သခင်တွေရဲ့ မင်္ဂလာဆောင်မှာဝင်ပြီးနှောင့်ယှက်ခဲ့တဲ့ ခွေးကလေးဘာနီ

instagram/jillianknightphotography

မင်္ဂလာပွဲကျင်းပရာနေ့ဟာ မင်္ဂလာဇနီးမောင်နှံတွေအတွက်တော့ တန်ဖိုးရှိတဲ့နေ့လေးပါပဲ။ ဒီလိုနေ့မျိုးမှာ နေရာအပြင်အဆင်၊ အစားအသောက်နဲ့ ဓာတ်ပုံဗီဒီယိုရိုက်တာအဆုံး အားလုံးကို အပြစ်ပြောစရာမရှိအောင် မင်္ဂလာမောင်နှံတို့ဟာ ပြည့်စုံစေချင်ကြပါတယ်။ ရေဗက်ကာဆင်ပ်စန်နဲ့ ချာလီဟာ့တ်တို့ စုံတွဲလက်ထပ်တုန်းကလည်း ဒီအတိုင်းပါပဲ။

သူတို့ဟာ လှပတဲ့ Brown Mountain Beach အပန်းဖြေစခန်းကို မင်္ဂလာနေရာအဖြစ် ရွေးခဲ့ကြပြီး ဓာတ်ပုံအမျိုးမျိုးလည်း ရိုက်ကူးခဲ့ပါတယ်။ ဒီအချိန်ထိ အရာအားလုံးဟာ အဆင်ပြေနေခဲ့ပေမယ့်လည်း ရေကန်လေးရှိတဲ့ နေရာတစ်နေရာကို ဓာတ်ပုံရိုက်ဖို့လည်း ရောက်ရော အရင်က စီစဉ်ထားတဲ့ အကြံအစည်တွေကို ပြောင်းလဲခဲ့ရပါတော့တယ်။ အကြောင်းရင်းကတော့ ဘာနီကြောင့်ဖြစ်တာကို Boredpanda ကနေ တွေ့ရပါတယ်။

instagram/jillianknightphotography

ဘာနီက ရေကန်ဘေးနားမှာ သခင်နှစ်ယောက် ဓာတ်ပုံရိုက်ဖို့ ပို့စ်ပေးနေတဲ့ ဘေးနားကို ဖြတ်ပြီး ရေထဲကို ခုန်ဆင်းလိုက်တာကြောင့်ပါ။  သတို့သားနဲ့သတို့သမီးက ကြည်ကြည်နူးနူးဓာတ်ပုံအရိုက်ခံနေတာကို ၀င်နှောက်ခဲ့တဲ့ ဘာနီ့ကိုတော့ ဓာတ်ပုံဆရာက စိတ်ပျက်မသွားခဲ့ပါဘူး။ စိတ်ပျက်မသွားတဲ့အပြင် ဘာနီနဲ့ သခင်ဇနီးမောင်နှံတို့ရဲ့အချင်းချင်း တုံ့ပြန်တဲ့ပုံအစစ်အမှန်လေးတွေကို ကင်မရာနဲ့ မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။

READ
TikTok မှာ ခေတ်စားနေတဲ့ ပါပါရာဇီဆန်ဆန်ဗီဒီယိုတွေကို လှောင်ပြောင်ခဲ့သူလေးများ
instagram/jillianknightphotography
instagram/jillianknightphotography
instagram/jillianknightphotography
instagram/jillianknightphotography

ဒီနောက်မှာတော့ ဘာနီဟာ မင်္ဂလာပွဲဓာတ်ပုံတွေမှာ နေရာတိုင်းလိုလို လိုက်ပါနေတော့တာပါပဲ။ဘာနီအနေနဲ့ သခင်တွေရဲ့ မင်္ဂလာပွဲကို ဒီလောက်ကြီး အလေးအနက်ထားတဲ့ပုံ မတွေ့ရပါဘူး။ လူတွေများလို့ ရှက်ပြီးနေတာ ရွံ့နေတာတွေလည်း မရှိပဲ သူ့သဘာဝအတိုင်း ပျော်ပျော်ပါးပါး စိတ်ထင်သလို ဆော့ကစားနေခဲ့တာ ဖြစ်ပါတယ်။

တစ်ခါတစ်လေ ဧည့်သည်တွေကို လိုက်ကြည့်နေတတ်တဲ့အပြင် သတိရတဲ့အခါတိုင်း သခင်တွေ ဓာတ်ပုံရိုက်တာ အဆင်မှ ပြေရဲ့လားလို့ လာလာကြည့်တာလည်း အမောပါပဲ။ ခုတွေ့ရတဲ့ဓာတ်ပုံလေးတွေကတော့ ကြည်နူးစရာကောင်းတဲ့ မင်္ဂလာမောင်နှံအပြင် ချစ်စဖွယ်တွေ့ရတဲ့ ဘာနီပဲ ဖြစ်ပါတယ်။ ဘာနီကြောင့်လည်း ဓာတ်ပုံလေးတွေဟာ ပိုအသက်ဝင်လာခဲ့တာဖြစ်လို့ မင်္ဂလာပွဲမှာတော့ သူက တကယ့်ကိုပဲ စတားလေး ဖြစ်နေခဲ့ပါတယ်။

instagram/jillianknightphotography
instagram/jillianknightphotography
instagram/jillianknightphotography

လင်းလင်း (ShweMom)

SHARE