အဖွဲ့လိုက်ဓာတ်ပုံတွေမှာ ပို့စ်ပေးတတ်လွန်းလို့ လူပြောများနေတဲ့ ချစ်စဖွယ် ခွေးလေး

[email protected] Inu - Kikko, Sasha, Momo & Hina

ခွေးကလေးတွေဆိုတာ လူတွေနဲ့ အနေနီးဆုံး၊ လူတွေအပေါ် သစ္စာအရှိဆုံးနဲ့ နားအလည်နိုင်ဆုံး အိမ်မွေးတိရစ္ဆာန်လေးတွေပါ။ အိမ်တစ်အိမ်မှာ ခွေးမွေးထားပြီဆိုရင် အဲဒီအိမ်သူအိမ်သားတွေဟာ ဘယ်တော့မှ မပျင်းရပါဘူး။ သူတို့ကစားနေတဲ့ပုံလေးတွေ၊ သခင်အပေါ် နွဲ့ဆိုးဆိုးတာလေးတွေကို ကြည့်ရင်း တစ်နေ့တစ်မျိုးမရိုးရပါဘူး။ အခုပြောပြချင်တာကတော့ အရမ်းကို ချစ်ဖို့ ကောင်းတဲ့ ခွေးကလေးတစ်ကောင်အကြောင်းပါ။ အဆိုပါခွေးကလေးကတော့ တစ်ခြားခွေးကလေးတွေနဲ့ အဖွဲ့လိုက်ဓာတ်ပုံရိုက်ရင် သူမတူအောင် ပို့စ်အမျိုးမျိုးလုပ်တတ်လေ့ရှိကြောင်း Bored Panda သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

Shiba Inu – Kikko, Sasha, Momo & Hina

အပေါ်မှာတွေ့ရတဲ့ ခွေးကလေး ၄ ကောင်ကတော့ Kikko, Sasha, Momo နဲ့ Hina လို့ အမည်ရတဲ့ ချစ်စရာကောင်းတဲ့ ခွေးကလေးတွေပဲ ဖြစ်ပါတယ်။ ခွေးလေး ၄ ကောင်လုံးရဲ့ သခင်ကတော့ ဂျပန်နိုင်ငံရှိ Yoko လို့ အမည်ရတဲ့ ဓာတ်ပုံဆရာအမျိုးသားတစ်ယောက်ရဲ့ အိမ်မွေးခွေးကလေးတွေပဲ ဖြစ်ပါတယ်။ Yoko ဟာ သူ့ရဲ့ ခွေးကလေး ၄ ကောင်စလုံးကို အမြဲလိုလို အဖွဲ့လိုက်ဓာတ်ပုံရိုက်ပြီး ဆိုရှယ်မီဒီယာပေါ် တင်လေ့ရှိပါတယ်။ အဲဒီခွေးကလေး ၄ ကောင်စလုံးမှာ အထူးခြားဆုံးကတော့ Hina လို့ အမည်ရတဲ့ ခွေးကလေးပဲ ဖြစ်ပါတယ်။

READ
လူနေအိမ်က မှန်တံခါးကိုချောင်းကြည့်လို့ အဆူခံခဲ့ရတဲ့ ၀က်ဝံပေါက်လေးရဲ့ အဖြစ်
Shiba Inu – Kikko, Sasha, Momo & Hina
Shiba Inu – Kikko, Sasha, Momo & Hina

Hina ဟာ Kikko, Sasha, Momo တို့နဲ့ ဓာတ်ပုံရိုက်တိုင်း အမြဲလိုလို သူမတူအောင် ပို့စ်ပေးတတ်တဲ့ ခွေးကလေးတစ်ကောင်ပဲ ဖြစ်ပါတယ်။ တစ်ခြား၃ ကောင်က ဓာတ်ပုံရိုက်ရင် ပုံစံတူ၊ ပို့စ်အတူတူ ပေးပေမယ့် Hina ကတော့ တစ်ခြား ၃ ကောင်နဲ့ လုံးဝမတူညီတဲ့ ပို့စ်တွေကို ပေးလေ့ရှိပါတယ်။ ဘယ်လိုပုံစံပဲ နေခိုင်းနေခိုင်း Hina ဟာ အမြဲလိုလို သူမတူပို့စ်တွေကို ပေးနေတုန်းပါပဲ။ Yoko ခမျာမှာတော့ ဒီနေ့ဒီအချိန်အထိ သူတို့ ၄ ကောင်ကို ပို့စ်အတူတူပေးတာရိုက်ချင်ပေမယ့် Hina လေးကြောင့် လုံးဝကို မရိုက်ဖူးသေးကြောင်း ဖွင့်ပြောပြခဲ့ပါတယ်။

Shiba Inu – Kikko, Sasha, Momo & Hina
Shiba Inu – Kikko, Sasha, Momo & Hina

“Hina က တော်တော်လေးကို အကြောမာတဲ့ ခွေးကလေးတစ်ကောင်ပါ။ ကျန်တဲ့အချိန်တွေမှာတော့ အရမ်းကို လိမ္မာတဲ့ ခွေးကလေးတစ်ကောင်ပါ။ ဒါပေမယ့် ဓာတ်ပုံရိုက်တဲ့အချိန်မှာတော့ လုံးဝကို မလိမ္မာဘူး။ Kikko, Sasha နဲ့ Momo တို့က ပုံစံတူ ပို့စ်အမြဲပေးတတ်တယ်။ ဒါပေမယ့် Hina ကတော့ သူ့အထာနဲ့သူပဲ။ ဘာပဲဖြစ်ဖြစ် ဒါလည်း တစ်မျိုးကြည့်လို့ ကောင်းပါတယ်”လို့ Yoko က ပြောကြားခဲ့ပါတယ်။

READ
ငယ်ဘ၀က ဓာတ်ပုံတွေကို ရယ်စရာပုံစံအဖြစ် ပြန်လည်ဖန်တီးခဲ့တဲ့ ညီအစ်ကို နှစ်ယောက်
Shiba Inu – Kikko, Sasha, Momo & Hina

Posted by The Idealist on Tuesday, September 8, 2020

Pyi Hein Kyaw

SHARE