ဂျာမန်သိုးထိန်းခွေးနဲ့ မြွေပါလေးတစ်ကောင်အကြားက အံ့သြဖွယ်သံယောဇဉ်

Instagram

သင့်ဘ၀မှာ ဂျာမန်သိုးထိန်းခွေးတစ်ကောင်နဲ့ မြွေပါလေးတစ်ကောင် က ရင်းနှီးတဲ့ မိတ်ဆွေတွေဖြစ်နေကြလိမ့်မယ်လို့ မတွေးဖူးဘူးမို့လား။ ဒါပေမယ့် ဒီစတိုရီလေးမှာတော့ နိုဗာ ဆိုတော့ ဂျာမန်သိုးထိန်းခွေးတစ်ကောင် ဟာ ပက်ကို လို့ခေါ်တဲ့ မြွေပါလေးနဲ့ အတူတူရှိနေပြီး ကစားဖော် ကစားဖက်တွေ ဖြစ်နေတာကို အံ့အားသင့်ဖွယ်တွေ့ရမှာပါ။

ဒိုင်ယာနာ လို့ခေါ်တဲ့ အမျိုးသမီးတစ်ယောက်မှာ နိုဗာ ဆိုတဲ့ ခွေးလေးတစ်ကောင်ကို မွေးထားခဲ့ပြီး တစ်ရက်မှာတော့ သူမရဲ့ မိတ်ဆွေတစ်ယောက်က အိမ်မွေးတိရစ္ဆာန်အဖြစ် ထားဖို့အတွက် မြွေပါ လေးတစ်ကောင်ကို လက်ဆောင်အဖြစ် ပေးခဲ့တာပါ။

 

အစပိုင်းမှာတော့ ဒိုင်ယာနာ ဟာ အဲဒီမြွေပါလေးကို မွေးထားဖို့ စိတ် မရဲပဲဖြစ်နေခဲ့ပါတယ်။ အကြောင်းကတော့ သူမရဲ့ခွေးလေး နိုဗာ ဟာ အဲဒီမြွေပါလေးကို စားပစ်လိုက်မှာ စိုးရိမ်တာကြောင့်ပါပဲ။ သူမကြားဖူးထားသလောက်ကတော့ ခွေးတွေဟာ မြွေပါ လို၊ ကြွက်လို သတ္တ၀ါလေးတွေကို ကိုက်ပစ်တတ်ကြပြီး တချို့ဆိုရင် စားပစ်တဲ့အထိ ဖြစ်တယ်လို့ ဆိုတာပါပဲ။

ဒါပေမယ့် တကယ်တမ်းမှာတော့ ဒိုင်ယာနာ ထင်သလို မဟုတ်ခဲ့ပါဘူး။

နိုဗာ က သူ့အိမ်ကိုရောက်လာတဲ့ တိရစ္ဆာန်သစ်ကလေးကို အံ့အားသင့်နေရုံကလွဲလို့ ဘာမှ ရန်မပြုခဲ့ပဲ နောက်ပိုင်းမှာတော့ သူတို့နှစ်ကောင်ဟာ အတူတူအိပ်၊ အတူ ကစားကြတဲ့အဆင့်ကို ရောက်သွားပါတော့တယ်။

ဒိုင်ယာနာ က ဒီဖြစ်ရပ်ဟာ သူမကို ပျော်ရွှင်စေပြီး နိုဗာ နဲ့ ပက်ကို တို့အကြောင်း သိသူ တော်တော်များများလည်း အံ့အားသင့်နေကြတယ်လို့ ဖွင့်ဟလိုက်ပါတယ်။

READ
ပန်းကန်ပြားမသုံးဘဲ ပေါက်ပေါက်ရှာရှာနည်းလမ်းတွေနဲ့ တည်ခင်းကြတဲ့ဆိုင်များ

အောက်မှာ ဖော်ပြထားတဲ့ ဓာတ်ပုံတွေကို ကြည့်ရင် ဒီနှစ်ကောင် ဘယ်လောက်တည့်သလဲဆိုတာ မြင်ရမှာပါပဲ။

Linn

READ
(၂၄)နာရီအတွင်း အင်စတာဂရမ် Stories (၈၈)ခုတင်ခဲ့တဲ့လို့ ဝေဖန်ခံနေရတဲ့ ပေါ့ဂ်ဘာ

 

SHARE