ခွေးပိုင်ရှင်တွေက ကြောင်ပိုင်ရှင်တွေထက် ပိုချော၊ ပိုလှ၊ ပိုပျော်ဟု စစ်တမ်းတစ်ရပ်ထုတ်ပြန်

shutterstock_511107457

အိမ်မွေးတိရစ္ဆာန်လေးတွေ မွေးမယ်ဆိုရင် ခွေးကို ပိုမွေးသင့်တယ်လို့ ဘယ်သူကမှ အကြံပေးမှာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် စစ်တမ်းတစ်ရပ်ကြောင့် တော်တော်များများဟာ ခွေးကို ပိုပြီး မွေးကြလေမလားလို့တောင် ထင်ရစေပါတယ်။ အဲဒီစစ်တမ်းကတော့ ကြောင်ပိုင်ရှင်တွေအတွက် စိတ်ခုဒေါသပွားစရာ ဖြစ်စေပြီး၊ အဆိုအရတော့ အိမ်မွေးတိရစ္ဆာန်မွေးတဲ့ လူပေါင်း (၁,၀၀၀)ကျော်ကို စစ်တမ်းကောက်ယူထားတာလို့ ဆိုပါတယ်။

shutterstock_429482392

စစ်တမ်းထဲမှာ ဖော်ပြထားချက်အရတော့ ခွေးပိုင်ရှင်နဲ့ ကြောင်ပိုင်ရှင်တို့ လူမှုရေးနဲ့တစ်ကိုယ်ရေသွင်ပြင်လက္ခဏာတွေကို ယှဉ်တဲ့အခါမှာ ခွေးပိုင်ရှင်တွေက အသာရနေပါတယ်။ သူတို့တွေ့ရှိချက်တွေကိုတော့ လူပေါင်း(၁,၀၀၀)ကျော်ကို စစ်တမ်းပြုစုထားတာ ဖြစ်ပြီး၊ EliteSingles လို့ အမည်ရတဲ့အဖွဲ့က စစ်တမ်းလုပ်ထားတာပါ။

သူတို့ပြုလုပ်ခဲ့တဲ့ စစ်တမ်းမှာ ခွေးပိုင်ရှင်တွေဟာ ကြောင်ပိုင်ရှင်တွေထက် ပိုချော၊ ပိုလှ၊ ပိုတော်၊ ပိုပြီးထက်မြက်ကြောင်း တွေ့ရှိခဲ့ပြီး ရာခိုင်နှုန်းအားဖြင့် (၆၃)% အထိရှိပြီး၊ ကြောင်ပိုင်ရှင်တွေထက် အပြတ်အသတ် သာနေတယ်လို့ ဆိုပါတယ်။ ကြောင်ပိုင်ရှင်တွေကို လေ့လာလိုက်တဲ့ အခါမှာလည်း ဒီလိုအရည်ချင်းတွေ ပုဂ္ဂိုလ်ရေးပိုင်ဆိုင်မှုတွေကို ကြောင်ပိုင်ရှင် (၁၈)%ကသာ ပိုင်ဆိုင်ကြတယ်လို့ ဆိုပါတယ်။

READ
Facebook ကြောင့် Relationshipတစ်ခုပျက်စီးနိုင်သည့်အချက်များ
shutterstock_618110183

ကျန်ရှိနေတဲ့ (၁၉)%ကတော့ အဆိုပါတိရစ္ဆာန်ပိုင်ရှင်တွေ ကိုယ်တိုင်က မိမိတို့သဘောအရသာ အိမ်မွေးတိရစ္ဆာန်တွေကို မွေးခဲ့တာဖြစ်ပြီး၊ ဒီလိုပိုင်ဆိုင်ခြင်းက ပုဂ္ဂိုလ်ရေးဆိုင်ရာ အရည်အချင်းတွေကို ထိခိုက်မှု၊ သက်ရောက်မှု တစ်စုံတစ်ရာ မရှိနိုင်ကြောင်း တုန့်ပြန်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အဲဒီစစ်တမ်းမှာ ခွေးပိုင်ရှင် (၃၂)%ဟာ ခွေးတွေဟာ သူတို့နဲ့ပါတီမကျတော့ဘူးလို့ ခံစားရတဲ့အခါမှာ လုံးဝစွန့်ပစ်တာမျိုး ပြုလုပ်လေ့ရှိပြီး၊ ကြောင်ပိုင်ရှင် (၂၇)%ကတော့ ကြောင်တွေက သူတို့ကို သဘောမကျတော့ဘူးလို့ ခံစားရတဲ့အခါမှာ စွန့်ပစ်တာမျိုးပြုလုပ်လေ့ရှိကြောင်း ဆိုပါတယ်။

နတ်စည်တော် (Shwemom)

Ref : 9gag.com/maxim.com

SHARE