သခင်ကိုစောင့်ရင်း စိတ်မရှည်တော့လို့ ကားပေါ်ကနေဟွန်းတီးပြီးခေါ်တဲ့ခွေး

Daily Mail Video

သင့်ဆီမှာ မွေးထားတဲ့ ခွေးတစ်ကောင်ဟာ ဘယ်လောက်အထိ လိမ်မာသလဲ၊ ဘယ်လောက်အထိ ပါးနပ်သလဲဆိုတာ တချို့အခြေအနေတွေကို ကြုံရမှ သင်သိနိုင်မှာပါ။ သူတို့ဆီမှာ ထူးဆန်းတဲ့ တုန့်ပြန်မှုတွေ ရှိကြပြီး သူတို့ဘယ်လောက် ဥာဏ်ကောင်းသလဲဆိုတာ တစ်ခါတလေမှာတော့ သင် သတိထားမိပါလိမ့်မယ်။

အခုလည်း Daily Mail က ဖော်ပြတဲ့ ဗီဒီယိုတစ်ခုထဲက ခွေးလေးတစ်ကောင်ဟာ တကယ့်ကို သဘောကျစရာကောင်းပြီး ဘယ်လောက်တောင် ပါးနပ်သလဲဆိုတာကို ကြည့်ရှုသူတွေမြင်ခဲ့ရတာပါ။

Daily Mail Video

သြစတြေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့ရဲ့ လမ်းမတစ်နေရာမှာ ခွေးနှစ်ကောင်ကို ကားပေါ်မှာ တင်လာတဲ့ အမျိုးသားကြီးတစ်ယောက်ဟာ ခွေးတွေကို ကားပေါ်မှာ တံခါးပိတ်ထားခဲ့ပြီး မိတ်ဆွေတစ်ယောက်နဲ့ စကားပြောနေခဲ့တာပါ။

ခွေးနှစ်ကောင်ကတော့ ကားပေါ်မှာ သခင်ဖြစ်သူကို စောင့်နေကြပြီး တော်တော်လေးကြာတဲ့အထိ သခင်ဖြစ်သူ ပြန်မလာတဲ့နောက် အဲဒီထဲက တစ်ကောင်က ကားမောင်းသူနေရာဝင်ပြီး ဟွန်းတီးပါတော့တယ်။

READ
ရှက်ရကောင်းမှန်းမသိတဲ့လူများရဲ့ စိတ်ပျက်ဖွယ်အပြုအမူလုပ်ရပ်များ
Daily Mail Video

ဂျာမန်ခွေးဘီလူးလေးတစ်ကောင်က ကားထဲကနေ ဟွန်းကို အဆက်မပြတ်တီးနေခဲ့တာကို အနီးမှာရှိသူတစ်ဦးက ဗီဒီယို ရိုက်ထားခဲ့ပြီး သူဟာ သူ့သခင် ပြန်မလာမချင်း ဟွန်းတီးနေခဲ့တာပါ။

ကားထဲကနေ ဟွန်းသံရှည် ဆက်တိုက်ထွက်လာတဲ့အချိန်မှာတော့ သခင်ဖြစ်သူလည်း ကားဆီ ပြန်လာရပြီး ကားတံခါးကို ဖွင့်ပေးခဲ့ရပါတယ်။ အဲဒီတော့မှ ခွေးလေးလည်း ဟွန်းတီးတာရပ်ပြီး ကားအောက်ဆီ ဆင်းသွားခဲ့တာပါ။

ဒီ ဗီဒီယို ကို ပရော်ဖက်ရှင်နယ် စက်ဘီးသမားတစ်ယောက်ဖြစ်တဲ့ ဗွန်ဟော့ဖ် က သူ့ရဲ့ အင်စတာဂရမ်အကောင့်မှာ တင်ခဲ့ပြီး ကြည့်ရှုသူတွေအတွက် သဘောကျစရာဖြစ်ခဲ့တာပါ။

Linn

SHARE