ခွေးသန်ချဆေးဟာ အဆုတ်ကင်ဆာကို ပျောက်ကင်းစေခဲ့တယ်ဆိုတဲ့ ဗီဒီယိုဖိုင် YouTubeမှာ ပျံ့နှံ့သွားခဲ့ပြီးနောက် တောင်ကိုရီးယားနိုင်ငံက ကင်ဆာရောဂါသည်တွေဟာ fenbendazoleလို့ခေါ်တဲ့ အဲဒီဆေးကို အသည်းအသန်သောက်သုံးနေကြပါတယ်။ သောက်သုံးမှုဟာ ဘယ်လောက်များပြားလဲဆိုရင် ဆေး ပြတ်လတ်သွားတဲ့အထိဖြစ်နေတာပါ။
အမေရိကန်လူမျိုး Joe Tippens က fenbendazoleခွေးသန်ချဆေးဟာ ကင်ဆာရောဂါကနေ မသေအောင် ကယ်တင်ပေးခဲ့တယ်ဆိုတဲ့အကြောင်း တောင်ကိုရီးယား YouTube ချန်နယ်တစ်ခုမှာ ဖော်ပြခဲ့ပြီးနောက် စက်တင်ဘာလအစောပိုင်းမှာ စတင်ပြီး ဒီဆေးကို ရူးသွပ်လာခဲ့ကြတာပါ။
ဒီဆေးသောက်သုံးမှုနဲ့ပတ်သက်ပြီး ဘေးထွက်ဆိုးကျိုးအတွက် စိုးရိမ်ရကြောင်း အစိုးရက သတိပေးထုတ်ပြန်ပေမယ့် သောက်သုံးမှုအရေအတွက်က ပိုပိုပြီးများပြားလာနေပါတယ်။ fenbendazole ဆေးဟာ ခွေးတွေကြောင်တွေရဲ့ အူအတွင်းပိုင်းအင်းဆက်တွေကိုရှင်းလင်းတဲ့ သန်ချဆေးတစ်မျိုးဖြစ်ပြီး၊ ဒီလိုဆေးကို တောင်ကိုရီးယားပြည်သူတွေ ယုံယုံကြည်ကြည်သောက်သုံးနေတဲ့အပေါ် ဆရာဝန်တွေရော ကျန်းမာရေးအာဏာပိုင်တွေပါ အတော်လေး စိတ်ပျက်အံ့သြနေကြပါတယ်။
Dog medicine goes viral in South Korea over claims it cures human cancer, Asia, Health News https://t.co/O8aSlKDFxR pic.twitter.com/on94vZ49eX
— 420 Ag (@herbtechno) November 17, 2019
ဒါပေမယ်လို့သူတို့ယုံကြည်ချက်က ပိုပြင်းထန်လာပြီး ၊ ကင်ဆာအဆင့်မြင့်တဲ့ရောဂါ သည်ဒါဇင်ကျော်က သူတို့ဒီဆေးသောက်သုံးလိုက်ပြီးနောက်ပိုင်း ရက်သတ္တပတ်ကျော်အကြာမှာ ပိုကောင်းလာတဲ့ ခန္ဓာကိုယ်ပြောင်းလဲဖြစ်ပျက်ပုံတွေကို YouTube မှာ video စီးရီးလိုက်ကို ဖော်ပြလာကြပါတယ်။
Tippensက လွန်ခဲ့တဲ့ (၂)နှစ်က ခန္ဓာကိုယ်တစ်ခုလုံးပျံ့နှံ့နေတဲ့ အဆုတ်ကင်ဆာကြောင့် ဆရာဝန်တွေက လက်လျှော့လိုက်ပြီး သူလည်းသေဖို့အတွက်ပြင်ဆင်ထားခဲ့တာ။ နောက်တော့ အမေရိကန်တိရစ္ဆာန်ဆရာဝန်တစ်ဦးရဲ့အကြံပြုချက်နဲ့ fenbendazoleဆေးကိုသောက်ကြည့်လိုက်ပြီး သုံးလအကြာမှာ အားလုံးလက်လျှော့ထားတဲ့ သူ့အဆုတ်ကင်ဆာဟာ ပျောက်ကင်းသွားခဲ့တယ်။
Oklahomaဆေးဘက်ဆိုင်ရာသုတေသနအဖွဲ့အစည်းဥက္ကဋ္ဌ Stephen Prescott ကတော့ ဒီကိစ္စက သူ့အတွက် မယုံကြည်နိုင်စရာဖြစ်နေပေမယ့်၊ ဒီဆေးက အင်းဆက်တွေကိုတကယ်တိုက်ဖျက်မဖျက်ဆိုတာပြောလို့တော့မရဘူး..ဒီဆေးမှာလည်းသူ့နောက်ခံအကြောင်းအရာတွေရှိနေတယ်လို့ Koco 5 Newsကိုပြောပါတယ်။
သိပ္ပံပညာရှင်တွေက ဒီကိစ္စကို လေ့လာသုံးသပ်ဖို့ Tippens အတွက် လုပ်ဆောင်သွားဖို့ရှိနေပါတယ်။ ဘာကြောင့်လဲဆိုရင် Tippens က ဒီဆေးအပြင် Vitamin E ၊ cannabidiolနဲ့ တခြားကင်ဆာတိုက်ဖျက်ဆေးတွေကိုလည်း သောက်သုံးခဲ့သူဖြစ်တာမို့ ဒီဆေးရဲ့ထိရောက်မှုကြောင့် ဟုတ်မဟုတ်လေ့လာသွားမှာပါ။
ဒါပေမယ့် Tippens ကတော့ သူ့ကင်ဆာပျောက်တာဟာ ဒီဆေးကြောင့်လို့ တစ်ထစ်ချယုံကြည်နေပြီး၊ နောက်လည်း ဆက်သောက်သွားမယ်လို့ဆိုပါတယ်။
YouTube မှာလည်း သူ့ဗီဒီယိုကို ကြည့်ရှုသူ တစ်သိန်းကျော်ရှိပြီး၊ သူ့လိုသောက်ပြီး ပျောက်ကင်းတဲ့ ကင်ဆာရောဂါသည်(၄၀)လောက်ရှိနေပြီိလို့ဆိုပါတယ်။ အဲ့ဒီထဲမှာ အဆုတ်ကင်ဆာဖြစ်နေတဲ့ တောင်ကိုရီးယားရဲ့ ဟာသနဲ့အဆိုတော် Kim Chul-minလည်း ပါဝင်နေပါတယ်။
ကင်ကလည်း အောက်တိုဘာအစောပိုင်းလောက်မှာ fenbendazoleဆေး စသောက်ခဲ့ပြီးနောက်ပိုင်း နာကျင်မှုတွေလျော့ပါးလာပြီး၊ သွေးစစ်ချက်တွေလည်း ကောင်းမွန်လာတယ်လို့ သူ့ဖေ့ဘွတ်မှာ ဆိုထားပါတယ်။
Khaing