ကတ္တရာစေးတွေနဲ့ ကံဆိုးစွာ ဖုံးအုပ်ခံလိုက်ရတဲ့ ခွေးလေး၊ ကံကောင်းစွာ အသက်ရှင်ခွင့်ရ

Facebook/Proyecto4Patas

ကံဆိုးလွန်းလှတဲ့ ခွေးမလေးတစ်ကောင်ဟာ ပူလောင်လွန်းလှတဲ့ ကတ္တရာစေးတွေ ဖုံးအုပ်ခြင်းကို ခံခဲ့ရပြီး၊ အသက်သေဖို့ သေချာသလောက် ရှိခဲ့ပါတယ်။ ဒါပေမယ့် သူရဲ့ တအီအီ ညည်းညူသံကို ဒေသခံခွေးတွေက ကြားသိပြီးနောက် အခင်းဖြစ်နေရာကို ဝိုင်းပြီးဟောင်ခဲ့ကြပါတယ်။

ဒီဟောင်သံတွေကြောင့်ပဲ ခွေးလေးကို ကယ်တင်ဖို့ အနီးအနားက ကလေးတွေက သတိပြုမိသွားစေခဲ့တာပါ။ ကလေးတွေဟာ အရေးပေါ်ဌာနကို ဖုန်းဆက်ပြီး ခွေးလေးကို ကယ်ဆယ်စေခဲ့ပါတယ်။ ခွေးမလေးကို အနီးအနားက တိရစ္ဆာန်ဆေးကုခန်းတစ်ခုကို ပို့ပေးခဲ့ပြီး၊ သူမရဲ့ခန္ဓာကိုယ်ပေါ်က ကတ္တရာစေးတွေကိုတော့ (၉)နာရီကြာ ဖယ်ရှားခဲ့ရပါတယ်။

Facebook/Proyecto4Patas
Facebook/Proyecto4Patas

ဒီအဖြစ်အပျက်ဟာ အာဂျင်တီးနားနိုင်ငံ၊ Buenos Aires မြို့အနီး၊ Merlo မြို့မှာ ဖြစ်ပွားခဲ့တာပါ။ ကယ်ဆယ်ခဲ့သူတွေက  ခွေးမလေးကို Aloe လို့ အမည်ပေးခဲ့ကြပါတယ်။ သူမကို ကယ်ဆယ်ဖို့အတွက် မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ Proyecto 4 Patas (Four Legs Project) အဖွဲ့တို့ ပူးပေါင်းခဲ့ရပါတယ်။

 

 

View this post on Instagram

 

Es impresionante imaginarse la pesadilla que vivió ÁLOE. Imágenes de los Bomberos sacándola del pileton de brea.

A post shared by Proyecto 4 Patas (@proyecto4patas) on

ခွေးမလေး Aloe အနေနဲ့ ကတ္တရာတွေထဲ တမင်ပစ်ချခံရတာလား၊ ပြုတ်ကျခဲ့တာလားဆိုတာတော့ မသိရပါဘူး။ သူမရဲ့ နာကျင်မှုနဲ့အတူ တအီအီ ညည်းညူသံက တစ်ခြားခွေးတွေကိုပါ ဂဏာမငြိမ် ဖြစ်စေခဲ့ပါတယ်။ Proyecto 4 Patas မှ တာဝန်ရှိသူတစ်ဦးက “ တွေ့တွေ့ချင်းတုန်းကတော့ သူမရဲ့ ခန္ဓာကိုယ် (၁၀၀)%အထိ ကတ္တရာတွေ ဖုံးနေခဲ့ပါတယ် … ပါးစပ်၊ မျက်လုံးတွေ၊ နားရွက်တွေ အကုန်လုံးပါဘဲ ”ဆိုပြီး ပြောပါတယ်။

ALOE, como la llamamos, cayó (o la tiraron) en un pozo de brea en un descampado de Libertad, Merlo. �Gracias a los…

Posted by Proyecto 4 Patas on Wednesday, February 12, 2020

သူက ဆက်လက်ပြီး “ ဒီလိုအဖြစ်မျိုး တစ်ခါမှ မမြင်ဖူးတော့ ကျွန်တော်တို့လည်း ထိတ်ထိတ်ပြာပြာ ဖြစ်ခဲ့ရတယ် … ဘယ်လိုပဲဖြစ်ဖြစ် သူမရဲ့ ခံရခက်တဲ့ အိပ်မက်ဆိုးကနေ အမြန်ဆုံးကယ်တင်ဖို့ ဖြစ်နိုင်သမျှ ဆန္ဒတွေ အချစ်တွေကို အကုန်အသုံးချပြီး အစွမ်းကုန် ကြိုးစားခဲ့ပါတယ် … ”လို့ ပြောခဲ့ပါတယ်။

 

ကတ္တရာစေးတွေ အောင်မြင်စွာ ဖယ်ရှားနိုင်ခဲ့ပြီးနောက် အသက်ရှင်ဖို့ အခြေအနေကောင်းသွားတဲ့ Aloe ရဲ့ဓာတ်ပုံလေးတွေကိုလည်း Proyecto 4 Patas အဖွဲ့က ပြန်လည် မျှဝေခဲ့ပါတယ်။ အဆိုပါ လူမှုကွန်ရက်မှာ “ ဒါကတော့ Aloe ရဲ့ပုံလေးတွေပါ … ဒီနေ့ဟာ သူမအတွက် ဒုတိယအကြိမ် ပြန်လည်မွေးဖွားခြင်းပါပဲ … ဘာကြောင့်ဆို သူမ နောက်တစ်ကြိမ် မွေးဖွားလာမှုဟာ သံသယဖြစ်ဖွယ် မရှိလို့ပါ ”လို့ ရေးသားခဲ့ပါတယ်။

လင်းသူရိန်

SHARE