ဖွားဖွားရဲ့ သွားဖုံးတုကြီးပျောက်နေပါတယ်ဆိုလို့ လိုက်ရှာကြည့်လိုက်တဲ့အခါ…

facebook/Anna Carolina Lima

အိမ်မွေးတိရစ္ဆာန်တွေဖြစ်တဲ့ ခွေးလေးတွေဟာ လူတွေကို မရိုးနိုင်တဲ့ ပျော်ရွှင်ကြည်နူးမှူတွေ ပေးနိုင်ပါတယ်။ အပြစ်ကင်းတဲ့ မျက်နှာလေးတွေနဲ့ အိမ်ထဲမှာ ဟိုပြေးသည်ပြေးလျှောက်ပြေးနေတတ်တဲ့ သူတို့၊ အရာရာကို စူးစမ်းလိုစိတ်အပြည့်နဲ့ သခင့်မျက်နှာရိပ်မျက်နှာကဲကို သိတတ်လွန်းတဲ့ သူတို့ကို ကြင်နာစိတ်ရှိတဲ့ မည်သူမဆို မချစ်ပဲနေနိုင်လိမ့်မှာ မဟုတ်ပါဘူး။ အခုဖော်ပြပေးမှာကတော့ boredpanda ကနေတွေ့မြင်ရတဲ့ ခွေးလေးတစ်ကောင်ရဲ့ ထူးထူးခြားခြား ရယ်စရာကောင်းတဲ့ ဖြစ်ရပ်လေးတစ်ခုပါ။

Anna Carolina Lima

ခွေးလေးက ခွေးထီးလေးပါ။ နာမည်က လျူနာဖြစ်ပါတယ်။ လျူနာကို လွန်ခဲ့တဲ့လအနည်းငယ်လောက်က အန်နာဆိုသူ အမျိုးသမီးတစ်ဦးက က မွေးစားခဲ့တာပါ။ အန်နာဟာ ခွေးလေးလျူနာကို လမ်းဘေးတစ်နေရာမှာ တွေ့ရှိခဲ့တာဖြစ်ပြီး သူမနေထိုင်ရာအိမ်ကို ခေါ်လာခဲ့တာ ဖြစ်ပါတယ်။တစ်နေ့မှာတော့ အန်နာဟာ ခွေးလေးကို အဖွားအိမ်ဆီ ခေါ်သွားရာကနေ မထင်မှတ်တဲ့အဖြစ်နဲ့ တွေ့ကြုံခဲ့ရပါတယ်။

Anna Carolina Lima

နေ့လည်ထမင်းစားချိန်မှာတော့ ခွေးလေးဟာ အဖွားနဲ့ရင်းနှီးနေပြီဖြစ်တာကြောင့် အန်နာဟာ စိတ်ချလက်ချနဲ့ အဖွားအိမ်မှာ လျူနာကို ထားခဲ့ကာ အပြင်ခဏထွက်သွားခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ အဖွားကလည်း နေ့လည်နေ့ခင်းရောက်ပြီဖြစ်လို့ အိပ်ချင်တာနဲ့ ခါတိုင်းလိုပဲ တမှေးအိပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ မအိပ်ခင်မှာတော့ အဖွားက သူ့ရဲ့ သွားဖုံးတုကိုဖြုတ်ပြီး ပျောက်မှာစိုးလို့ လုပ်နေကြအတိုင်း ခေါင်းအုံးအောက်မှာ ထားအိပ်ပါတယ်။

Anna Carolina Lima

ဒါကို ပါးနပ်လှတဲ့ ခွေးလေးလျူနာက လျှပ်တပြက်မြင်လိုက်ပါတယ်။ ပြီးတော့ ချက်ခြင်းပဲ ခေါင်းအုံးအောက်က သွားဖုံးတုကြီးကို သူက ဆွဲထုတ်လိုက်ပါတယ်။ အဖွားနိုးလာတဲ့အခါမှာတော့ ခေါင်းအုံးအောက်က သွားဖုံးတုကြီးကို လိုက်စမ်းတဲ့အခါ သွားဖုံးကြီးဟာ ပျောက်နေပါပြီ။ အိမ်သားတွေအားလုံးဝိုင်းရှာရတဲ့အထိကို သွားဖုံးတုကြီးဟာ အစနတောင် ရှာမရတော့ပဲ ပျောက်နေခဲ့တာ ဖြစ်ပါတယ်။

Anna Carolina Lima
Anna Carolina Lima

ဒီလိုနဲ့ နာရီအနည်းငယ်ကြာလို့ အန်နာပြန်လာတဲ့အခါမှာတော့ အန်နာဟာ ချက်ခြင်းပဲ လျူနာကို လိုက်ရှာပါတယ်။ သူမထင်တဲ့အတိုင်းပဲ အဖွားရဲ့သွားဖုံးတုကြီးကို ခိုးထားတဲ့ တရားခံကို အခုတော့ ဖမ်းမိခဲ့ပါပြီ။ တရားခံကတော့ အဖွားရဲ့ သွားတုကြီးတပ်ပြီး သခင်ကို အပြုံးနဲ့ဆီးကြိုနေတဲ့ လျူနာပဲဖြစ်ပါတော့တယ်။ ဒါပေမယ့် လျူနာကတော့ သူ့ကိုယ်တိုင် သူများပစ္စည်းယူထားတယ်ဆိုတာကို ၀န်ခံချင်ပုံမရပဲ အဖွားရဲ့သွားဖုံးတုကြီးကို အတင်းကိုက်ထားခဲ့ပါသေးတယ်။ နောက်ဆုံးမှာတော့ လျူနာခမျာအဖွားဆီက တိတ်တိတ်လေးယူထားတဲ့ သူအရမ်းနှစ်သက်လှတဲ့ သွားဖုံးတုကြီးကိုသခင့်ဆီ ပြန်ပေးလိုက်ရပါတော့တယ်။

Anna Carolina Lima

လင်းလင်း (ShweMom)

SHARE