အစွန့်ပစ်ခံ ကြောင်ကလေးတွေကို ကယ်တင်စောင့်ရှောက်ပေးနေတဲ့ ခွေးကြီး Raylan

[email protected]_the_dog

ခွေးနဲ့ကြောင်ဆိုတာ တစ်နည်းနဲ့တစ်တစ်နည်းမဟုတ် တစ်ကောင်နဲ့တစ်ကောင် အမြဲရန်ဖြစ်နေကြတဲ့ ကောင်လေးတွေပါ။ အိမ်တစ်အိမ်မှာ ခွေးမွေးထားရင် များသောအားဖြင့် ကြောင်မွေးလို့မရသလို ကြောင်မွေးထားတဲ့ အိမ်တွေမှာလည်း ခွေးမွေးဖို့ဆိုတာ မလွယ်ကူပါဘူး။ အခုကြတော့ Raylan လို့ အမည်ရတဲ့ ခွေးကြီးဟာ လမ်းပေါ်က အစွန့်ပစ်ခံကြောင်ကလေးတွေကို ကိုယ့်ရဲ့ သွေးသားရင်းသဖွယ် စောင့်ရှောက်ပေးနေကြောင်း Bored Panda သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

raylan_the_dog

Raylan ဟာ အခုဆိုရင်တော့ စွန့်ပစ်ခံကြောင်ကလေးတော်တော်များများရဲ့ မိဘနေရာမှာ ရှိနေပါတယ်။ Raylan ရဲ့ သခင်ဖြစ်သူမိသားစုဟာ ကြောင်ဂေဟာလေးဖွင့်ပြီးနောက်ပိုင်းမှာ Raylan ဟာ ဂေဟာကိုရောက်လာသမျှ ကြောင်ပေါက်လေးတွေကို သူ့ရဲ့ သွေးသားရင်းသဖွယ် စောင့်ရှောက်ပေးနေတာပဲ ဖြစ်ပါတယ်။

raylan_the_dog

Raylan ရဲ့ Instagram အကောင့်မှာလည်း Follower 20k ရှိပြီး သူ့ရဲ့သခင်တွေက Raylan အတွက်ဖွင့်ပေးခဲ့တာဖြစ်ပါတယ်။ စိတ်ချမ်းသာမှုရဲ့ အရသာကို သိချင်ရင်တော့ Raylan ရဲ့အကောင့်ကို ဝင်ကြည့်တာ အကောင်းဆုံးပါပဲ။ Raylan တစ်ယောက် ကြောင်ကလေးတွေအပေါ်ဘယ်လောက်ခိ မေတ္တာထားတယ်ဆိုတာကို သိနိုင်မှာပဲ ဖြစ်ပါတယ်။

READ
စိတ်တိုတိုနဲ့ ဘုကြည့်ကြည့်တဲ့ အကြည့်ကြောင့် အွန်လိုင်းမှာ ပေါ်ပြူလာဖြစ်နေတဲ့ ကောင်လေး
raylan_the_dog
raylan_the_dog

“Raylan ဟာ တော်တော်ကြင်နာတတ်တဲ့ ခွေးကလေးတစ်ကောင်ပါ။ တစ်ခါတစ်လေကျရင်လည်း လမ်းပေါ်မှာ တစ်ယောက်တည်းလျှောက်သွားနေတဲ့ကြောင်ကလေးတွေတွေ့ရင် သူ့ဘာသာသူကိုက်ချီလာပြီး ဂေဟာကို ခေါ်လာတတ်ပါတယ်။ သူ့ရဲ့ ကြောင်ကလေးတေါအပေါ်ထားတဲ့ မေတ္တာတရားဟာ တကယ်ကို ကြီးမားလွန်းလှပါတယ်။ အခုဆိုရင်တော့ သူ့လက်ပေါ်မှာပဲ ကြီးပြင်းလာတဲ့ ကြောင်ကလေးတွေရဲ့ အရေအတွက်ဟာ အကောင် ၇၀ ထက်တော့ မနည်းပါဘူး” လို့ Raylan ရဲ့ ပိုင်ရှင်မှ ပြောကြားခဲ့ပါတယ်။

raylan_the_dog
raylan_the_dog

Pyi Hein Kyaw

SHARE