ပစ္စည်းတွေကို ကိုယ်တိုင် လိုက်ပို့နေတဲ့ ကုန်စုံဆိုင်က Delivery ခွေးကလေး

(AP Photo/Luis Benavides)

ခွေးကလေးတွေဆိုတာ လူတွေရဲ့ အချစ်ဆုံး အိမ်မွေးတိရစ္ဆာန်လေးတွေဖြစ်သလို လူတွေအပေါ် သစ္စာအရှိဆုံးနဲ့ အခင်တွယ်တတ်ဆုံး အိမ်မွေးတိရစ္ဆာန်လေးတွေပဲ ဖြစ်ပါတယ်။ ဒါ့အပြင် သခင်အပေါ် အမြဲအရိပ်တကြည့်ကြည့်နဲ့ နေတတ်တဲ့ တိရစ္ဆာန်လေးတွေကလည်း ခွေးကလေးတွေပဲ ဖြစ်ပါတယ်။ အခုလည်း Colombia နိုင်ငံက ခွေးကလေးတစ်ကောင်ဟာလည်း ပိုင်ရှင်ဖြစ်သူရဲ့ ကုန်စုံဆိုင်က ပစ္စည်းတွေကို ကိုယ်တိုင်လိုက်ပို့နေပြီး အဲဒီမြို့မှာရှိတဲ့ လူတော်တော်များများကလည်း အဆိုပါခွေးကလေးကို တော်တော်ချစ်နေကြကြောင်း IIInnnsider သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

(AP Photo/Luis Benavides)

အဆိုပါခွေးကလေးကတော့ အသက် ၈ နှစ်အရွယ် ချောကလက်အရောင် Labrador ခွေးအမျိုးအစားဖြစ်ပါတယ်။ Eros လို့အမည်ရပြီး Colombia နိုင်ငံ၊ Medellin မြို့မှာ နေထိုင်ကြောင်း သိရပါတယ်။ သခင်ဖြစ်သူ Maria Natividad Botero ကတော့ ကုန်စုံဆိုင်ဖွင့်ထားပြီး Eros ဟာ သခင်ဖြစ်သူရဲ့ ဆိုင်က ပစ္စည်းတွေကို မြို့ထဲရှိ အိမ်ငါးအိမ်သို့ ကိုယ်တိုင်သွားပို့ပေးကြောင်း သိရပါတယ်။

READ
2018 ခုနှစ်မှာ စတင်ရောင်းချမယ့် မောင်းသူမဲ့ကား

ဒီလိုပို့နိုင်အောင် သခင်ဖြစ်သူ Maria ကိုယ်တိုင်လေ့ကျင့်ပေးထားတာဖြစ်ပြီး အခုလို COVID 19 ဖြစ်ပွားနေတဲ့ ကာလမှာ လူတွေအပြင်မထွက်ချင်တဲ့ကာလဖြစ်တာကြောင့် Eros လေးကိုယ်တိုင် လိုက်ပို့နေရခြင်းဖြစ်ပါတယ်။ ဆိုင်ကဝယ်ယူသူတွေကလည်း Eros လေးကိုယ်တိုင် လာပို့တာကို တော်တော်ကြိုက်နှစ်သက်ကြပြီး Eros ကိုယ်တိုင်ကလည်း ဒီလိုပစ္စည်းတွေ လိုက်ပို့ရတာ တော်တော်နှစ်သက်ကြောင်း သိရပါတယ်။

“မနက်ဆိုင်ဖွင့်ပြီဆိုတာနဲ့ အမြီးတနန့်နန့်နဲ့ကို ဖြစ်နေပြီ။ ပို့တာကတော့ နေ့တိုင်းမပို့ရဘူးလေ။ တစ်ဖက်က ကာစတမ်မာက လိုအပ်လို့ ဖုန်းဆက်မှာမှ ပို့ရတာ။ အဲဒါကို ကိုယ်တော်ချောက နေ့တိုင်းကို အပြင်ထွက်ချင်နေတာ။ မပို့ရတဲ့နေ့တွေဆိုရင် တမှိုင်မှိုင်နဲ့” လို့ Eros ရဲ့ ပိုင်ရှင်ဖြစ်သူ Maria က ရယ်မောပြောဆိုခဲ့ပါတယ်။

Pyi Hein Kyaw

SHARE