အရွယ်နဲ့မလိုက်အောင် ကျည်ဆန်ကိုပြန်ခုခံပြီး ဓားပြတွေကို ပညာပေးခဲ့တဲ့ခွေးလေး

YouTube-WKRG

လွန်ခဲ့တဲ့မတ်လ ၃ရက်နေ့ ညနေ ၃ နာရီလောက်က အမျိုးသားနှစ်ဦးဟာ ဂျော်ဂျီယာနိုင်ငံ၊ South Fulton မြို့ရှိ အိမ်တစ်အိမ်ကို ဓားပြတိုက်ဖို့ ကြိုးစားခဲ့ကြောင်း Unilad သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။ အဲဒီဓားပြမှုဖြစ်နေတဲ့အချိန် အဆိုပါအိမ်မှာ ကောင်မလေးတစ်ယောက်နဲ့ ခွေးမကလေး Starla သာရှိပါတယ်။

YouTube-WKRG

အဆိုပါအိမ်ကို လူစိမ်းနှစ်ဦးကပ်လာတာကိုတော့ စသတိထားမိတာ Starla ပဲ ဖြစ်ပါတယ်။ အိမ်ထဲကနေတောက်လျှောက်ဟောင်နေတော့မှ ကောင်မလေးက သတိထားမိပြီး သူ့အဒေါ်ကို ဖုန်းဆက်ကာ အကျိုးအကြောင်းပြောပြခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ အိမ်ရှေ့က အမျိုးသားနှစ်ယောက်က အိမ်တံခါးကို တဒုန်းဒုန်းထုနေပြီး တံခါးဖွင့်ပေးဖို့ ပြောနေခဲ့ပါတယ်။ အဲဒီနောက်မှာတော့ တစ်ယောက်ကတော့ အိမ်အနောက်ကိုသွားပြီး နောက်ဖေးတံခါးကို ဖွင့်ဖို့ကြိုးစားခဲ့ပါတယ်။ နှစ်ချက်လောက် နောက်ဖေးတံခါးကို စောင့်ကန်လိုက်တဲ့အချိန်မှာတော့ တံခါးက ပွင့်သွားခဲ့ပါတယ်။

READ
အိမ်မွေးခွေးလေးတွေရဲ့ ရေလွှာလျှောစီးပြိုင်ပွဲ
YouTube-WKRG

ဒီလိုနဲ့ အဆိုပါအမျိုးသားနှစ်ယောက်ဟာ အိမ်ထဲရောက်လာပြီး တန်ဖိုးရှိတဲ့ပစ္စည်းတွေကို ယူဖို့ကြိုးစားပါတယ်။ အဲဒီအချိန်မှာ ကောင်မလေးက တားဆီးတဲ့အချိန်မှာတော့ ကောင်မလေးကို သေနတ်နဲ့ ပစ်လိုက်ပါတယ်။ အဲဒီအချိန်မှာပဲ အချိန်ကိုက် Starla လေးက ကြားဝင်ခံလိုက်ပါတယ်။ အဲဒီနောက် Starla ဟာ အဲဒီသူနှစ်ယောက်ကို အတင်းဝင်ကိုက်ပြီး တောက်လျှောက်ဟောင်နေပါတော့တယ်။ နောက်ဆုံးမှာတော့ အေိုပါလူနှစ်ယောက်ဟာ ထွက်ပြေးသွားခဲ့ပြီး Starla လေးဟာ ရှေ့ခြေထောက်နဲ့ နောက်ခြေထောက်မှာ သေနတ်ဒဏ်ရာတွေ ရရှိခဲ့ကြောင်း သိရပါတယ်။

YouTube-WKRG
YouTube-WKRG

သေနတ်ဒဏ်ရာတွေဟာ ဦးခေါင်းတို့ ဝမ်းဗိုက်နဲ့ခန္ဓာကိုယ်ပိုင်တွေမဟုတ်တာကြောင့် Starla လေးဟာ အသက်အန္တရာယ်တော့မရှိခဲ့ပါဘူး။ ဒါပေမဲ့လည်း အရင်လို ပုံမှန်အတိုင်း လမ်းပြန်လျှောက်နိုင်မလျှောက်နိုင်ကတော့ စောင့်ကြည့်ရဦးမှာဖြစ်တယ်လို့ YouTube ဗီဒီယိုမှ သိခဲ့ရပါတယ်။

Pyi Hein Kyaw

SHARE