လူနာတင်ကားထဲအထိလိုက်ပြီး သခင်ကိုစောင့်ရှောက်ခဲ့တဲ့ ခွေးလိမ္မာလေး

facebook/Anderson Fechner Bahi

ဘရာဇီးနိုင်ငံ Uruguaiana မှာ ခွေးလေးတစ်ကောင်ဟာ လူနာတင်ယာဉ်ထဲထိလိုက်ပြီး သခင်ကိုကာကွယ်စောင့်ရှောက်ခဲ့တဲ့မြင်ကွင်းတစ်ခုကို news.com.au မှာတွေ့ရပါတယ်။ ဒီဗီဒီယိုကိုတော့ ဘရာဇီးအမျိုးသား အန်ဒါဆန်ဘာဟီဆိုသူကတင်ခဲ့တာပါ။ အန်ဒါဆန်တင်ထားတဲ့ ဖေ့စ်ဘုတ်ဗီဒီယိုထဲမှာတော့ ခွေးလေးဟာ သခင်ရှိနေတဲ့လူနာတင်ယာဉ်ထဲထိ လိုက်ပြီး သူပါဆေးရုံကိုလိုက်သွားခဲ့တာပါ။

facebook/Anderson Fechner Bahi

ချစ်စရာကောင်းတဲ့ခွေးလေးကတော့ လူနာတင်ကားအရောင်နဲ့ လိုက်ဖက်ညီစွာပဲ အနီရောင်ခေါင်းစွပ်အင်္ကျီကို ဝတ်ထားခဲ့တာ ဖြစ်ပါတယ်။ ခွေးလေးရဲ့သခင်ကတော့ ခွေးကျောင်းထွက်ရင်းနဲ့ ရုတ်တရက်နေမကောင်းဖြစ်ခဲ့တာလို့ သိရပါတယ်။

သခင်ဖြစ်သူကို ဆေးရုံကားနဲ့ ခေါ်သွားဖို့လုပ်တော့ တစ်ကောင်တည်းကျန်နေတဲ့ခွေးလေးကို သနားပြီး ဆေးဝန်ထမ်းတွေက ကားထဲထည့်ခေါ်လာခဲ့တာဖြစ်ပါတယ်။ ဆေးရုံရောက်သွားတဲ့အချိန်မှာတော့ သခင်ဖြစ်သူ ဆေးစစ်ခံဖို့ဝင်သွားတဲ့အချိန် ခွေးလေးဟာ ဆေးရုံအပြင်ဘက်မှာပဲ ထိုင်စောင့်နေခဲ့ပါတယ်။

O cachorrinho queria ir na ambulância com seu dono e conseguiu…sem informações sobre a pessoa.

Posted by Anderson Fechner Bahi on Sunday, 30 August 2020

ဗီဒီရိုရိုက်တင်ခဲ့သူ မစ္စတာဘာဟီကတော့ အခုလိုပြောပါတယ်။ “ကျွန်တော် ကားနဲ့ဖြတ်သွားတော့ လမ်းတစ်ဘက်မှာ လူနာတင်ယာဉ်ရပ်ထားတာတွေ့တယ်။ ခွေးလေးရဲ့ သူ့သခင်အပေါ်ထားတဲ့အချစ်က ထူးခြားလွန်းပါတယ်။”

READ
အိမ်သာအိုးထဲမှာအရှည်3ပေရှိတဲ့ စပါးအုံးတစ်ကောင်ကို တွေ့ရှိခဲ့တဲ့ ကျောင်းသားလေး

နောက်ထပ်လူတစ်ဦးကလည်း ခွေးတွေကသစ္စာရှိတဲ့အကြောင်းနဲ့ပတ်သက်လို့ သူ့အမြင်ကို ဖေ့စ်ဘုတ်ပေါ်ပြန်ရှဲခဲ့ပါတယ်။ ဆေးရုံအနီးမှာနေတဲ့ ဒေသခံတိရစ္ဆာန်ကယ်ဆယ်ရေးသမားဖြစ်သူ Maria Lúcia Muniz ကတော့ဆေးရုံအပြင်မှာ တစ်ကောင်တည်းဖြစ်နေတဲ့ခွေးလေးကို သူမလည်း သတိပြုမိကြောင်းဆိုပါတယ်။ သူမကတော့ ခွေးပိုင်ရှင်နေကောင်းတဲ့အချိန်အထိ သူမအိမ်မှာပဲ ခွေးကိုတစ်ညတာခေါ်သိပ်ဖို့ ဆုံးဖြတ်ခဲ့တာပါ။ ဒါပေမဲ့ ကံကောင်းစွာနဲ့ပဲ ခွေးလေးဟာ သခင်ကို သိပ်မစောင့်လိုက်ရပါဘူး။ “အရမ်းစိတ်လှုပ်ရှားစရာကောင်းပါတယ်။ ဘုရားမလို့ ခွေးပိုင်ရှင်က ၄၅မိနစ်ပဲ ဆေးရုံတက်လိုက်ရတယ်။ သူ့မိသားစုက လိုက်လာပြီး ခွေးလေးကို အိမ်ပြန်ခေါ်သွားတယ်။” လို့ Muniz က ပြောပြခဲ့ပါသေးတယ်။

ShweMom

SHARE