် ရလိုက်တဲ့ အမျိုးသား
A Peña J David

နီဂရိုရဲ့ ဥာဏ်ကောင်းချက်ကတော့ လုံးဝအံ့အားသင့်စရာပါပဲ..။

A Peña J David
A Peña J David

White (Shwemom)

Ref: Bored Panda

SHARE