သခင်ဖြစ်သူ နှလုံးခုန်ရပ်သွားစေလောက်မယ့် အပြုအမူမျိုးနဲ့ Drama ချိုးခဲ့တဲ့ ခွေးကလေး

[email protected]

ခွေးကလေးတွေဟာ လူတွေရဲ့ အကောင်းဆုံးအဖော်မွန်ဖြစ်သလို အကောင်းဆုံးအိမ်မွေးတိရစ္ဆာန်လေးတွေလဲ ဖြစ်ပါတယ်။ ခွေးကလေးတော်တော်များများကတော့ ချစ်ဖို့ကောင်းပြီး တစ်ချို့ကောင်လေးတွေကျတော့လည်း လူလည်ကောင်လေးတွေပါ။ ဒါပေမယ့် အခုပြောပြချင်တဲ့ ခွေးလေးကတော့ တကယ့်တလွဲ ခွေးကလေးတစ်ကောင်ပါ။ ဘာကြောင့်လဲဆိုတော့ သူ့သခင်ဖြစ်သူ အပြင်ကပြန်ပြန်လာချင်း ရုတ်တရက် ကြမ်းပြင်ကိုကြည့်လိုက်တဲ့အချိန်မှာတော့ အဆိုပါခွေးလေးဟာ သွေးအလိမ်းလိမ်းနဲ့ ကြမ်းပြင်ပေါ်မှာ လဲကျနေတာတွေ့ခဲ့ရတာကြောင့်ပဲ ဖြစ်ပါတယ်။

[email protected]

အပေါ်မှာ တွေ့ရတဲ့ ပုံကတော့ ရုတ်တရက်ကြည့်လိုက်ရင်တော့ ဘယ်သူမဆို ရင်တုန်ပန်းတုန် ဖြစ်သွားမှာ အသေအချာပါပဲ။ ဘာကြောင့်လဲဆိုတော့ ကိုယ့်ရဲ့ခွေးလေးက သွေးအိုင်ကြီးထဲမှာ လဲကျနေတာကို ရုတ်တရက်တွေ့လိုက်ရလို့ပဲ ဖြစ်ပါတယ်။ ဖြစ်ချင်တော့ အဆိုပါ ခွေးကလေးရဲ့ အနားမှာလည်း ဓားတစ်ချောင်း ရှိနေပြန်တော့ ခန္ဓာကိုယ်ကိုများ ဓားနဲ့ ထိခိုက်မိလို့ ဗိုက်ပွင့်သွားတာလား၊ သွေးထွကက်လွန်နေတာလား အစရှိသဖြင့် ဘယ်သခင်မဆို အကြီးအကျယ် စိတ်ပူသွားမှာ အမှန်ပါပဲ။ ဒါပေမယ့် ပိုင်ရှင်ဖြစ်သူက အနားကို သေသေချာချာ ကပ်ပြီးကြည့်လိုက်တော့မှ အနီရောင်ဖျော်ရည် ပုလင်းတစ်လုံးဟာ အဆိုပါ ခွေးကလေးရဲ့ အနားမှာ ကွဲကျနေတာကို တွေ့ခဲ့ရတာပဲ ဖြစ်ပါတယ်။

READ
Rich Kid များရဲ့ ခရစ်စမတ်ကို ခုတုံးလုပ်ကာ ကြွားလုံးထုတ်နည်းအသွယ်သွယ်
[email protected]
[email protected]

အဲဒီနောက်မှာတော့ သခင်ဖြစ်သူဟာ ခွေးကလေးကို ဆွဲထူလိုက်တဲ့ အချိန်မှာတော့ ဆရာသမားလေးဟာ မျက်စိကို အတင်းမှိတ်ပြီး ဟန်ဆောင်ထားရတဲ့ပုံပါပဲ။ အဲဒီအခါမှသာ သခင်ဖြစ်သူတွေလည်း ခွေးကလေးဟာ သွေးတွေထွက်နေတာမျိုး မဟုတ်ပဲ အဆိုပုလင်း ကျကွဲရာက ထွက်လာတဲ့ အနီရောင်ဖျော်ရည်တွေနဲ့ လူးလှိမ့်ထားမှန်း သိခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ ပို့စ်ဟာ ဆိုရှယ်မီဒီယာမှာ တော်တော်လေး ပျံ့နှံ့ခဲ့ပြီး share တဲ့သူ 11k ရှိကာ မှတ်ချက်ပေးသူပေါင်း 5.7k အထိ ရှိခဲ့ပါတယ်။ လူတော်တော်များများကလည်း အဆိုပါ ခွေးကလေးဟာ တော်တော်လေး ဟန်ဆောင်ကောင်းတာကြောင့်ခွေးသရုပ်ဆောင် လုပ်ခိုင်းသင့်ကြောင်း ဝိုင်းဝန်နောက်ပြောင်ကာ မှတ်ချက်ပေးခဲ့ကြပါတယ်။

Pyi Hein Kyaw

SHARE