အကြည့်တစ်ချက်ကြောင့် ဆိုရှယ်မီဒီယာတွေပေါ်မှာ နာမည်ကြီးနေတဲ့ ခွေးလေး

[email protected] winthegolden

ခွေးကလေးတွေဆိုတာ ကမ္ဘာပေါ်မှာ မွေးလို့ အကောင်းဆုံး အိမ်မွေးတိရစ္ဆာန်လေးတွေပါပဲ။ လူတွေအပေါ်မှာ သစ္စာအရှိဆုံးက ခွေးကလေးတွေ ဖြစ်သလို လူတွေရဲ့ အချစ်ဆုံး အိမ်မွေးတိရစ္ဆာန်လေးတွေကလည်း ခွေးကလေးတွေပါပဲ။ အခုလည်း ခွေးကလေးတစ်ကောင်ဟာ သခင်ဖြစ်သူ အစာစားနေတာကို မျက်နှာငယ်လေးနဲ့ ထိုင်ကြည့်နေရှာတဲ့ ဗီဒီယိုဖိုင်ဟာ ဆိုရှယ်မီဒီယာပေါ်မှာ လူကြိုက်များနေကြပြီး ကြည့်ရှု့သူတော်တော်များများကလည်း အဆိုပါခွေးကလေးကို အရမ်းသနားနေကြကြောင်း Timesnownews သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

View this post on Instagram

👀👀👀

A post shared by Winston (@winthegolden) on

ဗီဒီယိုထဲမှာ တွေ့ရတဲ့ ခွေးကလေးရဲ့ နာမည်ကတော့ Winston ပဲ ဖြစ်ပါတယ်။ Winston လေးရဲ့ သခင်ဟာ ဧည့်ခန်းတစ်ခုအထဲမှာ ထိုင်ပြီး တီဗ္ဗီကြည့်နေတုန်း မုန့်စားနေခဲ့ပါတယ်။ သခင်ဖြစ်သူ မုန့်စားနေတဲ့ အသံကိုကြားတာနဲ့ Winston လေးဟာ ချက်ချင်းဆိုသလို သခင်ဖြစ်သူအနားကို ရောက်လာခဲ့ပြီး သူ့ကိုမုန့်ကျွေးတော့မယ် အထင်နဲ့ ထိုင်မျှော်နေခဲ့ရှာပါတယ်။ သခင်ဖြစ်သူဟာ Winston တစ်ကောင် သူစားနေတဲ့ မုန့်ကို လှမ်းမျှော်နေတာ သိခဲ့ပေမယ့် စချင်တာနဲ့ မသိချင်ယောက်ဆောင်ပြီး မုန့်ကို ဆက်စားနေခဲ့ပါတယ်။ Winston လေးကတော့ သူ့ကို ကျွေးမယ်ထင်ပြီး မျက်နှာငယ်လေးနဲ့ ထိုင်စောင့်နေရှာခဲ့ပါတယ်။

View this post on Instagram

Just stopping by to say hi 🥰

A post shared by Winston (@winthegolden) on

ဒီဗီဒီယိုဟာ လက်ရှိအချိန်မှာတော့ ကြည့်ရှု့သူ 120k ရှိခဲ့ပြီး like ပေးသူ 401k အထိ ရှိခဲ့ပါတယ်။ အဆိုပါပို့စ်ရဲ့ အောက်မှာတော့ လူအများစုက “ဒီလောက်သနားစရာကောင်းတဲ့ခွေးကလေးကို မင်းမို့လို့ပစ်ထားရက်တယ်” “မင်းလုပ်ရပ်က မှားနေပြီ” “တစ်ကိုက်လေးကျွေးလိုက်တော့ဘာဖြစ်မှာမို့လို့လဲ” အစရှိသဖြင့် comment တွေ ဝိုင်းပေးခဲ့ကြပြီး Winston လေးရဲ့ ပိုင်ရှင်ကို အပြစ်တင်ခဲ့ကြကြောင်း သိရပါတယ်။

View this post on Instagram

Glamour shot 📸📸

A post shared by Winston (@winthegolden) on

Pyi Hein Kyaw

SHARE