အိမ်မွေးခွေးလေးကို တစ်ကိုယ်လုံးအစိမ်းရောင်ခြယ်ပေးလိုက်တဲ့ ဗီဒီယို လူကြိုက်များနေ

Twitter

ကိုရိုနာဗိုင်းရပ်စ်ကာလအတွင်းမှာ လူတွေက အပြင်မထွက်ကြရပဲ ကိုယ့်အိမ်အတွင်းမှာပဲ မိသားစုတွေ ၊ အိမ်မွေးတိရစ္ဆာန်လေးတွေကို အဖော်ပြုနေရတာဆိုတော့ သူတို့မှာ ကစားစရာ၊ ပျော်စရာဆိုလို့ မိသားစုဝင်တွေနဲ့ သူတို့ရဲ့ ခွေးလေးတွေ၊ ကြောင်လေးတွေပဲ ရှိကြတာပါ။

ဆိုရှယ်မီဒီယာပေါ်မှာတော့ လူတချို့က သူတို့မွေးထားတဲ့ တိရစ္ဆာန်လေးတွေကို ထူးထူးခြားခြား ပုံစံတွေနဲ့ ဗီဒီယိုရိုက်ပြီး တင်တာမျိုး မကြာခဏ တွေ့နေရပါတယ်။

အခုလည်း အိုင်ယာလန်နိုင်ငံမှာ နေထိုင်တဲ့ ကိတ်လင်း အိုကွန်နာ ဆိုသူ မိန်းကလေးဟာ သူမွေးထားတဲ့ ခွေးလေးရဲ့မွေးနေ့မှာ တစ်ကိုယ်လုံး အစိမ်းရောင်ဆိုးပေးခဲ့လို့ တွစ်တာပေါ်မှာ နာမည်ကြီးနေခဲ့ပါတယ်။

သူမ မှာ မိခင်ဖြစ်သူ လက်ဆောင်ပေးထားတဲ့ ခွေးလေးတစ်ကောင်ရှိပြီး အဲဒီခွေးလေးရဲ့ မွေးနေ့မှာ ဘာအရောင်ဆိုးပေးရင် ကောင်းမလဲ လို့ သူမရဲ့ တွစ်တာကနေ မေးခွန်းထုတ်ခဲ့တာပါ။ ၀င်ရောက်အကြံပြုသူတွေကတော့ အပြာရောင် ဆိုးပေးဖို့ အများဆုံး အကြံပေးခဲ့ကြပေမယ့် သူမ ကတော့ ခွေးလေးကို အစိမ်းရောင်ဆိုးဖို့သာ စီစဉ်ခဲ့ပါတယ်။

အဲဒီနေ့မှာတော့ ရေချိုးခန်းထဲမှာ သူမရဲ့ မိခင် မသိစေပဲ ခွေးလေးကို အရောင်ဆိုးပေးခဲ့တာပါ။ တစ်ကိုယ်လုံး အစိမ်းရောင်ဖြစ်သွားတဲ့အချိန် မိခင်ဖြစ်သူရှိတဲ့ မီးဖိုချောင်နားဆီ ခွေးလေးကို လွှတ်လိုက်တဲ့အချိန်မှာတော့ သူမရဲ့ မိခင်လည်း အံ့သြသွားပြီး အော်ပါတော့တယ်။

READ
ကမ္ဘာပေါ်မှာ အစည်ကားဆုံးဖြစ်တဲ့ Carnival ပွဲတော်ကြီးအကြောင်း

“တချို့လူတွေက သူတို့ခွေးလေးတွေကို အစိမ်းရောင်တွေ ဆိုးပေးနေတာ မြင်ကြတော့ ကျွန်မလည်း အဲဒီလို အကြံမျိုး ရခဲ့တာပါ။ ဒီလိုလုပ်လိုက်လို့ ကျွန်မ ရဲ့ အမေ ဘယ်လိုတုန့်ပြန်မယ်ဆိုတာကိုလည်းမျှော်လင့်ထားပြီးသားပါ၊ သူ ညစာ ပြင်နေချိန် ဒီခွေးလေး ဖြစ်သွားတာကို မြင်တော့ ဘယ်လိုဖြစ်သွားသလဲဆိုတာသာ ကြည့်ပါတော့” လို့ ကိတ်လင်း က  Mirror သတင်းဌာန ကိုပြောပါတယ်။

ကိတ်လင်း ရဲ့ မိခင်ဖြစ်သူ ကာရိုလိုင်းကတော့ “ကျွန်မ တကယ့်ကို အံ့အားသင့်သွားခဲ့တာပါ။ ဘာပြောရမှန်းတောင် မသိတော့လောက်အောင်ပါပဲ။ အဲဒါက ခွေးလေးကို အန္တရာယ်မဖြစ်စေဘူးဆိုတာတော့ ကျွန်မ သိပါတယ်။ ကျွန်မရဲ့ ကလေးတွေကို စိတ်ကြိုက် တီထွင်ဖန်တီးမှုတွေ လုပ်နိုင်တယ်လို့ ပြောထားခဲ့ပေမယ့် အခုလို လုပ်လိုက်တာ နည်းနည်းတော့ ဆိုးတယ်” လို့ ဆိုပါတယ်။

တွစ်တာပေါ်မှာတော့ ဒီ ဗီဒီယို ဖိုင်လေးက ပြန်လည်မျှဝေသူတွေရော၊ ကြည့်ရှုသူတွေပါ အများကြီး  ရှိခဲ့ပြီး ဒီခွေးလေးရဲ့ မူလအရောင်တွေ ပြန်ရဖို့ တော်တော်လေး အရောင်ချွတ်ပေးရလိမ့်မယ်လို့ တချို့တွေကတော့ မှတ်ချက်ပေးပါတယ်။

READ
အကဲပိုလွန်းသူတွေဟာ လုပ်လေ့လုပ်ထရှိတဲ့ ပေါက်ပေါက်ရှာရှာ ပုံရိပ်များ

Linn

SHARE