ဝင်းတံခါးမှာ ခေါင်းညှပ်နေလို့ ကယ်ဆယ်သူမျှော်နေတဲ့ သနားစဖွယ်ခွေးလေး

ခွေး၀၀ကစ်ကစ်လေးတစ်ကောင်ဟာ သံပန်းချောလုံတပ်ဆင်းထားတဲ့ ခြံဝင်းတံခါးထဲကို တိုးဝင်ပြီး၊ တစ်ဖက်ကို သွားလာဖို့
ကြိုးစားခဲ့ပုံပါတယ်။ ဒါပေမယ့် နောက်ပိုင်းခန္ဓာကိုယ်ကို ၀င်မဆန့်တော့လို့ ရှေ့ဆက်မတိုးပဲ နောက်ပြန်ဆုတ်ခဲ့ပါတယ်။ အဲဒီအခါမှာတော့ စောစောက လျှောလျှောလျှူလျှူဆန့်သွားတဲ့ ခေါင်းက ပြန်နှုတ်မရပြန်တော့ပါဘူး။

ခွေးလေးဟာ ရှေ့လည်းတိုးမရ၊ နောက်လည်း ဆုတ်မရတဲ့ အခြေအနေမှာ တအီအီနဲ့ ကယ်ဆယ်သူကို မျှော်နေခဲ့ပါတယ်။ ခွေးလေးရဲ့ အမည်ကတော့ Milo ဖြစ်ပြီး၊ စကော့တလန် ဂလက်စကိုမြို့က ခြံဝင်းတစ်ခုမှာ ညှပ်နေခဲ့တာပါ။ ကြာမြင့်ချိန် တစ်နာရီခွဲလောက် ရောက်မှ မီးသတ်သမားတွေ ရောက်လာပြီး ခွေးလေးကို ကယ်ထုတ်ပေးနိုင်ခဲ့ပါတယ်။

Milo ရဲ့ သခင်မ Sarah ဟာ ပထမတော့ သူမရဲ့ ခွေးလေး ဖြစ်ပုံကို တဟီးဟီးတဟားဟား ကြည့်ကာ ရယ်နေခဲ့ပါတယ်။ နောက်တော့ သူမကိုယ်တိုင် Milo ကို ခြံတခါးထဲကနေ ကြိုးစားထုတ်ပေမယ့် ခွေးကို ပိုပြီးနာကျင်အောင် ပြုသလိုဖြစ်နေ လို့ ကြံရာမရ ဖြစ်နေခဲ့ပါတယ်။ နောက်ဆုံးမှာတော့ ဒေသခံ မီးသတ်တပ်ဖွဲ့ကို အကူအညီတောင်းခဲ့ရတာပါ။

ဒါပေမယ့် ခွေးလေးကို ကယ်ဖို့ဆိုတာထက် မီးသတ်သမားတွေက လုပ်ငန်းသုံးယာဉ်တွေအစုံအလင်၊ တပ်ဖွဲ့ဝင်အပြည့်နဲ့ အရေးပေါ်တစ်ခုခု ဖြစ်တယ်ထင်လို့ အမြန်ရောက်လာခဲ့ပါတယ်။ Sarah က အဲဒီအတွက် အလွန်အားနာနေပြီး၊ အစိုးရရဲ့ ကုန်ကျစာရိတ်ကို ထိခိုက်စေခဲ့တယ်လို့ ဆိုပါတယ်။

READ
၂၀၁၉ အတွက် ထွက်ရှိလာတဲ့ အိုင်းရစ်လယ်သမားများပြက္ခဒိန်

Sarah က ” ကျွန်မ 999 ကို ဘယ်တုန်းကမှ မခေါ်ခဲ့ဖူးပါဘူး … ဒါပေမယ့် Knightswood မီးသတ်တပ်ဖွဲ့ကိုတော့ ရှင်တို့ ကူညီနိုင်ရင် လာပြီး ကူညီလှည့်ပါလားလို့ အကူအညီတောင်းခံမိခဲ့ပါတယ် … ဒါကလည်း တကယ့်ကို ကျဉ်းထဲ ကြပ်ထဲမို့ ခေါ်လိုက်မိတာပါ “လို့ ပြောခဲ့ပါတယ်။

မဒီလေး (Shwemom)

source : metro.co.uk

SHARE