သခင်ဖြစ်သူ အွန်လိုင်းမှာ သင်တန်းပို့ချနေတုန်း ခေါင်းအုံးနဲ့ ချစ်ရည်လူးခဲ့တဲ့ ခွေးလေး

Twitter- Jayne Hobson

ကပ်ရောဂါဘေးကြောင့် လူတွေဟာ အတတ်နိုင်ဆုံး အပြင်မထွက်၊ တစ်ဦးနဲ့တစ်ဦး ထိတွေ့ချင်းမရှိဘဲ နေနေလာခဲ့တာ လပေါင်းများစွာရှိနေပါပြီ။ အခြေအနေတွေ အနည်းငယ်ပြန်လည်တည်ငြိမ်လာပြီးနောက်မှာတော့ တချို့သော ကန့်သတ်ချက်တွေကို ဖြေလျော့တာမျိုး၊ သင်တန်းတွေကိုလည်း အွန်လိုင်းမှတစ်ဆင့် ပို့ချတာမျိုးတွေကို လူတွေက ပြောင်းလဲလုပ်ဆောင်လာကြပါတယ်။ ဒါကို “New Normal” လို့ခေါ်ကြသတဲ့။

Metro သတင်းဌာနရဲ့ဖော်ပြချက်အရ အိမ်မှာ အွန်လိုင်းကတစ်ဆင့် သင်တန်းပို့ချပြနေတဲ့ ဆရာမကို အိမ်ကခွေဒလေးက နှောက်ယှက်တဲ့အကြောင်းလေးပါ။

Twitter- Jayne Hobson

သခင်ရဲ့နာမည်ကတော့ Jayne ဖြစ်ပြီး အသက် ၄၆ နှစ်အရွယ်ရှိနေတဲ့ ယောဂနည်းပြတစ်ဦးပါ။ အိမ်မှာနေရင်း အွန်းလိုင်းကနေ တတ်နိုင်သလောက် ယောဂကျင့်တဲ့နည်းလမ်းတွေကို ပို့ချပေးနေခဲ့တာဖြစ်ပါတယ်။ အခုလည်း Jane တစ်ယောက် online class ကို ဗီဒီယိုကောနဲ့ပို့ချနေတုန်းမှာပဲ ခွေးလေး Bobby ဟာ ခေါင်းအုံးတစ်အုံးကို ဆွဲယူလာခဲ့ပါတယ်။

နောက် ချက်ချင်းဘဲ ကင်မရာရှေ့နောက်ကျောပေးကာ ခေါင်းအုံးနဲ့ချစ်ရည်လူးခဲ့ပါတော့တယ်။ တကယ့်ကောင်ပဲ။ အွန်လိုင်းမှာ ဗီဒီယိုကောနဲ့ယောဂသင်ပြနေတဲ့ ဆရာမ Jane ကတော့ ခဏလောက် ဘာလုပ်လို့လုပ်ရမှန်း မသိဘဲ စွန့်အသွားခဲ့တာပေါ့။ နောက်မှ သတိပြန်ဝင်ကာ မလုပ်နဲ့၊ မလုပ်ရဘူးဆိုပြီး ခွေးလေးကိုပြောကာ ရှက်ရှက်နဲ့ ရယ်ကျဲကျဲလုပ်ပြီး ဗီဒီယိုကောကိုလည်း လှမ်းပိတ်လိုက်ရပါတော့တယ်။

READ
ဓာတ်ပုံတွေထဲက ကွဲလွဲချက်တွေကို တွေ့နိုင်အောင် မျက်စိလျင်ပါ့မလား...
Twitter- Jayne Hobson
Twitter- Jayne Hobson

တကယ့်ကောင်ပဲ.. ဗီဒီယိုကိုလည်း ကြည့်ဦး။

Penny

SHARE