မိမိအသက်ကို ပဓာနမထားပဲ ရင်သွေးတွေကို မီးလောင်မှုအတွင်းက ကယ်ဆယ်ခဲ့တဲ့ မိခင်ခွေးမကြီး

မိခင်ဆိုတဲ့ နာမ်စားလေးအောက်မှာ လူဖြစ်စေ၊ တိရစ္ဆာန်ဖြစ်စေ ကိုယ့်ရဲ့ ရင်သွေးငယ်လေးတွေ ဘေးအန္တရာယ်ကျရောက်မှာကို မလိုလားကြတာခြင်း အတူတူပဲ ဖြစ်မယ်ထင်ပါတယ်။ ကမ္ဘာမီးလောင်၊ သားတောင်ချနင်းဆိုတဲ့ စကားပုံဟာ တကယ်တော့ အပြည့်အ၀ မမှန်နိုင်ပါဘူး။ မိခင်တွေဟာ သားသမီးတွေကို ကိုယ့်အသက်ထက် ချစ်မြတ်နိုးကြတာကသာ မှန်နိုင်ဖွယ်ရာ ရှိပါတယ်။

Viral မှာ ဖော်ပြထားတဲ့ သတင်းမှာတော့ ချီလီနိုင်ငံ၊ Santa Rosa de Temuco မြို့မှာ ကားဗုံးပေါက်ကွဲမှုတစ်ခုကနေ အိမ်တစ်လုံးကို ကူးစက်ခဲ့တဲ့ မီးလောင်မှုတစ်ခုမှာ လူတွေကလည်း သူတို့ သားတွေ သမီးတွေ၊ ဆွေမျိုးသားချင်းတွေအတွက် ပူဆွေးနေကြချိန်မှာ ခွေးမကြီး  Amanda ကလည်း သူ့ရဲ့ အရွယ်မရောက်သေးတဲ့ ခွေးလေးတွေအတွက် စိုးရိမ်နေပါတယ်။

Amanda ဟာ ဂျာမန် Shepherd အမျိုးအနွယ်ဖြစ်ပြီး၊ မီးလောင်အိမ်ထဲမှာ အရွယ်မရောက်သေးတဲ့ ခွေးပေါက်ကလေး 5 ကောင် ရှိနေပါတယ်။ ဒီတော့ သူမဟာ မီလောင်အိမ်ထဲကို အတင်းဇွတ်တိုးဝင်ပြီး၊ ခွေးပေါက်ကလေးတွေကို တစ်ကောင်ချင်းဆီ ပါးစပ်ကနေ ကိုက်ချီကာ ဘေးလွှတ်ရာကို ရွှေ့ပြောင်းခဲ့ပါတယ်။

READ
သေနတ်ထောက် အဓမ္မကျင့်ခံရသည့် အမျိုးသမီးကို ဖျားယောင်းသည်ဟုဆိုကာ သေဒဏ်ပေး

ခွေးမကြီးဟာ မီးက သူမရဲ့ အသက်အန္တရာယ်ကို နှုတ်ယူနိုင်တာ သိပေမယ့် သူမ အသက်ရှင်နေသမျှ ကလေးတွေကို ကာကွယ်ပေးလိုစိတ်နဲ့ လုပ်စရာရှိတာကို လုပ်ခဲ့တာပါ။ နောက်ဆုံးတော့ ခွေးလေးတွေကို ဘက်စ်ကားတစ်စီးရဲ့ Toll Box ထဲအထိ ပို့ဆောင်ခဲ့ပါတယ်။

မီးသတ်သမားတွေက ခွေးလေးတွေကို ဒဏ်ရာရမရ စစ်ဆေးဖို့ ချဉ်းကပ်တဲ့အခါမှာတော့ Amanda က ရန်ပြုမယ်အထင်နဲ့ မာန်ဖီခဲ့ပါသေးတယ်။ ဒါကြောင့် မီးသတ်သမားတွေက ကားကို တိရစ္ဆာန်ဆေးကုခန်းကို တိုက်ရိုက်မောင်းနှင်ခဲ့ကြပါတယ်။ ဆေးခန်းမှာ ဆရာဝန်မလေး Felipe Lara က အကောင်းဆုံး ကြိုးစားခဲ့ပေမဲ့ ခွေးပေါက်ကလေးတစ်ကောင်ကတော့ မီးလောင်ဒဏ်ရာ ပြင်းထန်တဲ့အတွက် သေဆုံးခဲ့ပါတယ်။ ကျန်တဲ့ ခွေးလေး ၄ ကောင်ကတော့ ဒဏ်ရာမပြင်းထန်ပဲ သက်သာနေပြီလို့ သိရပါတယ်။

နတ်စည်တော် (Shwemom)

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

SHARE