ဝဲရောဂါကြောင့် သေအံ့မူးမူးခွေးမလေးကိုကယ်တင်လိုက်နိုင်ပြီးနောက် ပြောင်းလဲသွားမှု

ခွေးတွေမှာအဖြစ်များတဲ့ အရေပြားဆိုင်ရာရောဂါတစ်ခုဖြစ်တဲ့ ဝဲရောဂါဟာ သာမန်ညောင်ည ရောဂါတစ်ခုမဟုတ်ပါဘူး။ ရောဂါပြင်းထန်လာသည်နှင့်အမျှ ခွေးတွေရဲ့ ကိုယ်ခံအားစနစ်ကို ကျဆင်းစေပြီး၊ အစားပျက်အသောက်ပျက်နဲ့ နောက်ဆုံးမှာ အသက်စေဆုံးသည်အထိ ရောဂါက အန္တရာယ်ရှိပါတယ်။ လမ်းဘေးမှာ ကျင်လည်ကျက်စားရတဲ့ ခွေးတွေအဖို့တော့ ဒီရောဂါရလိုက်တာနဲ့ သေဖို့သာ ရှိပါတော့တယ်။

အခုလည်း လမ်းဘေးမှာ ကျင်လည်ကျက်စားရတဲ့ ခွေးမလေးတစ်ကောင်ဟာ အလွန်ဆိုးရွားတဲ့ ဝဲရောဂါကို ခံစားနေရပြီး၊ ရုပ်ပျက်ဆင်းပျက် ဖြစ်နေသည်အထိ ရောဂါက ပြင်းထန်လွန်းပါတယ်။ အဆိုပါခွေးမလေးဟာ နေ့သေမလား၊ ညသေမလား စောင့်စားနေရင်း မျှော်လင့်ချက်တွေ ကင်းမဲ့နေပါတယ်။ ဒါပေမယ့် သတ္တဝါတစ်ကောင်ရဲ့ အသက်ရှင်မှု/သေမှုဆိုတာ ကံသေကံမ တွက်ဆလို့ရတာမျိုးတော့ မဟုတ်ပါဘူး။

ခွေးမလေးရဲ့နာမည်မှာ Khalessi ဖြစ်ပါတယ်။ အဆိုပါ ခွေးမလေးဟာ တုန်တုန်ရီရီ သွေးသံရဲရဲနဲ့ အစာစားရလိုစားရညား မျှော်နေရှာပါတယ်။ ဘက်တီးရီးယားတွေရဲ့ တိုက်ခိုက်မှုကြောင့် ခွေးမလေး Khalessi ရဲ့ အသားစတွေပင် ပဲ့နေပြီး၊ ဒီလိုပုံစံကို မြင်လိုက်တာနဲ့ တော်တော်များများကတော့ ဒီခွေးမလေး မကြာဘူး သေတော့မှာလို့ တွက်ချက်မိမှာပါဘဲ။

ဒါပေမယ့် ဘုရားသခင်ရဲ့ ကောင်းချီးမင်္ဂလာကို ခွေးမလေး Khalessi လည်း ရခဲ့ပါတယ်။ ထိုမြို့ကလေးမှာ ခွေးလေခွေးလွင့်များကို ကယ်ဆယ်စောင့်ရှောက်ရေး လှုပ်ရှားမှုစတင်ခဲ့ပြီးနောက်မှာတော့ ခွေးမလေး Khalessi လည်း ကံကောင်းထောက်မစွာနဲ့ ကယ်ဆယ်စောင့်ရှောက်ရမယ့် ခွေးတွေထဲမှာ ပါဝင်ခဲ့ပါတယ်။ Diana နဲ့ Tony တို့ဟာ ပြုစုစောင့်ရှောက်ရေး ဝန်ထမ်းတွေဖြစ်ကြပြီး၊ ခွေးမလေးကို စစ်ဆေးဖို့ သွားရောက်တဲ့အခါမှာ အလွန်ကို ဆို့နင့်ဝမ်းနည်းသွားခဲ့ကြပါတယ်။

READ
(၆)တန်းတုန်းက ဆရာမရဲ့တောင်းဆိုမှုကို မှတ်ထားပြီး အကောင်အထည်ဖော်ခဲ့တဲ့ကောင်မလေး

ခွေးမလေးဟာ အလွန်ကို အားအင်ကုန်ခမ်းနေပြီး ချက်ချင်းပဲ လဲကျသွားတော့မလား ထင်မှတ်ရတယ်လို့ Tony က ဆိုပါတယ်။ ဒီလောက်ဆိုးရွားတဲ့ အရေပြားရောဂါကို သူတို့တစ်သက် မကြုံဘူးကြောင်းလည်း ပြောခဲ့ပြီး အချိန်မဖြုန်းဘဲ ထိရောက်တဲ့ ကုသမှုတွေဆက်လုပ်ရမယ်လို့ ဆုံးဖြတ်ခဲ့ကြောင်း ဆိုပါတယ်။

Diana တို့က အရင်ဆုံး ခွေးမလေး Khalessi ကို ဆေးခန်းကို ခေါ်သွားကြပါတယ်။ ဒေါက်တာတွေကလည်း အရေးပေါ်ကုသပေးရမယ်ဆိုတာ ချက်ချင်ဆုံးဖြတ်ခဲ့ကြပါတယ်။ လိုအပ်တဲ့ စစ်ဆေးမှုတွေ ပြုလုပ်တဲ့အခါမှာ ရှေ့လက်ကလည်း တစ်ယောက်ယောက်က ရိုက်နှက်လို့ ကျိုးသလောက်နီးနီးဖြစ်နေပါတယ်။ ဒီလိုနဲ့ ထိရောက်တဲ့ ကုသမှုတွေကြောင့် Khalessi ဟာ တဖြည်းဖြည်း အခြေအနေ တိုးတက်လာပါတယ်။

နောက်ဆုံးမှာတော့ ခန္ဓာကိုယ်ပေါ်မှာစွဲကပ်နေတဲ့ ဝဲရောဂါတွေဟာ ယူပစ်လိုက်သလို ပျောက်ကင်းသွားပြီး၊ အမွေးအမျှင်တွေကလည်း ပြန်လည်ပေါက်လာက ကျန်းမာရွှင်လန်းနေတဲ့ Khalessi ဟာ ဘဝအသစ်မှာ သခင်အသစ်တွေနဲ့ ပျော်ရွှင်နေပါတယ်။

နတ်စည်တော် (Shwemom)

source : allcuteallthetime.com

SHARE