တစ်အိမ်ထဲမှာ (၁၃)နှစ်ကြာ မတည့်အတူနေပြီးမှ သူငယ်ချင်းအရင်းတွေဖြစ်ခဲ့တဲ့ ခွေးနဲ့ကြောင်

ကိုကိုနဲ့ မစ်တန်တို့နှစ်ကောင်ဟာ သူတို့ကိုမွေးထားတဲ့ အိမ်ရှင်မိသားစုဆီကို ငယ်ငယ်လေးတွေထဲက ရောက်လာခဲ့ကြတာပါ။ တစ်ကောင်နဲ့တစ်ကောင်ဟာ အိမ်ကို လအနည်းငယ်စီသာခြားပြီး ရောက်လာခဲ့တာဖြစ်ပါတယ်။ နှစ်ကောင်စလုံးက ချစ်စရာကောင်းတာကြောင့် မိသားစုထဲကလူတွေအကုန် သူတို့ကိုချစ်ကြပါတယ်။ ဒါပေမယ့် သူတို့နှစ်ကောင်က လုံးဝ မတည့်ခဲ့ကြပါဘူး။

ပိုင်ရှင်ဖြစ်တဲ့တွမ်ကတော့ ခွေးမလေးကိုကိုက ချစ်စရာကောင်းပြီးနူးညံ့ပေမယ့် ကြောင်မလေးမစ်တန်ကတော့ ဇီဇာကြောင်တဲ့ကြောင်လေးဖြစ်ကြောင်းနဲ့ သူ့နေရာသူ သိပ်သိကြောင်းပြောပြပါတယ်။ မစ်တန်ဟာ ဆူဆူညံညံလုပ်တတ်ပြီး ဆရာမကြီးဟန် ဖမ်းတတ်ပေမယ့် သူမကိုပွေ့ဖက်တဲ့အခါ အလွန်နှစ်သက်တယ်လို့ တွမ်ကဆိုပါတယ်။

ကိုကိုရော မစ်တန်ပါ နှစ်ဦးစလုံးဟာ တစ်အိမ်လုံးကလူတွေရဲ့ အပွေ့ဖက်ခံရတာ နှစ်သက်ပေမယ့် အချင်းချင်းက တော့ပူးပူးကပ်ကပ်နေလေ့မရှိပါဘူး။ မိသားစုက သူတို့နှစ်ကောင်ကို အတူတူမွေးခဲ့ပြီး နှစ်ကောင်တည့်လာမလား စောင့်ကြည့်ခဲ့ကြပါသေးတယ်။ ဒါပေမယ့် (၁၀)နှစ်ကြော်ကြာပြီးနောက်မှာတော့ နှစ်ကောင်သားဆက်ဆံရေးက မတိုးတက်လာခဲ့တာကြောင့် မိသားစုက လက်လျော့ခဲ့လိုက်ရပါတယ်။

READ
မဖြစ်နိုင်ဘူးဆိုတာ မရှိကြောင်း သက်သေပြနေတဲ့ ဘတ်စကတ်ဘော ကောင်မလေး

ဒါပေမယ့် (၁၃)နှစ်ကြာပြီးတဲ့နောက်တစ်နေ့မှာ တွမ်ဟာအခန်းထဲကိုဝင်လာခိုက် မမျှော်လင့်တဲ့အဖြစ်အပျက်တစ်ခုနဲ့ကြုံတွေ့ခဲ့ရပါတယ်။ သူတွေ့လိုက်ရတဲ့မြင်ကွင်းက မစ်တန်နဲ့ကိုကိုတို့နှစ်ကောင်ဟာ တစ်ကောင်နဲ့တစ်ကောင်ပူးကပ်ပြီးနေနေကြတာပါ။ အရင်တုန်းက မတည့်ပေမယ့်အတူနေခဲ့ကြတဲ့ ညီအမနှစ်ကောင်ဟာ အခုတော့အသက်အရွယ်ထောက်လာလို့ထင်ပါတယ်။ နှစ်ကောင်သား ချစ်ချစ်ခင်ခင်နဲ့နေနေကြတယ်လို့ တွမ်ကဆိုပါတယ်။

အခုဆိုရင်လည်းပုံမှန်တစ်နေ့ကို တစ်ခါနှစ်ခါလောက်တော့ကိုကိုနဲ့မစ်တန်ဟာ အခုလိုပူးပူးကပ်ကပ်နဲ့နေလေ့ရှိကြောင်း တွမ်ကပြောပြပါတယ်။ သူတို့နှစ်ကောင်က တစ်ကောင်နဲ့တစ်ကောင်ပူးပူးကပ်ကပ်မနေချင်တဲ့အခါမျိုးမှာတောင် အချင်းချင်းမျက်စိရှေ့မှာမြင်ရတာနှစ်သက်လျက်ရှိပုံပေါ်ကြောင်း တွမ်ကဆိုပါတယ်။ နှစ်ပေါင်းများစွာတစ်ကောင်နဲ့တစ်ကောင်ကြည့်မရပဲနေလာခဲ့တဲ့ ကိုကိုနဲ့မစ်တန်တို့ဟာအခုဆိုရင်အရင်တုန်းကရန်စတွေကိုမေ့ပျောက်ပြီး ညီအမတွေအဖြစ်နဲ့ချစ်ခင်စွာနေထိုင်လျက်ရှိကြောင်းသိရပါတယ်။

လင်းလင်း (ShweMom)

Ref: thedodo

SHARE