ကိုက်လည်းမကိုက်မိဘဲ မွေးထားတဲ့ခွေးကြောင့် ဒုက္ခိတဖြစ်သွားရှာတဲ့ အမျိုးသား

Shared

ခွေးတွေဟာလူတွေရဲ့ အကောင်းဆုံးသောမိတ်ဆွေဆိုတာကို တော်တော်များများလက်ခံကြမှာပါ။ အထီးကျန်နေတဲ့အချိန် ဖော်ပြုပေးသလို တချို့ဆို အန္တရာယ်တွင်းထဲကနေတောင် ကယ်တင်တဲ့အဖြစ်တွေတောင် ရှိတတ်ကြပါတယ်။ ဒါပေမဲ့ ခွေးတွေကို ဘယ်လောက်ပဲချစ်ချစ် တရိစ္တာန်နဲ့လူဆိုတာဟာ မျိုးမတူတဲ့အတွက် ကူးစက်ရောဂါတွေကို သတိထားရသင့်ပါတယ်။ ခွေးတွေချစ်ရင် လျှာနဲ့လိုက်ယက်တတ်ကြတာကို သတိထားမိတယ်မဟုတ်လား။ အခုအဖြစ်အပျက်ကတော့ အဲဒီ ခွေးတံတွေးကြောင့်ပဲ ရှားရှားပါးပါး ဒုက္ခိတဘဝရောက်ရတဲ့ အဖြစ်မျိုးကြုံခဲ့ရသူတစ်ယောက်အကြာင်းပါ။

Mirror

West Bend, Wisconsin ဒေသက အသက် (၄၈) နှစ်အရွယ် အမျိုးသားတစ်ယောက်ဟာ သူမွေးထားတဲ့ ခွေးရဲ့ လျှာနဲ့လျက်တာကို ကြိမ်ဖန်များစွာခံခဲ့ရပြီးနောက်မှာ အလွန်ထူးခြာတဲ့ဝေဒနာတစ်ခု ဖြစ်လာခဲ့ပါတယ်။ သူ့နာမည်ကတော့ Greg Manteufel ပါ။ ဖျားတာနာတာမရှိသလောက် ကျန်းမာတဲ့ Greg ဟာ တစ်နေ့တော့ တုပ်ကွေးဖြစ်တယ်ထင်ပြီး အရေးဖော်ခန်းထဲရောက်သွားခဲ့ပါတယ်။ သေချာစစ်ဆေးမှုပြုလုပ်ပြီးတဲ့အခါမှာတော့ တုပ်ကွေးမဟုတ်ဘဲ ခွေးသွားရည်ကနေတစ်ဆင့် ကူးစက်တတ်တဲ့ ကူးစက်ရောဂါတစ်မျိုးဖြစ်နေတာကို အံ့အားသင့်ဖွယ် တွေ့ရပါတယ်။ ဇနီးဖြစ်သူ Dawn Manteufel ရဲ့ ပြောကြားချက်အရ စဖြစ်ဖြစ်ချင်းပဲ Greg တစ်ကိုယ်လုံးမှာ ဘေ့စ်ဘောတုတ်နဲ့ ရိုက်ထားသလို အညိုအမည်းကွက်တွေ ဟိုတစ်ကွက်ဒီတစ်ကွက်ပေါ်လာတယ်လို့ သိရပါတယ်။

READ
လာမယ့်နှစ်မှာ ကင်ဆာရောဂါကို အရှင်းပျောက်ကင်းအောင် ကုသနိုင်တော့မယ်လို့ သိရ
Fox News
Mirror

သွေးစစ်ကြည့်လိုက်တဲ့အခါမှာတော့ Greg မှာ  Capnocytophaga လို့ခေါ်တဲ့ ခွေးတွေကြောင်တွေရဲ့ ကိုက်မိခြင်း သို့မဟုတ် ခြစ်မိ ကုတ်မိခြင်း တို့ကြောင့် ဖြစ်ပွားနိုင်တဲ့ ဖျားနာကူးစက်မှု ဖြစ်နေတယ်လို့ သိရပါတယ်။ ရောဂါလက္ခဏာတွေကတော့ အရည်ကြည်ဖုတွေထွက်တယ်၊ အနီပြင်တွေထွက်တယ်၊ ဖူးယောင်တာတွေ ဖြစ်နိုင်ပါတယ်။ ထို့အတူပဲ ကိုယ်အပူချိန်မြင့်တက်လာနိုင်ပြီး ဝမ်းသွားခြင်း၊ ဝမ်းဗိုက်အောင့်ခြင်း၊ အော့အန်ခြင်း နဲ့အတူ ကြွက်သား ဒါမှမဟုတ် အဆစ်အမြစ်နာခြင်းတွေ ဖြစ်လာနိုင်ပါတယ်။ ဒီရောဂါရဲ့ ဘက်တီးရီးယားတွေဟာ သုံးရက်ကနေ ငါးရက်အထိ ကိုယ်ထဲမှာ ရှိနေနိုင်ပြီး အကယ်၍ အချိန်မီကုသမှုမခံယူခဲ့ရင်တော့ အသက်အန္တရာယ်ပါ စိုးရိမ်ရပါတယ်လို့ Dr. Silvia Munoz-Price က ပြောထားပါတယ်။ ခွေးရှိတဲ့လူတွေရဲ့ ၉၉% နှုန်းကဒီလိုအဖြစ်မျိုး မကြုံရနိုင်ပါဘူး။

Mirror

Greg မှာကျတော့ အဲဒီလက္ခဏာတွေအပြင် လက်နဲ့ခြေထောက်တွေပါ လှုပ်ရှားလို့မရတော့ဘဲ သွေးဖိအားလည်းနည်းနေတဲ့အတွက်ကြောင့် လက်ရောခြေထောက်ပါ သွေးမလျှောက်တော့ဘဲ စပြီး မည်းလာပါတော့တယ်။ အသက်အန္တရာယ်နဲ့ပါ ရင်ဆိုင်ရနိုင်တဲ့အတွက်ကြောင့် ခြေထောက်နဲ့လက်တွေကို ဖြတ်ပစ်ဖို့ ဖြစ်လာခဲ့ပါတယ်။ Greg ကလည်း ကျွန်တော့ကိုယ်က ဖြတ်စရာရှိတာဖြတ်ထုတ်ပစ်ပါ၊ ဒါပေမဲ့အသက်တော့ ရှင်အောင်လုပ်ပေးပါလို့ တတွတ်တွတ်ပြောနေတဲ့အတွက် ဘယ်လိုမှ မတတ်နိုင်ဘဲနဲ့ လက်နှစ်ဘက်ရော ခြေထောက်ပါ ဖြတ်လိုက်ရတာပဲဖြစ်ပါတယ်။

READ
28 နှစ်တိုင်တိုင် သကြားရှောင်ခဲ့တဲ့ အသက် 70 အရွယ်အဖွားအိုရဲ့ မအိုသေးတဲ့အလှတရား
Mirror

ဆိုင်ကယ်စီးခြင်းကို အရမ်းခုံမင်တဲ့ Greg တစ်ယောက်တော့ ဘာမှမဟုတ်ဘူးလို့ထင်တဲ့ ခွေးတံတွေးကနေ ကံမကောင်းစွာနဲ့ပဲ အခုလိုအဖြစ်ဆိုးမျိုးနဲ့ ကြုံတွေ့ခဲ့ရတာပဲဖြစ်ပါတယ်။

Mirror

Source : Shared, Mirror, Fox News 

Penny

 

SHARE