သခင်တွေက ဘာကြောင့်စွန့်ပစ်သွားမှန်း နားမလည်နိုင်ဖြစ်နေခဲ့ရှာတဲ့ ခွေးလေး

ခွေးလေးတစ်ကောင်ဟာ သူ့သခင်တွေက သူ့ကို ခေါ်ယူမွေးစားခဲ့တဲ့ တိရိစ္ဆာန်စင်တာဆီမှာပဲ သူ့ကို ပြန်လာထားသွားခဲ့တာကြောင့် နားမလည်နိုင်စွာ အထီးကျန်နေခဲ့ရှာတဲ့ ပုံလေးတစ်ပုံ အွန်လိုင်းမှာ ပျံ့နှံ့လာခဲ့ပါတယ်။ အမေရိကန်နိုင်ငံ အရီဇိုးနားပြည်နယ်က အဖြစ်အပျက်လေးပါ။ ခွေးလေးနာမည်က ဝေါလ်အီးလို့ ခေါ်ပြီး အသက်က ၆ နှစ်ရှိပါပြီ။

သူ့ကို သခင်ဟောင်းတွေက မေရီကော်ပါ တိရိစ္ဆာန်စင်တာ (MCACC) ကနေ ၂၀၁၅ ခုနှစ်တုန်းက စခေါ်ယူ မွေးစားခဲ့တာပါ။ ထိုစဉ်တုန်းက ဝေါလ်အီးဟာ ၃ နှစ်သားပဲ ရှိပါသေးတယ်။ The Dodo တိရိစ္ဆာန်လေးများ သတင်းပေ့ခ်ျက ဖော်ပြထားချက်အရတော့ ဝေါလ်အီးဟာ ၂၀၁၈ စက်တင်ဘာမှာ MCACC စင်တာဆီ ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။ သူ့သခင်ဟာ ဝေါလ်အီးကို ကစားစရာတွေ၊ အထုပ်အပိုးတွေနဲ့တကွ ပြန်လာပို့ခဲ့ပြီး ခွေးလေးကို ငိုကြွေးရင်း နှုတ်ဆက်နေခဲ့ပါတယ်။

MCACC West Adoptable Dogs/Facebook

MCACC ရဲ့ Facebook ပေ့ခ်ျမှာတော့ အခုလို ရေးသားထားခဲ့ပါတယ်။ “ဒီကောင်လေးဟာ သူ့ကို တစ်သက်လုံးစောင့်ရှောက်ပေးမယ့် မိသားစုကို လိုအပ်နေပါတယ်။ သခင်ဟောင်းတွေကိုလည်း အပြစ်မတင်ပါနဲ့။ ကျွန်တော်တို့က အကြောင်းစုံ မသိရဘူးလေ။ သခင်ဟောင်းက သူ့ကို လာပို့သွားချိန်မှာလည်း ငိုနေခဲ့တယ်။ ဝန်ထမ်းတွေပါ လိုက်ငိုနေခဲ့တယ်။ ဒီလို ဆုံးဖြတ်ချက်ကို သူ့သခင်ဟောင်းလည်း လွယ်လွယ်နဲ့ ချခဲ့ပုံ မပေါ်ပါဘူး” ဆိုပြီးဖြစ်ပါတယ်။

MCACC West Adoptable Dogs/Facebook

MCACC ရဲ့ Facebook အက်ဒ်မင် ဂျော်ဒန်ဘိတ်ဒါ ပြောပြချက်အရတော့ သခင်ဟောင်းတွေဟာ ဝေါလ်အီးကို စောင့်ရှောက်ဖို့ အချိန်မပေးနိုင်တော့လို့ ဆက်မမွေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ဝေါလ်အီးကို ကစားစရာ ပစ္စည်းတွေနဲ့ လာပို့သွားခဲ့ပေမယ့် စင်တာက လှောင်အိမ်ထဲကို ပစ္စည်းတွေ ထည့်လို့ မရတဲ့အတွက် ဝေါလ်အီးတစ်ကောင် လှောင်အိမ်ထဲမှာလည်း အထီးကျန်နေခဲ့ရှာပါတယ်။ လူတွေလည်း သူ့လှောင်အိမ်ရှေ့က ဖြတ်လျှောက်ခဲ့ကြပေမယ့် မွေးစားမယ့်သူတော့ ပေါ်မလာခဲ့ပါဘူး။ ဒီလိုနဲ့ ၂ လတောင် ကြာလာခဲ့ပါတယ်။

READ
ဝင်ငွေမြင့်မားစွာရနေတဲ့ လိမ်လည်တောင်းစားသူများကို ရဲများနှိမ်နင်းအရေးယူ
Lynn Lee

ဆက်မကြည့်ရက်တော့တဲ့ ဂျော်ဒန်က နောက်ဆုံးမှာ ဝေါလ်အီးအကြောင်းကို ပေ့ခ်ျပေါ် တင်ခဲ့ပါတယ်။ ပို့စ်ဟာ ထင်တာထက် ပိုပျံ့သွားခဲ့ပြီး ၂၀၁၈ နိုဝင်ဘာမှာတော့ လီလင်းလို့ ခေါ်တဲ့ အမျိုးသမီးတစ်ယောက်ဟာ သူမရဲ့ ခွေးလေးကိုပါ ခေါ်ပြီး ဝေါလ်အီးကို လာခေါ် မွေးစားခဲ့ပါတယ်။ အခုဆိုရင်တော့ ဝေါလ်အီးလေးတစ်ယောက် သူ့ကို အမြဲစောင့်ရှောက်ပေးမယ့် မိသားစုအသစ်လေးကို ပိုင်ဆိုင်သွားခဲ့ပါပြီ။

Lynn Lee
Lynn Lee

ADOPTED 11/25/18❤️WALL-E❤️He is the sweetest lab mix ! Good on leash 5-6 years oldPotty trained So well behaved Good with kids Scared in play group ( must have dog intro ) Wall-e was dropped off by his owner. They said they had no time for him. They brought his bed and all his toys with him and dropped them all off with him. Unfortunately none of his stuff is with him now and he’s been at the shelter for months. This poor guy does not deserve this 💔💔💔#A3664523Maricopa county animal care and control2500 S 27th Ave Phoenix,Am 85009

Posted by MCACC West Adoptable Dogs on Saturday, 24 November 2018

Ref: The Dodo, Unilad

SHARE