အိမ်မှာလူတွေအကုန်စုံစုံနေတာ ပျော်လွန်းလို့ အမြီးချည်းနှံ့နေခဲ့ရာမှ ဒုက္ခဖြစ်ခဲ့တဲ့ခွေးလေး

[email protected] Smith

လက်ရှိအချိန်မှာ ဖြစ်ပွားနေတဲ့ COVID-19 ကူးစက်ရောဂါကြောင့် ဝန်ထမ်းတော်တော်များများဟာ အိမ်ထဲကအိမ်အပြင်မထွက်တော့ပဲ အိမ်ကနေပဲ အလုပ်လုပ်တာ များပါတယ်။ ဒါ့အပြင် COVID-19 ကြောင့် လူတော်တော်များများဟာ အိမ်ထဲက အိမ်အပြင်မထွက်တော့တာ များပါတယ်။ ဒီလိုအချိန်ကတော့ အိမ်မွေးတိရစ္ဆာန်လေးတွေအတွက် အပျော်ဆုံးအချိန်ဖြစ်မှာ ကျိန်းသေပါတယ်။

ဘာလို့လဲဆိုတော့ သူ့တို့စိတ်ထဲမှာ သူတို့သခင်က ဘယ်မှမသွားပဲ သူတို့အနားမှာ ရှိနေတယ်လို့ ခံစားမိလို့ပဲ ဖြစ်ပါတယ်။ အခုလည်း ခွေးကလေးတစ်ကောင်ဟာ သူ့သခင်တွေ အိမ်မှာအမြဲရှိနေတာ အပျော်လွန်ပြီး အမြီးကို တချိန်လုံးလှုပ်နေရာမှ အအြီးအလှုပ်လွန်ပြီး အမြီးအကြောသေသွားကြောင်း Metro သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

[email protected] Smith

အသက် ၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ခွေးကလေး Rolo ဟာ အိမ်ထဲက အိမ်အပြင်မထွက်ပဲ အိမ်မှာပဲနေတဲ့ သခင်မိသားစုကြောင့် အချိန်ပြည့်ပျော်နေသလို အမြီးကိုလည်း အချိန်ပြည့် လှုပ်ရမ်းနေကြောင်း သိရပါတယ်။ သခင်တစ်မိသားစုလုံး အိမ်မှာပဲနေနေတာကို သူ့အနားမှာ အချိန်ပြည့်ရှိနေတယ်ထင်ပြီး အမြီးကိုအမြဲလှုပ်ကာ ဆော့ကစားနေပါတယ်။ တစ်ရက်မှာတော့ သခင်ဖြစ်သူ Emma က Rolo ရဲ့ အမြီးက မလှုပ်ပဲ ခြေထောက်နောက်မှာ အောက်စိုက်ရှိနေတာကို သတိထားမိပြီး တိရစ္ဆာန်ဆေးခန်းခေါ်သွားခဲ့ပါတယ်။ တိရစ္ဆာန်ဆရာဝန်ရဲ့ ပြောကြားချက်အရဆိုရင်တော့ Rolo ဟာ အမြီးအလှုပ်များပြီး အထဲက အကြောတစ်ခုသေသွားကြောင်း သိရှိခဲ့ရပါတယ်။

READ
နာမည်ကျော် စတန့် Selfie သမား (၆၂)ထပ်မြင့် အဆောက်အဦမှပြုတ်ကျသေဆုံး
[email protected] Smith

“ကျွန်တော်တို့ မိသားစုမှာ ကျွန်တော်ရယ်၊ ကျွန်တော့်အမ Rachel ရယ်၊ အဖေရယ် ၃ ယောက်ပဲရှိတယ်။ ၃ ယောက်စလုံးက အလုပ်နဲ့ဆိုတော့ Rolo ကို အိမ်မှာ တစ်ယောက်တည်းထားခဲ့ရတာ များတယ်။ အခု COVID-19 ကြောင့် ကျွန်တော်သားအဖသုံးယောက်လုံး အိမ်မှာနေတော့ Rolo က အပျော်လွန်ပြီး အမြီးအလှုပ်များရာကနေ ဒီလိုဖြစ်သွားတာပါ။ ဆရာဝန်ပြောတာကတော့ ဆေးသောက်ပြီး လေ့ကျင့်ခန်းလုပ်ပေးရင် ပြန်ကောင်းသွားမှာလို့ ပြောပါတယ်” လို့ Emma က ပြောကြားခဲ့ပါတယ်။

Pyi Hein Kyaw

SHARE