ဝှက်ထားတဲ့ဖိနပ် ဘယ်မှာလဲမေးတော့ ချစ်စရာကောင်းစွာ တုံ့ပြန်ခဲ့တဲ့ခွေးလေး

ပစ္စည်းတစ်ခုခုပျောက်သွားပြီး ရှာမတွေ့တဲ့အခါ ပျောက်သွားတဲ့အရာက ဘယ်မှာလဲဆိုတာ အိမ်က တခြားတစ်ယောက်က သိနေတတ်ပါတယ်။ အိမ်ထဲက ပစ္စည်းက အခိုးခံရတာလည်းမဟုတ်၊ ခြေထောက်ပေါက်ပြီး ထွက်သွားတာလည်း မဟုတ်တဲ့အခါ အိမ်မှာနေတဲ့ တစ်ယောက်ယောက်က ဝှက်လိုက်တာ သေချာနေပါပြီ။

အမျိုးသမီးတစ်ဦးဟာ သူမရဲ့ အားကစားဖိနပ်ကို ထားနေကျနေရာမှာပဲ အမြဲထားခဲ့ပေမယ့် ဖိနပ်တစ်ဖက် ပျောက်သွားခဲ့ပါတယ်။ အိမ်ထဲမှာ ရှိတာကလည်း သူမနဲ့ သူမရဲ့ဟက်စကီးခွေးလေး Azlan ပဲဖြစ်ပါတယ်။ ခွေးတွေက ဖိနပ်ကိုဖျက်ဆီးပစ်တာမျိုး လုပ်တတ်ပေမယ့် အခုလိုဖွက်ထားတာကတော့ ထူးဆန်းပါတယ်။ Azlan ကလည်း သူ့မှာ အပြစ်ရှိတဲ့ ရုပ်ပေါက်နေခဲ့ပေမယ့် ချက်ချင်းဝန်မခံခဲ့ပါဘူး။

သူ့သခင်က “Azlan မင်း ငါ့ဖိနပ်ကို ယူသွားတာသိတယ်။ ပြန်ပေးစမ်း” လို့ ပြောလိုက်တဲ့အခါ ဘာမှပြန်မပြောဘဲ သူ့ဘေးက ကျန်တဲ့တစ်ဖက်ကို ကြည့်ပြီး ‘ဒီမှာလေ’ ဆိုတဲ့ ပုံလုပ်ပြနေခဲ့ပါသေးတယ်။ နောက်ဆုံးမှာတော့ သူ့အပြစ်သူ ဝန်ခံလိုက်ပြီး ပိုအဆူမခံရခင်မှာ ဖိနပ်ကို ပြန်ပေးခဲ့ပါတယ်။ Azlan ဟာ တစ်ချက်တောင် မဟောင်ဘဲ အခန်းထဲက ထွက်သွားပြီး ဖိနပ်ကို ချီလာပေးခဲ့တာပါ။

READ
နေရာမရွေး အိပ်ငိုက်တတ်သူများ ကံမကောင်းရင် ဒီလို ဆေးထိုးခံရနိုင်တယ်နော်.....

သူဟာ ဖိနပ်ကို ကိုက်ထားတာမျိုး၊ သေးပေါက်ထားတာမျိုးတွေတော့ မလုပ်ထားဘဲ အကောင်းအတိုင်း ပြန်ရခဲ့ပါတယ်။ ဒါပေမယ့် သူ့အပြစ်သူ သိပ်သိပုံမပေါ်တာကြောင့် ဒီလိုမျိုးတွေတော့ ထပ်ဖြစ်နေဦးမှာပါပဲ။ Azlan ဟာ ပြန်ငြင်းဖို့ လောက်ပဲ သိတာကြောင့် စည်းကမ်းချလို့ရမယ့်ပုံလည်း မပေါ်တဲ့အတွက် သူ့ကို သူအကြိုက်ဆုံးအရုပ်တွေနဲ့ ပေးမဆော့ဘဲ ပြစ်ဒဏ်ပေးမှ ရတော့မယ်ထင်တယ်လို့ ပိုင်ရှင်က ဆိုပါတယ်။

အောက်မှာ သူ့ကို ဖိနပ်ပြန်တောင်းတဲ့အခါ သူ့တုံ့ပြန်ပုံလေးကို သူ့မေမေရိုက်ထားခဲ့တဲ့ ဗီဒီယိုလေး ကြည့်လို့ရတယ်နော်။

White (Shwemom)

Ref: Animal Channel

SHARE