မိသားစု Christams ဓာတ်ပုံတိုင်းမှာ သူ့ပုံပါဖို့ ကြိုးစားခဲ့တဲ့ ချစ်စဖွယ် ခွေးမလေး

[email protected] Greenstein

ခွေးကလေးတွေဆိုတာ လူသားတွေရဲ့ အကောင်းဆုံး အိမ်မွေးတိရစ္ဆာန်အဖော်မွန်လေးတွေဖြစ်သလို သူတို့ရဲ့ လူသားသခင်တွေ အပေါ်မှာ သစ္စာအရှိဆုံးနဲ့ သံယောဇဉ်အကြီးဆုံး တိရစ္ဆာန်လေးတွေ ဖြစ်ပါတယ်။ အမြဲလိုလို ချစ်စရာကောင်းတဲ့ အပြုအမူတွေနဲ့ သခင်တွေအပေါ် ပြုမူတတ်တဲ့ ခွေးကလေးတွေဟာ တစ်ခါတစ်လေကျရင်လည်း သခင်တွေအပေါ် ဆိုးတတ်ပါသေးတယ်။ အခုပြောပြချင်တဲ့ ခွေးမလေးတစ်ကောင်ကတော့ သူတို့သခင်မိသားစု Christmas ဓာတ်ပုံ ရိုက်နေတဲ့အချိန်မှာ သူ့ရဲ့ပုံကိုလည်းပါအောင်ကြိုးစားခဲ့လို့ နာမည်ကြီးနေကြောင်း Bored Panda သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

Deanna Greenstein

အဆိုပါ ခွေးမလေးကတော့ အမေရိကန်နိုင်ငံ၊ Massachusetts ပြည်နယ်၊ Brockton မြို့ရှိ Penny အမည်ရ ခွေးမလေးတစ်ကောင် ဖြစ်ပါတယ်။ Penny ကို ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်၊ ဧပြီလမှာ သခင်မဖြစ်သူ Deanna တို့ မိသားစုက Northeast Animal Shelter အမည်ရ တိရစ္ဆာန်ဂေဟာကနေ ငယ်စဉ်ကတည်းက ခေါ်ယူမွေးစားခဲ့တာ ဖြစ်ပါတယ်။ Penny လေးဟာ ငယ်စဉ်ကတည်းက အစွန့်ပစ်ခံ ခွေးမလေးတစ်ကောင် ဖြစ်တာကြောင့် ဒီလိုမျိုး မိသားစုနဲ့ နေထိုင်ရတာကို တော်တော်လေး ပျော်ရွှင်ခဲ့ဟန်တူပါတယ်။

READ
သင့်ရဲ့အနာဂတ်ချစ်သူက Harry Stylesနဲ့တူမလားZayn Malikနဲ့တူမလား
Deanna Greenstein
Deanna Greenstein

အခုလည်း မကြာသေးခင်အချိန်က Deanna တင်ခဲ့တဲ့ ပို့စ်တစ်ခုကြောင့် Penny လေးဟာ ဆိုရှယ်မီဒီယာပေါ်မှာ လူချစ်လူခင်ပေါများတဲ့ ခွေးမလေးတစ်ကောင် ဖြစ်လာခဲ့ပါတယ်။ Deanna တို့ မိသားစုဟာ Christmas အချိန်နီးလာတာကြောင့် Family Christmas Card အတွက် မိသားစုလိုက် ဓာတ်ပုံရိုက်ဖို့ ပြင်ဆင်ခဲ့ကြပါတယ်။ ဒီလိုနဲ့ Deanna တို့ မိသားစု ဓာတ်ပုံရိုက်တဲ့ အချိန်မှာတော့ Penny ဟာ မိသားစုဝင်တွေအရှေ့ကနေ မကြာခဏ ကာဆီးကာဆီးလုပ်ကာ ဓာတ်ပုံထဲမှာ သူကိုယ်တိုင် ပါဝင်ဖို့ ကြိုးစားခဲ့ပါတယ်။ အဲဒီနောက်မှာတော့ သခင်မဖြစ်သူ Deanna ကလည်း ခွေးမလေး Penny ဟာ ဓာတ်ပုံအရိုက်ခံရတာကို သဘောကျနှစ်ခြိုက်တာကို သိသွားပြီး ဒီအတိုင်း လွှတ်ပေးထားခဲ့ပါတယ်။ ဓာတ်ပုံရိုက်ပြီးတဲ့ အချိန်မှာတော့ ဓာတ်ပုံတိုင်းလိုလိုမှာ ခွေးမလေး Penny ရဲ့ snap ပုံတွေကို တွေမြင်ခဲ့ပြီး အဲဒီပုံတွေအတိုင်းပဲ Family Christmas Card ကို ထုတ်လုပ်ခဲ့ကာ ဆိုရှယ်မီဒီယာပေါ်တင်ခဲ့ပါတယ်။

READ
အိပ်ပျော်နေတာကို အမွှေးရှင်းပလာစတာတွေ ကပ်ပေးပြီး ချစ်သူချင်းကျီစယ်ပုံ
Deanna Greenstein
Deanna Greenstein

Penny ရဲ့ ပုံလေးတွေဟာ ချစ်ဖို့ကောင်းပြီး အသက်ဝင်လွန်းတာကြောင့် Deanna ရဲ့ ပို့စ်ကို တွေ့တဲ့လူတိုင်းဟာ Penny ရဲ့ ပုံတွေကို ကြိုက်နှစ်သက်ခဲ့ပါတယ်။ “Penny ဟာ တစ်ကယ်ကို ဥာဏ်ကောင်းပြီး သခင်တွေအပေါ် သိတတ်တဲ့ ခွေးမလေးတစ်ကောင်ပါ။ အိမ်က မိသားစုဝင်တွေကလည်း Penny ကို အရမ်းချစ်ကြသလို အရမ်းလည်း ဂရုစိုက်တတ်ပါတယ်။ အစကတော့ Family Christmas Card အတွက် ဓာတ်ပုံရိုက်တဲ့ အချိန်မှာ Penny ကို ထည့်ဖို့ သတိမရပဲ မေ့သွားတာပါ။ ဓာတ်ပုံရိုက်တော့ သူ့ဘာသာသူ အနားကို ရောက်လာပြီး Camera အရှေ့မှာ ပို့စ်တွေလာပေးတော့တာပဲ။ တော်တော်ကို ချစ်ဖို့ကောင်းတဲ့ ခွေးမလေးပါ”လို့ Deanna က Bored Panda သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

Pyi Hein  Kyaw

SHARE